ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Showing posts with label မြန်မာစာ မြန်မာစကား. Show all posts
Showing posts with label မြန်မာစာ မြန်မာစကား. Show all posts

Thursday, August 29, 2019

စာမဖတ်နိုင်ရင် ဂျာနယ်ရေးပါ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
              လူတွေက စာဖတ်ပါ စာဖတ်ပါ လို့ တွေ့တဲ့လူတိုင်းကိုတိုက်တွန်းတတ်ကြတယ်။ လူတစ်ဦးတစ်ယောက်အခက်အခဲဖြစ်ပြီး အများလက်ခံနေကျရလဒ်မျိုးမရတဲ့အခါတိုင်းလည်း “ဖြစ်မှာပေါ့ ပညာမှမတတ်တာ” ၊ “အသိဥာဏ်ကဒီလောက်ပဲရှိတာကိုး စာမှမဖတ်တာ” ဆိုပြီး ကဲ့ရဲ့တတ်ကြတယ်။ လူဆိုတာက အခက်သား။ မလုပ်စေချင်တာကိုမှလုပ်ချင်တယ်။ လုပ်ခိုင်းတာဆိုရင် မလုပ်ချင်ဘူး။

              ကျွန်တော်ဟာ အချိန်အများစုမှာ ကိုယ်တိုင်စာအုပ်ကိုင်ဖတ်ဖို့မအားလပ်တာကြောင့် ကြံရည်ဖန်ရည်ထုတ်ပြီး အသံနဲ့နားထောင်တာတို့၊ အသံစာအုပ်နားထောင်တာတို့၊ အားတက်စေမယ့်ခွန်အားပြည့်ဟောပြောမှုတွေနားထောင်တာတို့တစ်နည်းနည်းနဲ့ တစ်မျိုးအသွင်ပြောင်းပြီးလုပ်နေရတာ အားလပ်ချိန်နည်းပါးတဲ့အခက်အခဲကိုကောင်းကောင်းသိသူတစ်ယောက်ပါ။

              လူတစ်ယောက်မှာ သူ့အသိဥာဏ်ဖွံ့ဖြိုးတယ် မဖွံ့ဖြိုးဘူးဆိုတာပေါ်မူတည်ပြီး သူဆုံးဖြတ်ရတဲ့အရာတွေရဲ့အဖြေတွေကကွာခြားတတ်ပါတယ်။ အမြဲလိုလို လူမှုကွန်ယက်မှာတင်နေကျအတိုင်း လူ့ဘဝက အပြင်မှာတစ်ထပ်တည်းမကျနိုင်ပါဘူး။ အခက်အခဲဆိုရင် ဖုံးထား ဖိထားတယ်။ ပျော်စရာ နဲ့ အောင်မြင်မှုတွေကို လူရှေ့ထုတ်ပြတတ်ကြတာ လူတိုင်းသုံးတဲ့လူမှုကွန်ယက်မှာ ပလူပျံလို့ပါ။ ဒါတွေနဲ့ စာဖတ်တာ ဘယ်လိုဆက်စပ်နေပါသလဲ? ဆက်လက်သုံးသပ်ကြည့်ရအောင်။

              “သုတစာပေဟာ ဦးနှောက်ကိုဖွံ့ဖြိုးစေတယ်။ ရသစာပေဟာ နှလုံးသားကိုနူးညံ့စေတယ်” လို့ စာရေးဆရာအများစုက ရေးကြ ပြောကြ ဟောကြားကြတယ်။ ဒီလိုစကားမျိုးကိုကြားရပေါင်းများလို့ Facebookers တွေ ရိုးနေကြပြီ အီနေ ထုံနေကြပြီ။ အချိန်မအားလို့ မြန်မာလိုမဖတ်ဘူး။ မတတ်လို့ အင်္ဂလိပ်လိုမဖတ်ဘူး။ အချိန်မရလို့ Facebook သုံးတာကလွဲပြီး ဘာမှကိုမလုပ်တော့ပါဘူးဆိုသူတွေ မိတ်ဆွေသူငယ်ချင်းတွေကြားထဲမှာ အများကြီးတွေ့ရတယ်။

Wednesday, March 12, 2014

ကမ္ဘာခြားတစ်နေရာရှိ မြန်မာများသုံးသည့် အင်တာနက်



ခပ်စောစော အမေရိကားကိုရောက်နေကြတဲ့မြန်မာတွေအသုံးများတဲ့အီးမေးလ်အမျိုးအစားက ရာဟူး-Yahoomail ဖြစ်ပါတယ် ၊ အဲဒီခေတ်ပိုင်းကအောင်မြင်ခဲ့တဲ့ Yahoo ရဲ့ ရှာဖွေရေးမူလစာမျက်နှာမှာ လက်ရှိဖြစ်ပေါ်နေတဲ့သတင်းတွေကိုပါဖတ်လို့ရလို့ အထူးရေပန်းစားခဲ့တယ် ၊ ရန်ကုန်မှာအင်တာနက်ကဖေးတစ်ခေတ်ဖြစ်ပေါ်လာတဲ့အချိန်နဲ့တိုက်ဆိုင်ပြီး မြန်မာစာရိုက်လက်ကွက်သုံးလို့ရတဲ့ GTalk ပေါ်လာတဲ့နောက် Google နဲ့ Gmail သုံးစွဲတဲ့အလေ့အထကို နောက်ပိုင်းပြောင်းရွှေ့မြန်မာတွေသယ်ဆောင်သွားကြတဲ့အခါ ချက်တင်ဝင်ပြီးဆက်သွယ်လို့ရသလို အင်တာနက်ဖုန်းခေါ်ဖို့ ပီဖင်းဂိုးလ်-Pfingo က အဓိကပါ ၊ တစ်ယောက်ဆီမှာနေ့ဖြစ်တဲ့အချိန် နောက်တစ်ယောက်ဆီမှာညဖြစ်နေတော့ အွန်လိုင်းတက်တဲ့အချိန်မတူကြပါဘူး ၊ ဒီလိုအခက်အခဲကိုတော့ GTalk မှာ စာတိုပစ်ပြီးဖြေရှင်းခဲ့ကြတာပါ ၊ ကိုယ်စာပို့ချင်တဲ့သူကအင်တာနက်မဲ့ချိန်-Off Line ဖြစ်နေရင် သူအွန်လိုင်းတက်လာရင် ပို့ထားတဲ့စာဟာအလိုအလျောက် Pop Up ဖြစ်လာတာမို့လို့ ကမ္ဘာကြီးဟာ တစ်ကယ်ဘဲ ပြားသွားခဲ့ပါပြီ ။


ရုံး နဲ့ လုပ်ငန်းအတွက် Desktop ကွန်ပျူတာသုံးကြပြီး Laptop က ရွှေ့ပြောင်းသယ်ယူရလွယ်ကူတော့ သုံးစွဲသူပေါများပါတယ် ၊ အမေရိကားရောက်တာကြာသူများက Internet Explorer သုံးပါတယ် ၊ မြန်မာဇော်ဂျီဖောင့်ထည့်သုံးရတာလွယ်ကူတဲ့ မြေခွေးဘရောက်ဇာ Mozzila Firefox မှာ အများအားဖြင့်မြန်မာစာလုံးတွေလွဲနေတာမရှိပါဘူး ၊ အခုပွင့်လင်းဒီမိုကရေစီခေတ်မှသာ Google Chrome မှာ Myanmar 3 ဖောင့် ကိုအထောက်အပံ့ပေးတာကြောင့် လက်ကွက်အုပ်စု ( ၂ ) စု ကွဲပြားလာပါတယ် ၊ မြန်မာတွေရဲ့အားနည်းချက်က ကိုယ့်ကွန်ပျူတာပေါ်မှာမြန်မာစာမပေါ်လဲ ပေါ်အောင်မလုပ်ချင်ကြဘူး ၊ ဘယ်လိုဖောင့်သွင်းရမှန်းလည်းမသိဘူး ၊ မြန်မာစာဖတ်တာလည်းသိပ်မတွေ့ရတော့ဘူး ၊ ဒါပေမယ့် ဗုဒ္ဓဘာသာပွဲလမ်းတွေမှာ နိဗ္ဗာန်ဈေးရောင်းပွဲကျင်းပလေ့ရှိကြပြီး ရောင်းရငွေကို နီးစပ်ရာဘုန်းကြီးကျောင်းကို လှူဒါန်းကြပါတယ် ၊ အဲဒီကျမှ သူငယ်ချင်းအပေါင်းအသင်းတွေ ပြောကြဆိုကြ စားသောက်ကြနဲ့ မသိတာတွေကိုမေးကြတဲ့အထိ အလုပ်စွဲလမ်းသူများ- Workaholic  ဒါမှမဟုတ် အလုပ်မြင်းရိုင်းများ-Workhorse ဖြစ်နေကြပါတယ် ၊ တစ်နေ့အလုပ်ချိန် ( ၈ ) နာရီ ၊ လမ်ပေါ်မှာကုန်ရတဲ့အချိန်နဲ့ ပြင်ရဆင်ရတဲ့အချိန်ထည့်ပေါင်းပြီး အိပ်ချိန်ကိုထပ်နှုတ်လိုက်ရင် ကိုယ်ပိုင်အားလပ်ချိန်ဟာ တစ်ရက်ကို ( ၃ ) နာရီထက်မပိုပါဘူး ၊ ဒါကြောင့် ကိုယ့်ဝါသနာ နဲ့ ဖျော်ဖြေရေးတို့ကို အိမ်မှာတင် အင်တာနက်သုံးပြီးမဖြုန်းနိုင်တော့ဘဲ လက်ကိုင်ဖုန်း နဲ့ တက်ဘလက် ကိုင်ဆောင်ကာ လမ်းတွေ ကားတွေပေါ်ကိုရောက်လာပါတော့တယ် ။

Sunday, February 23, 2014

ဒီမိုကရေစီနိုင်ငံအရေး ၊ စာပေဟောပြောပွဲ နှင့် စာရေးဆရာဘဝ


             ယခုကဲ့သို့ စာပေဟောပြောပွဲအကြောင်းကိုရေးသားခွင့်ရသည့်အတွက် ခွင့်ပြုသူများ ၊ ဂျာနယ်စီစဉ်ဆောင်ရွက်သူများ နှင့် စာဖတ်ပရိသတ်အပေါင်းကိုကျေးဇူးတင်ကြောင်း စာပေဟောပြောပွဲများအစတွင်ကြားနေကျအတိုင်း ဦးစွာပြောကြားလိုပါသည် ၊ စာပေဟောပြောပွဲများကို အရောင်အသွေးအမျိုးမျိုးဆိုးချယ်၍ပိတ်ပင်လာသည့်ကြားမှ စာပေနယ်ပယ်တွင် တစ်ဖဝါးစာခြေချခွင့်ရသည့်ဘဝကို တစ်နည်းတစ်ဖုံ ကျိတ်ကျိတ်လေးဂုဏ်ယူမိပါသည် ၊ မြို့ပြနှင့် နယ်ဒေသများပါမကျန် စာပေခရီးကြွရောက်လှည့်လည်ဟောပြောပေးကြသော စာရေးဆရာ / ဆရာမများ၏ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားသည့် ဝံသာနုစိတ်ဓါတ်ကို ပိုမိုအထူးပြု၍ဖော်ပြလိုပါသည် ။

စာရေးဆရာများစွာမှ ငှားယူသုံးရသော “ လက်ခုတ်သိပ်တီးမနေနဲ့ဦး ၊ ငါပြောလိုက်တာက တရားမမှု ၊ မင်းတို့လုပ်မှ ရာဇဝတ်မှု ဖြစ်နေဦးမယ် ” ဟူသော စကားပိုင်ရှင် ( သို့မဟုတ် ) လူငယ်များကိုကြည်ညိုသည်ဟုမကြာခဏပြောကြားတတ်သော တစ်သက်တာစာပေဆုရ ဆရာကြီး အောင်သင်း သည် အသက်အရွယ်အာဖြင့် ( ၈၅ ) နှစ်ရှိပြီဖြစ်ငြားသော်လည်း အရေး / အဟော / အပြော စာပေတာဝန်များကို တက်တက်ကြွကြွပါဝင်ပညာပေးနေဆဲဖြစ်သည် ၊ ခေတ် နှင့် စံနစ် ကို စိတ်ညစ်နေရန်မဟုတ်ဘဲ သင်ခန်းစာယူရှေ့ဆက်လှမ်းတက်ရန် လူငယ် နှင့် ကျောင်းသားများကို လက်တွဲခေါ်တတ်သော ဆရာ့ကိုလည်း စာဖတ် / စာပေဟောပြောပွဲနားထောင်ပရိသတ်များက မကြည်ညိုဘဲမနေနိုင်ပါချေ ၊ “ လူလိမ္မာသည် သူတပါးမှားသည်ကိုကြည့်၍ပြင်တတ်သူဖြစ်ပြီး လူမိုက်သည် မိမိကိုယ်တိုင်မှားမှပြင်တတ်သူဖြစ်သည် ၊ ထိုထက်ပို၍မိုက်သောသူကား ကိုယ်ကိုယ်တိုင်မှားသည်ကို ပြင်ရကောင်းမှန်းမသိသူဖြစ်၏ “ ဆိုသည့် ဆရာ၏နှစ်ပေါင်းများစွာမှဟောပြောမှုသည် စာဖတ်သူတို့မမေ့နိုင် ပညာယူရသော အဆုံးအမစကားလုံးများစွာထဲမှ တစ်ခုမျှသာဖြစ်ပါသည် ။

Sunday, January 12, 2014

မြန်မာလိုဖတ်မှာလား ? အင်္ဂလိပ်လိုဖတ်မှာလား ?



           
                စာဖတ်ပါ ၊ စာပေသည်အသိပညာပေးသည် ၊ ပညာတတ်လူငယ်များသာ တိုင်းပြည်ကိုဦးဆောင်နိုင်ဖြစ်မည် ၊ ခေတ်အဆက်ဆက်မြန်မာများအရေးနိမ့်ခြင်းသည် ပညာမတတ်ခြင်းကြောင့်ဖြစ်သည် ၊ လူတစ်စုစစ်အာဏာရှင် ( ၂ ) ဆက် ၄၈နှစ်ကြာမြန်မာနိုင်ငံကိုမည်သို့မည်ပုံအုပ်ချုပ်သွားကြသည် စသောပြောကြားမှုများကို စာအုပ်စာပေများနှင့် စာပေဟောပြောပွဲများတွင် ဖတ်ရ ကြားလာရသည် ။



            နေ့တဓူဝ ဝမ်းစာကို လောက်ရုံငရုံအလျဉ်မီရှာဖွေနေရသောတန်ဖိုးနည်းပြည်သူများကို “ စာဖတ်ပါ “ ဟုတိုက်တွန်းခြင်းသည် အပြောသာလွယ်ပြီး လုပ်ရန်ခက်နေပါသည် ၊ ထို့ကြောင့်ပင် သံဃာတော်များကိုယ်တိုင်ဦးစီးကျင်းပသော စာပေဟောပြောပွဲများခပ်စိတ်စိတ်ပေါ်ပေါက်လာသည် ၊ လူမှုအဖွဲ့အစည်းများက နာမည်ကြီးစာရေးဆရာ / ဆရာမများကိုဖိတ်ကြား၍ အသင်းသားများသာမက မြို့လူထုကိုအသိပညာမျှဝေပွဲများပြုလုပ်ပေးကြသည်ကိုလည်း အားတက်ဖွယ်ရာသိရကြားလာရပါပြီ ၊ ထို့အပြင် အထိမ်းအမှတ်နေ့များ အထူးသဖြင့် စာဆိုတော်နေ့ ၊ အမျိုးသားနေ့ ၊ အာဇာနည်နေ့ တို့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုနေ့ နှင့် ဗာလင်တိုင်းဒေး တို့ကြားတွင်ကျရောက်သောမွေးနေ့ကို ချွေးပျံနေအောင်မနည်းဖော်ထုတ်နေရသော စာရေးဆရာများ၏လည်ချောင်းကွဲအော်သံများကား နဝင်ချိုလှပါတော့သည် ၊ အသွင်သစ်လာသော စာဖတ်နည်းစံနစ်သည် ဆင်းရဲသားနေ့စားအလုပ်သမားများ၏အားလပ်ချိန်ကို စာပေဟောပြောပွဲများ၏မာန်ပါပါပျံလွင့်လာသော ဟောပြောသံများဖြင့်တန်ဖိုးပြောင်းလဲသွားစေပါတော့သည် ။

Tuesday, July 16, 2013

ကြာရင်မေ့သွားမှာ



                " ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် အဓိပ္ပါယ်ကို ရှာတွေ့နိုင်ပါတယ် ၊ အဆိုးဆုံးလို့ဆိုရတဲ့ အခြေအနေမျိုးမှာတောင် တွေ့နိုင်တယ် ။ ( Meaning is available under any conditions, even the worst conceivable ones. ) “ ( ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း - စာမျက်နှာ ၁၅၂ - ၁၅၃ ) ….. ကျေးဇူးရှင် မဟာမြိုင်တောရ ဆရာတော်ဦးဇောတိက တရားခွေဖွင့်ထားတာ မဟုတ်ပါဘူး ၊ “ စွမ်းစွမ်း “ မြန်မာစာ