![]() |
ဘာသာပြန်သူ - ကိုညီညီ ( တောင်ကြီး ) |
.
101
East , Al Jazeera English မှရိုက်ကူးသော Myanmar’s Jade Curse မှတ်တမ်းတင်ဗွီဒီယိုကို
မူရင်းရိုက်ကူးသူ၏ အင်္ဂလိပ်ဘာသာပြောကြားမှုမှ ဇာတ်ညွှန်းဇာတ်ကွက်အတိုင်း တိုက်ရိုက်ပြန်ဆိုပါသည်။
.
101
East အစီအစဉ်ကနေကြိုဆိုပါတယ်။ ကျွန်တော့နာမည်က စတိဗ်ချောင် ပါ။
.
ရာစုနှစ်ပေါင်းများစွာအထိ
တရုတ်နိုင်ငံမှာ ကျောက်စိမ်းဟာ ရွှေထက်တန်ဖိုးရှိပါတယ်။ အဖိုးတန်တဲ့ကျောက်ရိုင်းကနေ
ကျောက်စိမ်းအဖြစ်ထုတ်ယူရာမှာ ခေတ်သစ်တရုတ်သူဋ္ဌေးတွေကို ဒေါ်လာဘီလျံနဲ့ချီတဲ့ ချမ်းသာကြွယ်ဝမှုဆီကို
ပို့ဆောင်ပေးခဲ့တယ်။ ဒါပေမယ့် အကောင်းဆုံးကျောက်စိမ်းဆိုတာက နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံကလာတာ
ဖြစ်ပါတယ်။
.
ဒါပေမယ့်
ကျောက်တူးအလုပ်သမားများကတော့ မူးယစ်ဆေးဝါးထောင်ချောက်တင်ထားတဲ့ကျောက်တွင်းတွေမှာ သူတို့ရဲ့အသက်ကိုစွန့်ပြီး
လုပ်ဆောင်ကြရပါတယ်။ ရိုက်ကူးသူ ချန်းထိုက်ချိုးကို ကျောက်ကုန်သည်များက ကျောက်စိမ်းကိုဖုံးထားတဲ့ကျောက်တောင်များဆီကို
ခေါ်ဆောင်သွားပါတယ်။ ( ရိုက်ကွင်း ။
။ ရေမဆေးကျောက်ကောက်သူများ မြေစာပုံအောက်ခြေတွင် ကျောက်ရှာနေပုံများပြထား )