ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, August 4, 2018

ဝမ်းအော်ဇီးရိုးသမား အမှားအသွယ်သွယ်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

.
. ရန်ကုန်ခရီးစဉ်မှာ သူငယ်ချင်းတွေနဲ့တွေ့တော့ ကျွန်တော်နားမလည်တဲ့ ရန်ကုန်စကားတစ်ခွန်း
ကြားခဲ့ရတယ်။ မင်းလည်း "1 or 0 သမား" ပဲတဲ့ . . ပထမတော့ ကျွန်တော်နားမလည်ခဲ့ဘူး . . ဘာကိုပြောမှန်းလည်း မရိပ်မိခဲ့ဘူး။ တကယ်တမ်း ကွန်ပျူတာစံနစ်ရဲ့ အလုပ်လုပ်ပုံ Bit တွေကို ရေတွက်တဲ့ (တနည်းအားဖြင့်) ကွန်ပျူတာကနားလည်တဲ့ "တစ်" မဟုတ်ရင် "သုံည" ဆိုတာကိုပြောတဲ့ Boolean Data Type ဆိုတာ ပြန်သိလာတယ်။ သူတို့ဘာကြောင့် ဒါကိုပြောရတာလဲ .?
.
. လူတစ်ယောက်ဟာ ကိစ္စတစ်ခုကို သူ/သူမ သိတဲ့အတိုင်းဖြစ်လာမှလက်ခံပြီး သူ/သူမ မသိတာဆိုရင် လုံးဝလက်မခံတာကိုပြောတာဖြစ်တယ်။ အရပ်စကားနဲ့ပြောရင် အကြောမာတယ်၊ ဒီကောင်က Dead End ကြီး၊ ဒီလူက One Way သမားကြီး၊ ဒီလူကြီးက တစ်ယူသန်ကြီး . . ဗူးဆို ဖရုံမသီး တဲ့ လူ့အတ္တပေါကြီး . . စသဖြင့် ခပ်ကြမ်းကြမ်းစကားလုံးတွေနဲ့ အဓိပ္ပာယ်ဒီဂရီ သွားညီလိမ့်မယ် ထင်ပါတယ်။
.
.
. "အမှားမသိရင် အမှန်မမြင်၊ မဆင်ခြင်တော့ ထပ်မှား၊ ဝမ်းအော်ဇီးရိုးသမား" လို့ပြောရအောင် ကွန်ပျူတာကနားလည်သလို (1) နဲ့ (0) တို့ထက် လူက တွေးတောဆင်ခြင်နိုင်တဲ့ အသိဥာဏ်ရှိနေပြီးသားပါ။ ဒါကို စက်တစ်ခုလို၊ ကွန်ပျူတာတစ်လုံးလို သွင်းထားတဲ့အဖြေမှန်/မမှန် (Yes or No) ဖော်မြူလာ ဒါမှမဟုတ် (True/T) or (False/F) ဖြည့်ရမယ့်ဇယားကွက်ထက် လူ့ဦးနှောက်က အသွေးဆန်ဆန် အသားဆန်ဆန်အသက်ဝင်တာ အသေအချာပါပဲ။ ဒါဆိုရင် (1) လည်း မဟုတ် (0) မဟုတ်တဲ့ ဘယ်အရာတွေကို လူတွေကလက်ခံသင့်ပါသလဲ? ဆက်စဉ်းစားကြည့်ရအောင် . .။

Wednesday, August 1, 2018

F A I L

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

တကယ်လို့ မင်းအရေးနိမ့်ခဲ့တယ်ဆိုရင်
လုံးဝအရှူံးမပေးလိုက်ပါနဲ့
ဘာဖြစ်လို့လဲဆိုတော့
အရေးနိမ့်ခြင်းဆိုတာက
"သင်ယူခြင်းရဲ့ပထမဦးဆုံးအဆင့်" လို့
အဓိပ္ပာယ်သက်ရောက်လို့ပါ။


If you fail, never give up
because F.A.I.L means
"First Attempt In Learning"


ပြီးပါပြီ ဆိုတာ လမ်းအဆုံးမဟုတ်ပါဘူး
တကယ်တော့ ပြီးပါပြီ ဆိုတာ
"အားထုတ်မှုတွေဘယ်တော့မှ
မသေတဲ့နေရာ" ကို ပြောတာပါ။

End is not the end.
In fact E.N.D means
"Effort Never Dies"


တကယ်လို့များ မင်းကြားခဲ့တဲ့အဖြေဟာ
မရဘူးဆိုရင်တောင်မှ သတိရလိုက်ပါ။
မရဘူး ဆိုတာ
"နောက်ထပ်အခွင့်အလမ်း" တစ်ခု
ဆိုတာပါပဲ။

If you get NO as an answer,
remember N.O means
"Next Opportunity"


အကောင်းဘက်မြင်တွေးတဲ့ဘက်တော်သား !!!!
Positive Thinking !!!!

Picture credit goes to Entrepreneur Mindset Page