ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, May 2, 2020

½ သာကျန်တော့တဲ့အမေရိကား ကားဈေးကွက်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ကမ်းခြေနဲ့ရေမိုင် ၁ မိုင်အကွာအရောက်မှာ သ‌‌င်္ဘောကိုကျောက်ချထားဖို့အမိန့်ကျလာတဲ့ကပ္ပတိန်ဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင်တွေဝေသွားပါတယ်။ သူ့တာဝန်က ဂျပန်နာဂိုယာဆိပ်ကမ်းကနေ သီတင်း ၃ ပတ်ကြာမောင်းပြီးလို့ အမေရိကန်နိုင်ငံ လော့အိစ်ဂျလိစ်မြို့ကိုရောက်ရင် ပါလာသမျှ ကမ်းမှာချဖို့လုပ်ရတာပါ။

တကယ်တမ်း Nissan ကားအစီး ၂ဝဝဝ ကို မောင်းချဖို့ အချိန်နေ့တစ်ဝက်သာလိုပါတယ်။ အခုတော့ ပင်လယ်ထဲ မလှမ်းမကမ်းမှာရပ်ထားတဲ့ ကားသ‌‌င်္ဘောကြီးဟာ ၁ ပတ် ရှိနေပြီ။ ဘာဆက်လုပ်ရမယ်ဆိုတာအမိန့်မရသေး။ အမေရိကန်ဆိပ်ကမ်းပတ်ပတ်လည်ရဲ့ကားပါကင်တွေဟာ ကားကုမ္ပဏီပေါင်းများစွာရဲ့ထုတ်ယူမှုမရှိတဲ့ဒဏ်ကိုပြွတ်သိပ်စွာခံစားရင်း ကားအသစ်တွေကိုထပ်ရပ်ခွင့်မပေးနိုင်တော့ပါဘူး။

ကပ်ကမ္ဘာမှာသက်သာမယ်ဆိုတဲ့အထဲမှာ ကားကုမ္ပဏီတွေလည်းမပါပါဘူး။ အဓိက ငွေရှား၊ အလုပ်ပြုတ်၊ အလုပ်သွားစရာမလို၊ အပန်းဖြေခရီးထွက်လို့မရ စတာတွေကြောင့် မိုင်းလစ်မတက်တဲ့ကားတွေပုံလာတဲ့နောက်မှာ လူအနည်းစုသာ ကားအသစ်ဝယ်ကြတာကြောင့်ပါ။

လုပ်ငန်းတိုင်းနီးပါး ခရိုနာဗိုင်းရပ်စ်ရဲ့စာမေးပွဲစစ်ခြင်းကိုမလွဲမသေကျော်ဖြတ်ရတဲ့အထဲမှာ တိုယိုတာက ၅၄%၊ ဆူပါရုက ၄၇% နဲ့ ဟွန်ဒေးမော်တာက ၃၉% တို့ ရောင်းအားတွေကျဆင်းလာတဲ့အတွက် အတော်အထိနာတယ်လို့ပြောရပါလိမ့်မယ်။

Friday, May 1, 2020

ချစ်တဲ့ ၂၈

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
၂၈ နှစ်ဆိုတာ ပုလဲရတုရောက်ဖို့ ၂ နှစ် လိုနေသလိုပဲ ကျွန်‌တော်တို့ရဲ့ထိမ်းမြားခြင်းမင်္ဂလာနှစ်ပတ်လည်‌နေ့ဆင်ယင်ကျင်းပဖို့ သမီး ၁ ယောက် နဲ့ သား ၁ ယောက်လိုနေခဲ့တာအမြဲလိုလိုပါ။ ဒီနှစ်တော့ဆုတောင်းပြည့်တယ်။ လူလည်းစုံတယ်။ အနှစ်သာရလည်းချိုမြိန်တယ်။ ချစ်ခြင်းမေတ္တာကိုယုံကြည်ကြလို့နေမယ်။

ဒီမိသားစုလေးဟာ တစ်လှေထဲစီး တစ်ခရီးတည်းသွား‌နေတာဖြစ်တာနဲ့အညီ ဘဝခရီးလမ်းဦးတည်ချက်တူတယ်။ အမိုးအကာအတူတူအောက်မှာ၊ အသိုက်အဝန်းအတူတူအတွင်းမှာ၊ မျက်နှာကျက်တစ်ခုရဲ့ဧည့်ခန်းထဲမှာ အင်တာနက်အားကိုးနဲ့ အမြဲနေထိုင်ခဲ့တယ်။ ဒီကြားထဲကတကယ်တမ်းမကြာမကြာ‌ဗွေဖောက်တာကကျွန်တော်ပါ။

မသိတာဆိုရင် သိပ်သိချင်တယ်။ မလုပ်ဖူးတာဆိုရင် သိပ်လုပ်ချင်တယ်။ မရောက်ဖူးသေးရင် ဇွတ်သွားချင်တယ်။ အမြဲတမ်းအရှေ့ကိုကန့်လန့်ကန့်လန့်တစ်ဆင့်တက်နေရမှ နေသာထိုင်သာရှိတယ်။ ဒါကကျွန်တော်ဖောက်တဲ့ဗွေ။

ချစ်ဇနီးလေးကတော့ အနေအေးတယ်။ ပျော်ပျော်နေတတ်တယ်။ အပူမရှာဘူး။ အမြဲချစ်ခင်တွယ်တာတယ်။ မိသားစုကိုဂရုစိုက်တယ်။ သမီးဆိုလည်း သမီးအလျောက်၊ သားဆိုလည်း သားအလျောက် သူစောင့်ရှောက်တယ်။ ဒါကသူ့ရဲ့ နဂိုနေ။

Sunday, April 26, 2020

အလည်ဗီဆာသမားတွေရဲ့လူမသိတဲ့ဝေဒနာ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ကျွန်တော် နေရာသစ်ကိုစရောက်ခါစ က ကိုယ့်ဟာကိုယ်သာအခက်ခဲဆုံးလို့ထင်ခဲ့တယ်။ သူများတွေလို မိဘကပိုက်ဆံရှိလို့ ကျောင်းသားဗီဆာနဲ့ပို့လိုက်တာမဟုတ်ဘူး။ ကိုယ်ပိုင်လုပ်ငန်းရှင်မို့လို့ ရင်းနှီးမြှုပ်နှံမှုဗီဆာနဲ့ ဒီဘက်နိုင်ငံကနိုင်ငံသားနဲ့ရှယ်ယာလုပ်ရင်း ဗီဆာဝယ်ခဲ့ရသူမဟုတ်ဘူး။

အခု တဟုန်ထိုး တိုးတက်လာတဲ့တိုင်းပြည်တွေကလုပ်ငန်းရှင်တွေလို ထစ်ကနဲနေငွေပိုလို့ L.A မှာ အိမ်သွားဝယ်လိုက်၊ ဆီလီကွန်လွင်ပြင်မှာ အိမ်ခြံမြေရင်းနှီးမြုပ်နှံထားလိုက်၊ (အိမ်ဈေးတက်တာနဲ့အချိန်ကိုက်) သားသမီးတွေကိုကျောင်းပို့၊ အလုပ်လျှောက်ခိုင်း၊ ဗီဆာ Status ပြောင်းခိုင်း၊ အိမ်ခန်းကဝယ်ပြီးသား၊ ကျောင်းသားကအလုပ်လုပ်ခွင့်လျှောက်၊ ဒါမှမဟုတ် ဒီဘက်နိုင်ငံကတစ်ယောက်ယောက်နဲ့လက်ထပ် . . အဲဒီလိုမျိုးလာခဲ့ရတာမဟုတ်ပေဘူး။

တကယ့် တကယ်ကို မောင်နှမချင်းခေါ်လို့ ရိုးရိုးတန်းတန်းသမရိုးကျ စီစဉ်ကျန ပြောင်းရွှေ့လာခဲ့ရတော့ မောင်သုံညဟာ အောက်ခြေကနေပြန်စရတာပေါ့။ အစပိုင်းက အလုပ် ၁ ခု၊ နောက်ထပ်လုပ်တာက အချိန်ပိုင်းအလုပ် ၂ ခု၊ ဒီလိုနဲ့ ရုန်းရင်းကန်ရင်း ကျောင်းမှန်းကန်မှန်းသိသွားတဲ့တောင်ပေါ်သားလေးဟာတိုတိုနဲ့လိုရင်းပြောရရင် ၅ နှစ်လောက်အကြာမှာအခြေကျခဲ့တယ်ပေါ့ဗျာ။

ဒီအခါမှ မမျှဝေလို့မနေနိုင်တဲ့စိတ်က ဇာတ်လမ်းစတော့တာပါပဲ။ ကျွန်တော်စာစရေးတုန်းက Facebook က ရှိပေမယ့် News Feed တောင် မထွင်ရသေးဘူး။ တစ်ခုခုကြည့်ချင်ရင် ရှာတဲ့အကွက်ထဲမှာ လူနာမည်နဲ့လိုက်ရှာရတယ်။ ကျွန်တော့ထက်အရင် အမေရိကားအကြောင်းရေးနေသူတစ်ချို့ ကျွန်တော်လိုက်ဖတ်ကြည့်တယ်။ အင်မတန်အရေးအသားကောင်းကြတာပဲ။ ဒီအတိုင်းဆိုရင် ကျွန်တော်စာရေးသူတစ်ယောက်မဖြစ်နိုင်ဘူးဆိုတာသိလာတယ်။

Saturday, April 11, 2020

China will be right back for America

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
  
ဘာဖြစ်ဖြစ်နံပါတ်တစ်နိုင်ငံကြီးရဲ့စီးပွားရေးအနာဂတ်ဟာဘယ်ပေါ်မူတည်ပြီး ဘယ်လိုပြန်ရုန်းထလာမလဲဆိုတာ ဒီအချိန်မှာဘယ်သူမှမပြောနိုင်ဘူး။

သိပ်ချမ်းသာပါတယ်၊ ငါတို့ရဲ့နိုင်ငံကြီးကို နှစ်တိုင်းခရီးသွားဦးရေဘယ်နှစ်သန်းကငွေလာလာပေးနေတာ ကုန်ထုတ်လုပ်မှုများများမလုပ်နိင်လည်းဘာမှမဖြစ်ဘူးဆိုတဲ့နိုင်ငံမှာ ရောဂါဆန်းကြောင့်လူတွေအတုံးအရုံးသေကြ (အီတာလီယာ)

ကိုလိုနီနိုင်ငံ၊ ခေတ်မီတိုးတက်တဲ့နိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသားထုတ်လုပ်ရေး၊ လျှပ်စစ်စွမ်းအင်၊ ဘောလုံးကလပ်တွေရှိတယ်၊ ဘာကိုမှသိပ်ဂရုစိုက်စရာမလိုဘူးဆိုတဲ့နိုင်ငံမှာ ကျန်းမာရေးစံနစ်က လူသေနှုန်းကိုမလိုက်နိုင် (စပန်းနစ်)

ဒီလိုပဲ ဟိုကမ္ဘာတစ်ဘက်ခြမ်းနိုင်ငံက မြို့လေးတစ်မြို့က ဘာဖြစ်ဖြစ် ငါတို့စီးပွားရေးကောင်းနေရင်ဘာမှမဖြစ်ဘူး။ အဓိက ပိုက်ဆံ။ အဓိက လူတွေအလုပ်ရှိနေဖို့။ အဓိက အစိုးရယန္တရားအဆင်ပြေပြေလည်ပတ်နိုင်ဖို့။ ကမ္ဘာမှာအကောင်းဆုံးကျန်းမာရေးအာမခံ (အာမခံ နော် စောင့်ရှောင့်မှုစံနစ်မဟုတ်ဘူး) ရှိတဲ့ငါတို့နိုင်ငံမှာ ထိပ်ဆုံးကဦးဆောင်ပြီး လူအများကြီးအသက်ဇီဝိန်ချုပ်ကြွေလွင့်ကြရ (အမေရိကန်)

ဒီလိုနဲ့ ဖျားနာနေတဲ့ကမ္ဘာကြီးကို ဂျပန်လည်းမကယ်နိုင်။ ချောင်းဆိုးနေတဲ့ကမ္ဘာကြီးကို တောင်ကိုးရီးယားလည်းမကယ်နိုင်။ နှာချေနေတဲ့ကမ္ဘာကြီးကို ရောဂါပိုးစချခဲ့တဲ့ ကိုရွေတရုတ်ကြီးကပြန်ကယ်တင်ရမယ်ဆိုတာ သဘာဝကျရဲ့လား? (ဂျပန်၊ တောင်ကိုးရီးယားလူမျိုးများ)

တကယ်ကို ဘဘာဝမကျတာပါ။ အစကတည်းက လူတွေမစားသင့်တဲ့သတ္တဝါကိုစားကတည်းက သဘာဝမကျတာပါ။ ဒေသတစ်ခု ဓလေ့တစ်ခု အကြိုက်တစ်ခု နဲ့ ရောဂါတစ်ခုကိုဖန်တီးခဲ့မိပြီ။ ပြန်လည်ကုစားဖို့ရာ လမ်းစတွေ့ဖို့က အချိန်တစ်ခုကိုစောင့်ရသလိုပါပဲ။ ဖြစ်လာမယ် ဒါပေမဲ့ စတေးရမယ်။

ငယ်ငယ်တုန်းကသိုင်းဝတ္ထုဖတ်ဖူးတဲ့သူတွေဆိုရင် "လက်နက်ပုန်းနဲ့အဆိပ်ဖြေဆေး" သံသရာကိုသိလိမ့်မယ်။ သိုင်းသမားတစ်ယောက်ဟာ သူ့ထက်အဆင့်မြင့်တဲ့သိုင်းသမားဆီကသိုင်းကျမ်းကိုလိုချင်တဲ့အခါ တိုက်ခိုက်ဖို့စိန်ခေါ်တယ်။ တိုက်ကွက်တွေမနိုင်တော့တဲ့အခါမှာ "အဆိပ်ပါတဲ့လက်နက်ပုန်း" နဲ့ပစ်တယ်။ ထိတယ်။ အဆိပ်တက်တယ်။ ရောဂါတက်တယ်။ ပြင်းထန်လာတယ်။ နောက်ဆုံးတော့ အဆိပ်ဖြေဆေးကိုသိုင်းကျမ်းနဲ့လဲလိုက်ရတယ်။ ဒီတော့ လက်နက်ပုန်းပစ်သူကဘယ်သူလဲ? အဆိပ်တက်စေသူကဘယ်သူလဲ? အခု အဆိပ်ဖြေဆေးပေးသူက ဘယ်သူလဲ? (တရုတ်နိုင်ငံသားများ)

ကမ္ဘာမှာကြွေးမြီအများဆုံး၊ နည်းပညာမှာအဆင့်အမြင့်ဆုံး၊ စီးပွားရေးအအောင်မြင်ဆုံး၊ စစ်အင်အားအတောင့်တင်းဆုံး၊ စူပါပါဝါအရှိဆုံးအမေရိကားမှာ လူအသေဆုံးဖြစ်နေပါပြီ။ ကုမ္ပဏီတွေလူလျှော့နေရပြီ။ Social Distancing အရ လူ ၂ ယောက်မှာ ၁ ယောက်က အလုပ်နားပေးရတယ်။ မရှိမဖြစ်အလုပ်-Essential Work အတွက် မရှိလည်းဖြစ်တဲ့အလုပ်တွေပိတ်ပေးရတယ်။

ဘာအကြောင်းကြောင့်မှ လူစုလူဝေး မစုရဘူး။ Shelter in Place အမိန့်အရ အိမ်မှာအစားအသောက်တွေအဆင်သင့်ရှိနေဖို့လိုတယ်။ လိုတာထက် ပိုဝယ်၊ ဝင်ငွေက မရ၊ အချိန်တန်တော့ Bill လာ၊ အိမ်ထဲမှာ လူစုံလူစေ့အလုပ်လုပ်မှပေးနိုင်မယ့်ကုန်ကျစားရိတ်တွေက အိမ်သားတစ်ယောက်အလုပ်ပြုတ်တော့ စတင်ပြီး အခက်တွေဝေကြပြီပေါ့။

ကော်ပိုရေးရှင်းတွေက ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ? ပထမတစ်လ လုပ်သားတွေကို လခအပြည့်ပေး အလုပ်နားခိုင်း ဘာမှမဖြစ်ဘူး "ပိုနေမြဲ ကျားနေမြဲ" အေးဆေး။ အလုပ်နားတာ ၂ လထဲလည်းဝင်လာရော ကုမ္ပဏီတံခါးကို ဘဏ်ဝန်ထမ်းကလာခေါက်ပြီ။ အလုပ်သမားတွေကိုပေးမယ့်လခက စဉ်းစားရပြီ။

ဒီလိုနဲ့ တိုးပွားလာလိုက်တဲ့အလုပ်လက်မဲ့နှုန်းဟာ ဒုတိယလမှာ ရာခိုင်နှုန်း ၃ဝ နားကပ်ခဲ့တာ အမေရိကားမှာပါ။ ပိုးကိုက်တဲ့ပထမလထဲမှာ EDD-Employment Development Department မှာ အလုပ်လက်မဲ့ခံစားခွင့်လာလျှောက်သူ ၆.၆ သန်း က နောက် ၂ ပတ်လည်းကြာရော ၁၈ သန်း ရှိလာရော။ ဒီလူအုပ်ကြီးကို သမ္မတထရမ့် ဘယ်လောက်ကြာကြာကျွေးထားနိုင်မလဲ?

အလုပ်မသွားပေမဲ့ ပိုက်ဆံရနေရင် လူတွေက အသံမထွက်ဘူး။ အလုပ်မသွားလို့ ပိုက်ဆံလည်းမရဘူးဆိုရော ဗိုက်ဆာတာက တစ်နိုင်ငံလုံးကြားလာပြီ။ ပိုက်ဆံရဖို့သွားစရာအလုပ်မရှိဘူး (အလုပ်ပြုတ်ပြီ) ဆိုရင် အပေါ်ပိုင်းကရေးပြလာတဲ့ အိမ်လခ၊ ရေခ၊ အမှိုက်ပုံးခ၊ မီတာခ၊ အင်တာနက်ခ၊ ဖုန်းခ၊ အသက်အာမခံ ခ၊ ကားအာမခံ ခ၊ အခွန်အခ၊ "ခ" ပေါင်းများစွာကိုပေးဖို့ မရရတဲ့အလုပ်ကို ပေးတဲ့နာရီစားလခနဲ့ပြန်ဝင်လုပ်ရတော့မယ်။ ဒါဟာ စီးပွားရေးကျဆင်းခြင်းရေးရှေ့ပြေးနိမိတ်ပုံတွေပါ။

အရင်တုန်းကဆိုရင် ပုံမှန်နာရီစားလုပ်ခအလုပ်မမြဲသူတစ်ယောက်ဟာ ကားမောင်းကျွမ်းကျင်ရင် Uber, Lyft မောင်းစားလို့ရတယ်။ Amazon Flex မောင်းပြီး သူ့ပစ္စည်းတွေပို့လို့ရတယ်။ တစ်ရက်ကို ၁ဝ နာရီမောင်းမယ် တစ်ပတ်ကို ၆ ရက်မောင်းမယ်ဆိုရင် တစ်လကို ဒေါ်လာ ၆ဝဝဝ အသာလေး။ သုံးချင်သလိုသုံး၊ ဖြုန်းချင်သလိုဖြုန်း၊ အချိန်တန်ရင် ဘဏ်ထဲကိုငွေဝင်လာလိမ့်မယ်။ အကြွေးဝယ်ကဒ်က ကျသင့်ငွေကို ကိုယ့်ဘဏ်စာရင်းရှင်-Checking အကောင့်ထဲကအလိုလို Auto Pay နှုတ်သွားလိမ့်မယ်။ ဘာမှကို ဂရုစိုက်စရာမလို။

အခုများကျတော့ လူတွေကလမ်းပေါ်မထွက်တော့ ကားစီးမယ့်လူမရှိ။ ဖတ်ရတဲ့သတင်းတစ်ပုဒ်အရ တစ်ရက်လုံး ၈ နာရီလောက်မောင်းမှ ဒေါ်လာ ၂ဝ လောက်ရတယ်။ ဘယ်မှာလဲ ယိုယွင်းသွားတဲ့ကားရဲ့ကြံ့ခိုင်မှုတွေ-Wear and Tear ၊ ဘယ်မှာလဲ ကိုယ့်ကားကိုယ်မောင်း၊ ကိုယ့်တာယာကိုယ်လဲ၊ ကိုယ့်ဆီကိုယ်ထည့်ရတဲ့ ကားတစ်စီးရဲ့ကုန်ကျစားရိတ်တွေ . . ဒါတွေ ဒါတွေက တရားဝင်အလုပ်လုပ်ပြီးသား၊ အခြေကျပြီးသား၊ အလုပ်လုပ်နေပြီးသား၊ အလုပ်မြဲနေပြီးသားသူတွေ အလုပ်ပြုတ်သွားလို့ဖြစ်လာကြတဲ့ကံကြမ္မာတွေ။

တစ်ချို့ကပြောကြတယ် လူတင်မောင်းမရရင် အစားအသောက်ပို့တဲ့ Delivery လုပ်မှာပေါ့ တဲ့။ မှန်ပါတယ်လို့ အချိန်အကြာကြီး ကျွန်တော်ပြောနေချင်တယ်။ ဒါပေမဲ့ ဆုတောင်းမပြည့်ပါ။ အခုလို ၂ဝ၂ဝ ခုနှစ် ၄ လ ပိုင်းလလယ် (မြန်မာသင်္ကြန်ကျချိန်) အမေရိကားမှာ ဘယ်စားသောက်ဆိုင်မှ လူထိုင်စားခွင့်မပြုတာ ၁ လ ကျော်နေပါပြီ။ Take Out အတွက်ဖွင့်ထားပေမယ့် Stay at Home အမိန့်ကြောင့် ဒီ Food Delivery Service က မရေရာတဲ့အခြေအနေကိုကျရောက်လာပြန်ပါတယ်။

ဒါဆိုရင် တရားမဝင်နေထိုင်နေသူ၊ ဘာစာရွက်စာတမ်းမှမရှိသူ၊ ပြန်ရက်လွန်အလည်အပတ်နဲ့လာနေသူတွေဘဝကရော အဆင်ပြေမယ်လို့ထင်ပါသလား? No ပါ။ ဒီအုပ်စုရဲ့အလုပ်အကိုင်တွေက အလုပ်ရှင်တွေပေါ်မှာသာမူတည်တယ်။ သူတို့ခန့်ချင်ရင် ခန့်တယ်။ သူတို့ဖြုတ်ချင်ရင် ဖြုတ်တယ်။ ခေါ်ချင်တဲ့အချိန် ခေါ်တယ်။ ပေးချင်တဲ့ဈေး ပေးတယ်။ ပြုသမျှနုရတဲ့ "ဝ" တို့ "လု" တို့ရဲ့ကံဆိုတာ ဒါကိုပြောတာနေလိမ့်မယ်။

ဒီအလွှာတွေကို စားသောက်ဆိုင်တွေ၊ ဆောက်လုပ်ရေးသမားတွေ၊ သားသတ်ရုံတွေ နဲ့ ဆူရှီလိပ်သူတစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်တွေက အငှားများတယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ငန်းတွေက Non-Essential ထဲပါတော့ ရပ်ရပြန်ရော။ မြန်မာနိုင်ငံလည်းမပြန်နိုင်၊ ဒူဘိုင်းလည်းမပြန်နိုင်၊ အိန္ဒိယလည်းမပြန်နိုင်၊ အာဖရိကလည်းမပြန်နိုင် . . လူစုပြုံတိုးနေတဲ့မြို့ကြီးတွေမှာ သူတို့ရဲ့လက်ရှိဘဝဟာ မတွေးဝံ့စရာပါ။

နောက်ဆုံးတော့ ချမ်းသာတဲ့ကုမ္ပဏီတွေသာခံနိုင်ပြီး အသင့်အတင့်ကုမ္ပဏီတွေလုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့ စီးပွားရေးပျက်ကပ်တို့ရဲ့ဓမ္မတာအတိုင်း အမြဲခန့်ဝန်ထမ်း-Permanent တွေထက် အစမ်းခန့်-Temporary ဝန်ထမ်းတွေ လူလျှော့-Furlough လုပ်တဲ့အထဲပါမယ်။ ကျန်းမာရေးဝန်ထမ်းတွေ ရှေ့တန်းကုသရေးမှာ ပိုးကိုက်လို့ အထိနာပြီး စံနစ်တစ်ခုလုံးပြင်ရမယ်။ ကာကွယ်ရေးပစ္စည်း-Gear, Mask, PPE တို့မလုံလောက်မှုအတွက်ပြင်ဆင်ရမယ်။ အသက်ကယ်ရေးပစ္စည်း-Ventilator မလုံလောက်မှုအတွက်နည်းပညာအသစ်တွေတိုးလာမယ်။ ဒါပေမဲ့ လာမယ် ကြာမယ်။

သမ္မတထရမ့်ကသာ အမေရိကားစီးပွားရေးကိုပြန်ဖွင့်ချင်နေတာ သူ့နိုင်ငံသားတွေ ပိုးကိုက်မကိုက်စစ်လို့မပြီးသေး၊ အသက်လုလို့မပြီးသေး၊ အသက်ကယ်လို့မပြီးသေး၊ ကူးလို့ စက်လို့မပြီးသေး၊ ကုန်ကုန်ပြောရရင် သေဆုံးလို့မပြီးနိုင်ကြသေး။ ဘယ်လိုလုပ်စီးပွားရေးကိုပြန်ဖွင့်နိုင်ပါ့မလဲ? ဘယ်လိုလုပ်စက်ရုံတွေပြန်လည်နိုင်ပါ့မလဲ?

ဒီလိုစီးပွားရေးရပ်တန့်မှုတွေအပြင် ပွဲလမ်းသဘင်တွေဆီကမရတဲ့အခွန်အခတွေကြောင့်စီးပွားပျက်ရတာက မြို့တော်-City တွေ၊ အခု မြန်မာနိုင်ငံမှာဆိုရင် သင်္ကြန်ပွဲမလုပ်ရတော့ စည်ပင်က ငှားရမ်းခအလုံးစုံက ဘာငွေမှမရတော့သလို ဆန်ဖရန်စစ္စကိုမြို့တော်က လိင်တူချစ်သူများစည်းရုံးမှုပျော်ပွဲ-2020 San Francisco Pride Parade အတွက် သန်းနဲ့ချီလာတဲ့လူတွေဆီက ဘာအခွန်မှမရတော့ဘူး။

ပြည်နယ်အစိုးရတွေချည်းလားဆိုတော့ သူတို့ချည်းခံရတာမဟုတ်ဘူး။ ခရစ်ယာန်ဘာသာတွေအထွဋ်အမြတ်ထားတဲ့ အီစတာပွဲတော်ကို လူအများနဲ့ကျင်းပခွင့်မရတာ သူတို့ဘာသာအတွက် အင်မတန်နစ်နာတယ်လို့ယူဆကြတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက် COVID-19 ဗိုင်းရပ်စ်ကိုက်တာ တစ်ကမ္ဘာလုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ အလုပ်အကိုင်မြဲရေး အကုန်လုံးရပ်တန့်သွားတယ်။

ဆက်ရေးရရင် ကုန်နိုင်ဖွယ်ရာမရှိဘူး။ စတော့ဈေးကွက်နဲ့ဉီးဆောင်နေတဲ့ နယူးယောက်အိပ်ချိန်းလည်း လူမပါပဲ အွန်လိုင်းကနေ ကိန်းဂဏန်းတွေနဲ့အရောင်းအဝယ်လုပ်နေရတယ်။ စာသင်ခန်းတွေပိတ်ထားလို့ ဆရာနဲ့ကျောင်းသား Zoom ပေါ်ကနေ စာသင်နေရတယ်။ လူလူချင်းထိတွေ့မှုနည်းအောင်လို့ မွေးနေ့ရှင်ကအိမ်ရှေ့မှာကိတ်မုန့်လေးကိုင်လို့ မွေးနေ့လာတဲ့သူတွေက အိမ်ကို ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ ကားဟွန်းတီးပြီးဆင်နွဲကြရတယ်။ မြန်မာနိုင်ငံကအဆိုတော်တွေဆိုရင် အွန်လိုင်းပေါ်ကနေ LIVE လွှင့်ပြီး ပရိသတ်နဲ့အဆက်မပြတ်သွားအောင် သီဆိုဖျော်ဖြေနေရတယ်။

ကမ္ဘာကြီးပြားသွားတယ်ဆိုတာ တစ်ချိန်တုန်းကမယုံခဲ့ဘူး။ အခု ဒီတစ်ခေါက်တော့ ကမ္ဘာကြီးက ၂ ပတ်ပဲခံတယ်ဆိုတာ ယုံလိုက်ရပြီ။ အသက်ရှူဖို့အတွက် သာမန်လေသန့်အောက်စီဂျင်အပြင် အသက်ကူရှူစက်တပ်ပေးဖို့ Intubator လိုတယ်ဆိုတာလက်ခံလိုက်ကြပြီ။ ကမ္ဘာပေါ်မှာ စစ်ပွဲတွေအတိုက်အခိုက်ရပ်စဲမှာထက်စာရင် "လက်ဆွဲမနှုတ်ဆက်ကြေး-No-Handshake Rule" ချမှတ်ရေးကပိုအရေးကြီးတယ်ဆိုတာသိလာကြပြီ။

"လက်နက်ပုန်း" နဲ့
"အဆိပ်ဖြေဆေး" တို့မှာ
သူ့အာနိသင်နဲ့သူရှိကြတယ်။
ဒီ ၂ ခု ကိုပိုင်ဆိုင်ချင်လို့ပဲ
ကမ္ဘာမှာစစ်ပွဲတွေဖြစ်ကြရတာမဟုတ်လား?

အခုက ခေတ်ပြောင်းသွားပြီ။ “လက်နက်ပုန်း” အတွက် စစ်တိုက်စရာမလိုသလို “အဆိပ်ဖြေဆေး” အတွက် ဘာမှစစ်လျော်ကြေးမှပေးစရာမလိုတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်သိုင်းဝတ္ထုထဲမှာလို ၂ ခု လုံးပိုင်ဆိုင်နေတာက တရုတ်နိုင်ငံဖြစ်နေလို့ပါ။

ဒါကြောင့် ကမ္ဘာကြီးမီးလေးခဏမှိတ်ပေးပါ . . မကြာခင် အမေရိကားအတွက် တရုတ်ပြန်လာပါမယ်။ China will be right back for America.

ခင်လျက်
ကိုညီညီ (တောင်ကြီး)
04-11-2020

<Zawgyi>

"China will be right back for America"
ဘာျဖစ္ျဖစ္နံပါတ္တစ္နိုင္ငံႀကီးရဲ့စီးပြားေရးအနာဂတ္ဟာဘယ္ေပၚမူတည္ၿပီး ဘယ္လိုျပန္႐ုန္းထလာမလဲဆိုတာ ဒီအခ်ိန္မွာဘယ္သူမွမေျပာနိုင္ဘူး။ သိပ္ခ်မ္းသာပါတယ္၊ ငါတို႔ရဲ့နိုင္ငံႀကီးကို ႏွစ္တိုင္းခရီးသြားဦးေရဘယ္ႏွစ္သန္းကေငြလာလာေပးေနတာ ကုန္ထုတ္လုပ္မႈမ်ားမ်ားမလုပ္နိင္လည္းဘာမွမျဖစ္ဘူးဆိုတဲ့နိုင္ငံမွာ ေရာဂါဆန္းေၾကာင့္လူေတြအတုံးအ႐ုံးေသၾက (အီတာလီယာ) ကိုလိုနီနိုင္ငံ၊ ေခတ္မီတိုးတက္တဲ့နိုင္ငံ၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ အသားထုတ္လုပ္ေရး၊ လၽွပ္စစ္စြမ္းအင္၊ ေဘာလုံးကလပ္ေတြရွိတယ္၊ ဘာကိုမွသိပ္ဂ႐ုစိုက္စရာမလိုဘူးဆိုတဲ့နိုင္ငံမွာ က်န္းမာေရးစံနစ္က လူေသႏႈန္းကိုမလိုက္နိုင္ (စပန္းနစ္) ဒီလိုပဲ ဟိုကမၻာတစ္ဘက္ျခမ္းနိုင္ငံက ၿမိဳ႕ေလးတစ္ၿမိဳ႕က ဘာျဖစ္ျဖစ္ ငါတို႔စီးပြားေရးေကာင္းေနရင္ဘာမွမျဖစ္ဘူး။ အဓိက ပိုက္ဆံ။ အဓိက လူေတြအလုပ္ရွိေနဖို႔။ အဓိက အစိုးရယႏၲရားအဆင္ေျပေျပလည္ပတ္နိုင္ဖို႔။ ကမၻာမွာအေကာင္းဆုံးက်န္းမာေရးအာမခံ (အာမခံ ေနာ္ ေစာင့္ေရွာင့္မႈစံနစ္မဟုတ္ဘူး) ရွိတဲ့ငါတို႔နိုင္ငံမွာ ထိပ္ဆုံးကဦးေဆာင္ၿပီး လူအမ်ားႀကီးအသက္ဇီဝိန္ခ်ဳပ္ေႂကြလြင့္ၾကရ (အေမရိကန္) ဒီလိုနဲ႔ ဖ်ားနာေနတဲ့ကမၻာႀကီးကို ဂ်ပန္လည္းမကယ္နိုင္။ ေခ်ာင္းဆိုးေနတဲ့ကမၻာႀကီးကို ေတာင္ကိုးရီးယားလည္းမကယ္နိုင္။ ႏွာေခ်ေနတဲ့ကမၻာႀကီးကို ေရာဂါပိုးစခ်ခဲ့တဲ့ ကိုေရြတ႐ုတ္ႀကီးကျပန္ကယ္တင္ရမယ္ဆိုတာ သဘာဝက်ရဲ့လား? (ဂ်ပန္၊ ေတာင္ကိုးရီးယားလူမ်ိဳးမ်ား)
တကယ္ကို ဘဘာဝမက်တာပါ။ အစကတည္းက လူေတြမစားသင့္တဲ့သတၱဝါကိုစားကတည္းက သဘာဝမက်တာပါ။ ေဒသတစ္ခု ဓေလ့တစ္ခု အႀကိဳက္တစ္ခု နဲ႔ ေရာဂါတစ္ခုကိုဖန္တီးခဲ့မိၿပီ။ ျပန္လည္ကုစားဖို႔ရာ လမ္းစေတြ႕ဖို႔က အခ်ိန္တစ္ခုကိုေစာင့္ရသလိုပါပဲ။ ျဖစ္လာမယ္ ဒါေပမဲ့ စေတးရမယ္။ ငယ္ငယ္တုန္းကသိုင္းဝတၳဳဖတ္ဖူးတဲ့သူေတြဆိုရင္ "လက္နက္ပုန္းနဲ႔အဆိပ္ေျဖေဆး" သံသရာကိုသိလိမ့္မယ္။ သိုင္းသမားတစ္ေယာက္ဟာ သူ႔ထက္အဆင့္ျမင့္တဲ့သိုင္းသမားဆီကသိုင္းက်မ္းကိုလိုခ်င္တဲ့အခါ တိုက္ခိုက္ဖို႔စိန္ေခၚတယ္။ တိုက္ကြက္ေတြမနိုင္ေတာ့တဲ့အခါမွာ "အဆိပ္ပါတဲ့လက္နက္ပုန္း" နဲ႔ပစ္တယ္။ ထိတယ္။ အဆိပ္တက္တယ္။ ေရာဂါတက္တယ္။ ျပင္းထန္လာတယ္။ ေနာက္ဆုံးေတာ့ အဆိပ္ေျဖေဆးကိုသိုင္းက်မ္းနဲ႔လဲလိုက္ရတယ္။ ဒီေတာ့ လက္နက္ပုန္းပစ္သူကဘယ္သူလဲ? အဆိပ္တက္ေစသူကဘယ္သူလဲ? အခု အဆိပ္ေျဖေဆးေပးသူက ဘယ္သူလဲ? (တ႐ုတ္နိုင္ငံသားမ်ား) ကမၻာမွာေႂကြးၿမီအမ်ားဆုံး၊ နည္းပညာမွာအဆင့္အျမင့္ဆုံး၊ စီးပြားေရးအေအာင္ျမင္ဆုံး၊ စစ္အင္အားအေတာင့္တင္းဆုံး၊ စူပါပါဝါအရွိဆုံးအေမရိကားမွာ လူအေသဆုံးျဖစ္ေနပါၿပီ။ ကုမၸဏီေတြလူေလၽွာ့ေနရၿပီ။ Social Distancing အရ လူ ၂ ေယာက္မွာ ၁ ေယာက္က အလုပ္နားေပးရတယ္။ မရွိမျဖစ္အလုပ္-Essential Work အတြက္ မရွိလည္းျဖစ္တဲ့အလုပ္ေတြပိတ္ေပးရတယ္။ ဘာအေၾကာင္းေၾကာင့္မွ လူစုလူေဝး မစုရဘူး။ Shelter in Place အမိန႔္အရ အိမ္မွာအစားအေသာက္ေတြအဆင္သင့္ရွိေနဖို႔လိုတယ္။ လိုတာထက္ ပိုဝယ္၊ ဝင္ေငြက မရ၊ အခ်ိန္တန္ေတာ့ Bill လာ၊ အိမ္ထဲမွာ လူစုံလူေစ့အလုပ္လုပ္မွေပးနိုင္မယ့္ကုန္က်စားရိတ္ေတြက အိမ္သားတစ္ေယာက္အလုပ္ျပဳတ္ေတာ့ စတင္ၿပီး အခက္ေတြေဝၾကၿပီေပါ့။ ေကာ္ပိုေရးရွင္းေတြက ဘယ္ေလာက္ၾကာၾကာေတာင့္ခံနိုင္မလဲ? ပထမတစ္လ လုပ္သားေတြကို လခအျပည့္ေပး အလုပ္နားခိုင္း ဘာမွမျဖစ္ဘူး "ပိုေနျမဲ က်ားေနျမဲ" ေအးေဆး။ အလုပ္နားတာ ၂ လထဲလည္းဝင္လာေရာ ကုမၸဏီတံခါးကို ဘဏ္ဝန္ထမ္းကလာေခါက္ၿပီ။ အလုပ္သမားေတြကိုေပးမယ့္လခက စဥ္းစားရၿပီ။ ဒီလိုနဲ႔ တိုးပြားလာလိုက္တဲ့အလုပ္လက္မဲ့ႏႈန္းဟာ ဒုတိယလမွာ ရာခိုင္ႏႈန္း ၃ဝ နားကပ္ခဲ့တာ အေမရိကားမွာပါ။ ပိုးကိုက္တဲ့ပထမလထဲမွာ EDD-Employment Development Department မွာ အလုပ္လက္မဲ့ခံစားခြင့္လာေလၽွာက္သူ ၆.၆ သန္း က ေနာက္ ၂ ပတ္လည္းၾကာေရာ ၁၈ သန္း ရွိလာေရာ။ ဒီလူအုပ္ႀကီးကို သမၼတထရမ့္ ဘယ္ေလာက္ၾကာၾကာေကၽြးထားနိုင္မလဲ? အလုပ္မသြားေပမဲ့ ပိုက္ဆံရေနရင္ လူေတြက အသံမထြက္ဘူး။ အလုပ္မသြားလို႔ ပိုက္ဆံလည္းမရဘူးဆိုေရာ ဗိုက္ဆာတာက တစ္နိုင္ငံလုံးၾကားလာၿပီ။ ပိုက္ဆံရဖို႔သြားစရာအလုပ္မရွိဘူး (အလုပ္ျပဳတ္ၿပီ) ဆိုရင္ အေပၚပိုင္းကေရးျပလာတဲ့ အိမ္လခ၊ ေရခ၊ အမွိုက္ပုံးခ၊ မီတာခ၊ အင္တာနက္ခ၊ ဖုန္းခ၊ အသက္အာမခံ ခ၊ ကားအာမခံ ခ၊ အခြန္အခ၊ "ခ" ေပါင္းမ်ားစြာကိုေပးဖို႔ မရရတဲ့အလုပ္ကို ေပးတဲ့နာရီစားလခနဲ႔ျပန္ဝင္လုပ္ရေတာ့မယ္။ ဒါဟာ စီးပြားေရးက်ဆင္းျခင္းေရးေရွ႕ေျပးနိမိတ္ပုံေတြပါ။ အရင္တုန္းကဆိုရင္ ပုံမွန္နာရီစားလုပ္ခအလုပ္မျမဲသူတစ္ေယာက္ဟာ ကားေမာင္းကၽြမ္းက်င္ရင္ Uber, Lyft ေမာင္းစားလို႔ရတယ္။ Amazon Flex ေမာင္းၿပီး သူ႔ပစၥည္းေတြပို႔လို႔ရတယ္။ တစ္ရက္ကို ၁ဝ နာရီေမာင္းမယ္ တစ္ပတ္ကို ၆ ရက္ေမာင္းမယ္ဆိုရင္ တစ္လကို ေဒၚလာ ၆ဝဝဝ အသာေလး။ သုံးခ်င္သလိုသုံး၊ ျဖဳန္းခ်င္သလိုျဖဳန္း၊ အခ်ိန္တန္ရင္ ဘဏ္ထဲကိုေငြဝင္လာလိမ့္မယ္။ အေႂကြးဝယ္ကဒ္က က်သင့္ေငြကို ကိုယ့္ဘဏ္စာရင္းရွင္-Checking အေကာင့္ထဲကအလိုလို Auto Pay ႏႈတ္သြားလိမ့္မယ္။ ဘာမွကို ဂ႐ုစိုက္စရာမလို။ အခုမ်ားက်ေတာ့ လူေတြကလမ္းေပၚမထြက္ေတာ့ ကားစီးမယ့္လူမရွိ။ ဖတ္ရတဲ့သတင္းတစ္ပုဒ္အရ တစ္ရက္လုံး ၈ နာရီေလာက္ေမာင္းမွ ေဒၚလာ ၂ဝ ေလာက္ရတယ္။ ဘယ္မွာလဲ ယိုယြင္းသြားတဲ့ကားရဲ့ႀကံ့ခိုင္မႈေတြ-Wear and Tear ၊ ဘယ္မွာလဲ ကိုယ့္ကားကိုယ္ေမာင္း၊ ကိုယ့္တာယာကိုယ္လဲ၊ ကိုယ့္ဆီကိုယ္ထည့္ရတဲ့ ကားတစ္စီးရဲ့ကုန္က်စားရိတ္ေတြ . . ဒါေတြ ဒါေတြက တရားဝင္အလုပ္လုပ္ၿပီးသား၊ အေျခက်ၿပီးသား၊ အလုပ္လုပ္ေနၿပီးသား၊ အလုပ္ျမဲေနၿပီးသားသူေတြ အလုပ္ျပဳတ္သြားလို႔ျဖစ္လာၾကတဲ့ကံၾကမၼာေတြ။ တစ္ခ်ိဳ႕ကေျပာၾကတယ္ လူတင္ေမာင္းမရရင္ အစားအေသာက္ပို႔တဲ့ Delivery လုပ္မွာေပါ့ တဲ့။ မွန္ပါတယ္လို႔ အခ်ိန္အၾကာႀကီး ကၽြန္ေတာ္ေျပာေနခ်င္တယ္။ ဒါေပမဲ့ ဆုေတာင္းမျပည့္ပါ။ အခုလို ၂ဝ၂ဝ ခုႏွစ္ ၄ လ ပိုင္းလလယ္ (ျမန္မာသၾကၤန္က်ခ်ိန္) အေမရိကားမွာ ဘယ္စားေသာက္ဆိုင္မွ လူထိုင္စားခြင့္မျပဳတာ ၁ လ ေက်ာ္ေနပါၿပီ။ Take Out အတြက္ဖြင့္ထားေပမယ့္ Stay at Home အမိန႔္ေၾကာင့္ ဒီ Food Delivery Service က မေရရာတဲ့အေျခအေနကိုက်ေရာက္လာျပန္ပါတယ္။ ဒါဆိုရင္ တရားမဝင္ေနထိုင္ေနသူ၊ ဘာစာရြက္စာတမ္းမွမရွိသူ၊ ျပန္ရက္လြန္အလည္အပတ္နဲ႔လာေနသူေတြဘဝကေရာ အဆင္ေျပမယ္လို႔ထင္ပါသလား? No ပါ။ ဒီအုပ္စုရဲ့အလုပ္အကိုင္ေတြက အလုပ္ရွင္ေတြေပၚမွာသာမူတည္တယ္။ သူတို႔ခန႔္ခ်င္ရင္ ခန႔္တယ္။ သူတို႔ျဖဳတ္ခ်င္ရင္ ျဖဳတ္တယ္။ ေခၚခ်င္တဲ့အခ်ိန္ ေခၚတယ္။ ေပးခ်င္တဲ့ေဈး ေပးတယ္။ ျပဳသမၽွႏုရတဲ့ "ဝ" တို႔ "လု" တို႔ရဲ့ကံဆိုတာ ဒါကိုေျပာတာေနလိမ့္မယ္။ ဒီအလႊာေတြကို စားေသာက္ဆိုင္ေတြ၊ ေဆာက္လုပ္ေရးသမားေတြ၊ သားသတ္႐ုံေတြ နဲ႔ ဆူရွီလိပ္သူတစ္နိုင္တစ္ပိုင္လုပ္ငန္းရွင္ေတြက အငွားမ်ားတယ္။ ဒါေပမဲ့ သူတို႔ရဲ့လုပ္ငန္းေတြက Non-Essential ထဲပါေတာ့ ရပ္ရျပန္ေရာ။ ျမန္မာနိုင္ငံလည္းမျပန္နိုင္၊ ဒူဘိုင္းလည္းမျပန္နိုင္၊ အိႏၵိယလည္းမျပန္နိုင္၊ အာဖရိကလည္းမျပန္နိုင္ . . လူစုျပဳံတိုးေနတဲ့ၿမိဳ႕ႀကီးေတြမွာ သူတို႔ရဲ့လက္ရွိဘဝဟာ မေတြးဝံ့စရာပါ။ ေနာက္ဆုံးေတာ့ ခ်မ္းသာတဲ့ကုမၸဏီေတြသာခံနိုင္ၿပီး အသင့္အတင့္ကုမၸဏီေတြလုပ္ငန္းရပ္ဆိုင္းလိုက္ရတဲ့ စီးပြားေရးပ်က္ကပ္တို႔ရဲ့ဓမၼတာအတိုင္း အျမဲခန႔္ဝန္ထမ္း-Permanent ေတြထက္ အစမ္းခန႔္-Temporary ဝန္ထမ္းေတြ လူေလၽွာ့-Furlough လုပ္တဲ့အထဲပါမယ္။ က်န္းမာေရးဝန္ထမ္းေတြ ေရွ႕တန္းကုသေရးမွာ ပိုးကိုက္လို႔ အထိနာၿပီး စံနစ္တစ္ခုလုံးျပင္ရမယ္။ ကာကြယ္ေရးပစၥည္း-Gear, Mask, PPE တို႔မလုံေလာက္မႈအတြက္ျပင္ဆင္ရမယ္။ အသက္ကယ္ေရးပစၥည္း-Ventilator မလုံေလာက္မႈအတြက္နည္းပညာအသစ္ေတြတိုးလာမယ္။ ဒါေပမဲ့ လာမယ္ ၾကာမယ္။ သမၼတထရမ့္ကသာ အေမရိကားစီးပြားေရးကိုျပန္ဖြင့္ခ်င္ေနတာ သူ႔နိုင္ငံသားေတြ ပိုးကိုက္မကိုက္စစ္လို႔မၿပီးေသး၊ အသက္လုလို႔မၿပီးေသး၊ အသက္ကယ္လို႔မၿပီးေသး၊ ကူးလို႔ စက္လို႔မၿပီးေသး၊ ကုန္ကုန္ေျပာရရင္ ေသဆုံးလို႔မၿပီးနိုင္ၾကေသး။ ဘယ္လိုလုပ္စီးပြားေရးကိုျပန္ဖြင့္နိုင္ပါ့မလဲ? ဘယ္လိုလုပ္စက္႐ုံေတြျပန္လည္နိုင္ပါ့မလဲ? ဒီလိုစီးပြားေရးရပ္တန႔္မႈေတြအျပင္ ပြဲလမ္းသဘင္ေတြဆီကမရတဲ့အခြန္အခေတြေၾကာင့္စီးပြားပ်က္ရတာက ၿမိဳ႕ေတာ္-City ေတြ၊ အခု ျမန္မာနိုင္ငံမွာဆိုရင္ သၾကၤန္ပြဲမလုပ္ရေတာ့ စည္ပင္က ငွားရမ္းခအလုံးစုံက ဘာေငြမွမရေတာ့သလို ဆန္ဖရန္စစၥကိုၿမိဳ႕ေတာ္က လိင္တူခ်စ္သူမ်ားစည္း႐ုံးမႈေပ်ာ္ပြဲ-2020 San Francisco Pride Parade အတြက္ သန္းနဲ႔ခ်ီလာတဲ့လူေတြဆီက ဘာအခြန္မွမရေတာ့ဘူး။ ျပည္နယ္အစိုးရေတြခ်ည္းလားဆိုေတာ့ သူတို႔ခ်ည္းခံရတာမဟုတ္ဘူး။ ခရစ္ယာန္ဘာသာေတြအထြဋ္အျမတ္ထားတဲ့ အီစတာပြဲေတာ္ကို လူအမ်ားနဲ႔က်င္းပခြင့္မရတာ သူတို႔ဘာသာအတြက္ အင္မတန္နစ္နာတယ္လို႔ယူဆၾကတယ္။ ဒါေၾကာင့္မို႔ ဒီတစ္ေခါက္ COVID-19 ဗိုင္းရပ္စ္ကိုက္တာ တစ္ကမၻာလုံးရဲ့ နိုင္ငံေရး၊ စီးပြားေရး၊ ဘာသာေရး၊ လူမႈေရး၊ ပညာေရး၊ အိမ္ေထာင္ေရး၊ အလုပ္အကိုင္ျမဲေရး အကုန္လုံးရပ္တန႔္သြားတယ္။ ဆက္ေရးရရင္ ကုန္နိုင္ဖြယ္ရာမရွိဘူး။ စေတာ့ေဈးကြက္နဲ႔ဉီးေဆာင္ေနတဲ့ နယူးေယာက္အိပ္ခ်ိန္းလည္း လူမပါပဲ အြန္လိုင္းကေန ကိန္းဂဏန္းေတြနဲ႔အေရာင္းအဝယ္လုပ္ေနရတယ္။ စာသင္ခန္းေတြပိတ္ထားလို႔ ဆရာနဲ႔ေက်ာင္းသား Zoom ေပၚကေန စာသင္ေနရတယ္။ လူလူခ်င္းထိေတြ႕မႈနည္းေအာင္လို႔ ေမြးေန႔ရွင္ကအိမ္ေရွ႕မွာကိတ္မုန႔္ေလးကိုင္လို႔ ေမြးေန႔လာတဲ့သူေတြက အိမ္ကို ဝိုင္းႀကီးပတ္ပတ္ဒူေဝေဝ ကားဟြန္းတီးၿပီးဆင္ႏြဲၾကရတယ္။ ျမန္မာနိုင္ငံကအဆိုေတာ္ေတြဆိုရင္ အြန္လိုင္းေပၚကေန LIVE လႊင့္ၿပီး ပရိသတ္နဲ႔အဆက္မျပတ္သြားေအာင္ သီဆိုေဖ်ာ္ေျဖေနရတယ္။ ကမၻာႀကီးျပားသြားတယ္ဆိုတာ တစ္ခ်ိန္တုန္းကမယုံခဲ့ဘူး။ အခု ဒီတစ္ေခါက္ေတာ့ ကမၻာႀကီးက ၂ ပတ္ပဲခံတယ္ဆိုတာ ယုံလိုက္ရၿပီ။ အသက္ရႉဖို႔အတြက္ သာမန္ေလသန႔္ေအာက္စီဂ်င္အျပင္ အသက္ကူရႉစက္တပ္ေပးဖို႔ Intubator လိုတယ္ဆိုတာလက္ခံလိုက္ၾကၿပီ။ ကမၻာေပၚမွာ စစ္ပြဲေတြအတိုက္အခိုက္ရပ္စဲမွာထက္စာရင္ "လက္ဆြဲမႏႈတ္ဆက္ေၾကး-No-Handshake Rule" ခ်မွတ္ေရးကပိုအေရးႀကီးတယ္ဆိုတာသိလာၾကၿပီ။ "လက္နက္ပုန္း" နဲ႔ "အဆိပ္ေျဖေဆး" တို႔မွာ သူ႔အာနိသင္နဲ႔သူရွိၾကတယ္။ ဒီ ၂ ခု ကိုပိုင္ဆိုင္ခ်င္လို႔ပဲ ကမၻာမွာစစ္ပြဲေတြျဖစ္ၾကရတာမဟုတ္လား? အခုက ေခတ္ေျပာင္းသြားၿပီ။ “လက္နက္ပုန္း” အတြက္ စစ္တိုက္စရာမလိုသလို “အဆိပ္ေျဖေဆး” အတြက္ ဘာမွစစ္ေလ်ာ္ေၾကးမွေပးစရာမလိုေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ တ႐ုတ္သိုင္းဝတၳဳထဲမွာလို ၂ ခု လုံးပိုင္ဆိုင္ေနတာက တ႐ုတ္နိုင္ငံျဖစ္ေနလို႔ပါ။ ဒါေၾကာင့္ ကမၻာႀကီးမီးေလးခဏမွိတ္ေပးပါ . . မၾကာခင္ အေမရိကားအတြက္ တ႐ုတ္ျပန္လာပါမယ္။ China will be right back for America. ခင္လ်က္ ကိုညီညီ (ေတာင္ႀကီး) 04-11-2020

Sunday, April 5, 2020

ခပ်ခွာခွာနေရမှာက ၃ ပေ လား ၆ ပေ လား?

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့-WHO (World Health Organization) နဲ့ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာ-CDC (Centers for Disease Control and Prevention) [U.S.] တို့ ၂ ဖွဲ့မှာတင် လူအချင်းချင်းခပ်ခွာခွာနေဖို့/လူချဲနေဖို့ Social Distancing ဆိုတာ ဝိဝါဒကွဲနေပါတယ်။

WHO က "Maintain at least 1 meter (3 feet) distance between yourself and anyone who is coughing or sneezing." ချောင်းဆိုး/နှာချေနေသူတွေနဲ့ ၁ မီတာ (၃ ပေ) အကွာအဝေးမှာအမြဲနေပါ။ Why? ဘာကြောင့်လဲ?

When someone coughs or sneezes they spray small liquid droplets from their nose or mouth which may contain virus. ချောင်းဆိုး/နှာချေလိုက်သူတစ်ယောက်ရဲ့နှာခေါင်းနဲ့ပါးစပ်တို့ကမှုတ်ထုတ်လိုက်တဲ့လေထဲက တံတွေးအမှုန်အမွှားတွေထဲမှာ COVID-19 ဗိုင်းရပ်စ်ပိုး ပါဝင်နေနိုင်ပါတယ်။

If you are too close, you can breathe in the droplets, including the COVID-19 virus if the person coughing has the disease. သိပ်နီးကပ်တဲ့နေရာမှာရှိနေရင် အဲဒီအမှုန်အမွှားတွေကို ရှူမိလျက်သားဖြစ်သွားမှာကြောင့်ဖြစ်ပါတယ်? ဒါကိုကြည့်ပြီး WHO က ၃ ပေအကွာမှာ ချဲနေပါလို့ပြောခဲ့တာပါ။

အဓိပ္ပာယ်က ၃ ပေအတွင်း ပိုးသက်ဆင်းနိုင်တယ်။ ဒါကြောင့် လွတ်ရင် ရပြီ။ နောက်ကိစ္စနောက်ရှင်း ဆိုတဲ့ သဘောမျိုးဖြစ်မနေဘူးလား။ ဒါက WHO.

CDC အပြောအရ The best way to prevent illness is to avoid being exposed to this virus. အကောင်းဆုံးနည်းလမ်းက ဖျားနေပြီး ဗိုင်းရပ်စ်ကိုက်နေတဲ့လူကိုရှောင်ဖို့ပဲ . . လို့ တည့်တည့်ရေးပါတယ်။

The virus is thought to spread mainly from person-to-person. အဆိုပါဗိုင်းရပ်စ်ဟာ အဓိကအားဖြင့် လူ ကနေ လူဆီကို (လူအချင်းချင်း) ကူးစက်တတ်တယ်။

Wednesday, March 25, 2020

Ventilator ဆိုတာဘာလဲ?

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

Ventilator-ဗင်တလိတ်တာ ဆိုတာ အသက်ရှူလမ်းကြောင်းက‌တစ်ဆင့်လေရှူသွင်းနိုင် လေရှူထုတ်နိုင်အောင် လူနာကိုအောက်စီဂျင်ပေးတဲ့အသွင်းအထုတ်စက်တစ်မျိုးဖြစ်ပါတယ်။ 

"ဘယ်လိုလူနာတွေ Ventilator ကိုသုံးဖို့လိုတာလဲ?"
ခန္ဓာကိုယ်အားမရှိလို့၊ ကိုယ်ခံအားနည်းပါးလို့၊ အသက်ရှူပေမယ့် လုံလောက်တဲ့လေ (အောက်စီဂျင်) မရတဲ့လူနာတွေက Ventilator ကိုသုံးဖို့လိုပါတယ်။

"Ventilator ကို ဘယ်နေရာမှာသုံးတာလဲ?"
အထူးကြပ်မတ်ဆောင်-ICU (Intensive Care Unit) မှာ ကိုယ်ပိုင်ခွန်အားနဲ့အသက်မရှူနိုင်တဲ့လူနာတွေကို Ventilator သုံးပြီးအသက်ဝဝရှူစေနိုင်ပါတယ်။ Ventilator အများစုမှာ သူ့ချည်းချည်းမဟုတ်ဘဲ အတိုအရှည်ညှိနိုင်တဲ့လေပိုက်နဲ့ချိတ်ဆက်ထားပြီး စောင့်ကြည့်မျက်နှာပြင်-Monitor တစ်ခု အမြဲလိုလိုပါရှိပါတယ်။

"လူနာတစ်ယောက်ဟာ Ventilator သုံးပြီးအချိန်ဘယ်လောက်ကြာအောင်နေနိုင်ပါသလဲ?"
လနဲ့ချီပြီးနေနိုင်ပါတယ်။ လူနာပေါ်မူတည်ပြီး နလံထချိန်ကွာခြားနိင်ပါတယ်။ ရောဂါအပြင်း အပျော့ပေါ်မှာအခြေခံပြီး လဲလျောင်းနေတဲ့လူနာရဲ့အဆုတ်ဟာ သဘာဝအလျောက် အမှီအခိုကင်းကင်း (လေသွင်း/လေထုတ်) အသက်ဘယ်လောက်မြန်မြန်ပြန်ရှူနိုင်သလဲအပေါ်မှာအဆုံးအဖြတ်ပေးပါလိမ့်မယ်။

"လူနာတစ်ယောက်ဟာ Ventilator သုံးနေချိန်မှာသတိရှိနေနိုင်ပါသလား?"
ကုသခံနေရင်းနဲ့လူနာဟာ သက်သာလာတဲ့အချိန်နဲ့တစ်ပြေးညီ သတိရှိ-Conscious ဖြစ်နေနိုင်ပါတယ်။ သတိမေ့နေရင်လည်း ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားနဲ့အသက်ရှူနေရင်း Ventilator ကို မှီခိုနေရဦးမှာဖြစ်ပါတယ်။

"Ventilator သုံးနေတဲ့လူနာရဲ့နားဟာ အကြားအာရုံရှိပါသလား?"
အများအားဖြင့် Ventilator အားကိုးပြီးအသက်ရှူနေသူလူနာကိုနားမကြားဘူးလို့အထင်မှားလေ့ရှိကြတယ်။ အမှန်က လူနာဟာမှိန်းနေတာ၊ သတိမေ့နေတာ၊ သိနေရင်တောင်မတုံ့ပြန်နိုင်တာ၊ စကားပြောထွက်ဖို့ လှုပ်ရှားပြဖို့ခွန်အားမရှိတာကြောင့် လူနာကြည့်သူတွေကအော်ပြောတတ်လေ့ရှိကြတယ်။ ဒီအပြုအမူတွေလူနာရှေ့မှာမလုပ်သင့်ပါ။ လူနာက Ventilator သုံးနေပေမယ့် နားကြားပါတယ်။

"Ventilator သုံးနေတဲ့လူနာဟာလန်းဆန်းနလံထလာနိုင်ပါသလား?"
ကုသမှုခံနေရသူလူနာအများစုဟာ အိပ်ငိုက်နေလေ့ရှိပါတယ်။ ဆေးအရှိန်မပြယ်သေးတာကြောင့် မျက်လုံးတွေဖွင့်ဖို့ခက်ပါလိမ့်မယ်။ ပါးစပ်မှာပိုက်တပ်ထားတာကြောင့်လည်း စကားပြောနိုင်မှာမဟုတ်ပါ။ နလံထဖို့ကြိုးစားနေတဲ့လူနာကိုအနှောင့်အယှက်မပေးသင့်ပါ။

"Ventilator သုံးနေရင်းနှလုံးခုန်ရပ်သွားနိုင်ပါသလား?"
ဦးနှောက်ရပ်သွားပြီလို့သတ်မှတ်ခံရတဲ့လူနာဟာသေဆုံးသွားပေမယ့် အောက်စီဂျင်ကိုပိုက်တွေကနေအဆုတ်ထံကိုမပြတ်ပို့ပေးနေတဲ့ Ventilator ကြောင့် နှလုံးဆက်ခုန်နေနိုင်ပါတယ်။ ဒီစက်ကိုရပ်ဆိုင်းလိုက်တာနဲ့ ခပ်မှေးမှေးခုန်နေတဲ့နှလုံးရပ်သွားမှာပါ။

Sunday, March 22, 2020

A Spark of Curiosity လူသားတို့၏နိုးထခြင်းနှင့်အခြားသိပ္ပံအက်ဆေးများ Review


ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
  မိတ်ဆွေတို့ကို ဒီ စာအုပ် Review ပို့စ်လေးနဲ့ ခရိုနာဗိုင်းရပ်စ်ပိုးတွေကနေဝေးရာကို ခေတ္တခေါ်သွားပါရစေ။

"A Spark of Curiosity လူသားတို့၏နိုးထခြင်းနှင့်အခြားသိပ္ပံအက်ဆေးများ" စာအုပ်ဟာ ပင်လယ်အတန်တန်ကျော်ဖြတ်ပြီးကျွန်တော်နေထိုင်ရာအရပ်ကိုရောက်လာတဲ့ (စာရေးသူကိုယ်တိုင်ပို့တဲ့) ဒုတိယမြောက်စာအုပ်ဖြစ်ပါတယ်။ ပိုစိတ်ဝင်စားဖို့ကောင်းတာက အသည်းစွဲသိပ္ပံဇာတ်လမ်းနဲ့ရှာဖွေတွေ့ရှိမှု-Discovery တွေကိုအမြဲဖတ်ချင်ခဲ့တဲ့၊ ကျောင်းမုန့်ဖိုးထဲကပိုက်ဆံတွေနဲ့သိပ္ပံမဂ္ဂဇင်းတွေဝယ်ဖတ်ခဲ့တဲ့ ငယ်ငယ်တုန်းကအချိန်ကာလတွေကိုပြန်ခေါ်သွားပေးခဲ့လို့ကျေးဇူးတင်နေမိတယ်။

စာရေးသူနာမည်က "သာထက်အောင်" ဆိုတဲ့ စိတ်အားထက်သန်တဲ့လူငယ်တစ်ယောက်ပါ။ စာရေးသူတစ်ယောက်ဖြစ်လာတဲ့သူ့အကြောင်းက ကျွန်တော့ကိုသူ့စာအုပ်ဖတ်ဖြစ်စေဖို့ စိတ်တွန်းအားတွေဖြစ်စေခဲ့တယ်။ အခုခေတ်မှာ သိပ္ပံစာအုပ်ရေးသားသူဟာ လက်ချိုးရေတွက်လို့ရနေတာ သတင်းအမှန်အကန်ပါ။ ဒီလိုအပ်ချက်ကို သာထက်အောင်ကဖြည့်ချင်တယ်။ သူ့ရဲ့ဖြစ်ချင်စိတ်ကြီးမားလွန်းတာကို သူ့ရဲ့ပါရမီဖြည့်ဘက်ကပံ့ပိုးပေးတယ်။ ဒါကြောင့် အဝေးတစ်နေရာကကျွန်တော်ဒီစာအုပ်ကိုဖတ်ခွင့်ရပါတယ်။



လူသားတို့နိုးထခဲ့တာနဲ့ သိပ္ပံကိုစတွေ့ခဲ့တာမဟုတ်ပါ။ လူသားတွေဟာ အယူအဆအမှားတွေကြားမှာ ရာစုနှစ်အများကြီးနေခဲ့ကြရာကနေ ဖြစ်နိုင်ခြေအများစုရှိတဲ့တွေးတောနိုင်သူ-Thinker တွေပေါ်လာခဲ့တယ်။ အမှန်တရားကိုရဲရင့်စွာတင်ပြခဲ့တယ်။ ယုံကြည်မှုအတွက်အသက်တွေစတေးခဲ့တယ်။ သာထက်အောင်က ဒီအကြောင်းတွေနဲ့စာအုပ်ကိုစထားပါတယ်။

လူတွေဟာနီးနီလေးကိုကြည့်ရင်း ခပ်ဝေးဝေးကိုလှမ်းတွေးတတ်တဲ့သတ္တဝါမျိုးပါ။ ဒါကြောင့် ကောင်းကင်မှာမြင်ရတဲ့ကြယ်လေးတွေကိုခြေရာခံရင်း တောင်တွေပေါ်ဘယ်လောက်တက်ကြည့်ကြည့် ကြယ်တွေနဲ့မနီးနိုင်တာကိုမေ့နေတယ်။ သီအိုရီတွေအပေါ်အခြေခံတဲ့တွက်ဆချက်တွေဟာ မျက်စိနဲ့သာကြည့်နေသူတွေကို အဖြေမှန်ပေးဖို့အမြဲခက်ခဲတဲ့အကြောင်း "စကြဝဠာကြီးနှင့်သူ၏လူသားများ" မှာ သူဆက်ရေးတယ်။

Friday, March 20, 2020

ခရိုနာအငြိ ဆန်ဖရန် နဲ့ L.A အရှိအခြေအနေ (March 20th, 2020)

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)


တစ်ကမ္ဘာလုံးပတ်မွှေတဲ့ ခရိုနာအဆုတ်ပြွန်လူသတ်ပိုးဟာ ပင်လယ်အော်ဒေသကိုအခြေချလာတဲ့အခါ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက အိမ်မှာနေဖို့ Shelter in Place အမိန့်အရ မလိုအပ်ဘဲ အပြင်မထွက်ဖို့တားမြစ်ထားပါတယ်။

ဒီအခြေအနေကြားမှာကို ကျွန်တော်ဟာ မဖြစ်မနေခရီးထွက်ခဲ့ရတာမို့လို့ အတွေ့အကြုံတစ်ချို့ နဲ့ ဆန်ဖရန်စစ္စကို နဲ့ L.A တို့ရဲ့လက်ရှိအခြေအနေကို ရေးပြချင်ပါတယ်။

ၐၐၐ ညသန်းခေါင်ယံကျော်ရင် မသွားမဖြစ်ကိစ္စကလွှဲရင် မထွက်ရဆိုလို့ မနက်မလင်းခင်ထွက်ပါတယ်။ သွားရမယ့်ခရီးက () နာရီမောင်းစရာ UCLA ကျောင်းရှိရာ L.A မြို့ကိုပါ။ အစပိုင်းက လူတွေပြောသလို ညမထွက်ရ မာရှယ်လော . . ဘာ . . ညာ လို့ထင်ပြီး စစ်ဆေးမယ့် တိုးဂိတ်တွေမှာ ခရီးထွက်ရတဲ့အကြောင်းရင်းကိုပြရမယ်ထင်ထားတာ ဘာတိုးဂိတ်မှမရှိပါဘူး။

ၐၐၐ Governor ပြောထားတဲ့ Shelter in Place ခရိုင် () ခုကို ကျော်မောင်းပြီးမှသာ L.A ကို ဦးတည်ခေါ်ဆောင်သွားမယ့် အဝေးပြေးလမ်းအမှတ် () I-5 ကိုရောက်ပါတယ်။ ဘာအတားအဆီးမှမရှိပါ။ ထူးခြားတာကတော့ကားလမ်းတွေပေါ်မှာ ကားအရေအတွက် အင်မတန်နည်းပါးနေတာပါပဲ။

ၐၐၐ လမ်းခရီးမှာ စားသောက်ဆိုင်တွေဖွင့်ပါတယ်။ အစားအသောက်ဝင်ဝယ်လို့ရပါတယ်။ ထိုင်စားဖို့နေရာတွေ၊ ထိုင်ခုံတွေ၊ စားပွဲတွေကို တိတ်အဝါပတ်ထားပြီး ချိတ်ပိတ်ထားပါတယ်။

ၐၐၐ ဓါတ်ဆီဆိုင်တွေဖွင့်ပါတယ်။ ကမ္ဘာ့ရေနံဈေးကျလို့ မြို့တွေမှာ ဓါတ်ဆီဆေးကျပေမဲ့ လမ်းမှာ ဓါတ်ဆီဈေးအင်မတန်ကြီးပါတယ်။ အိမ်သာဝင်တက်ဖို့ စောင့်ရဖို့လူတန်းရှည်တွေမရှိတော့ပါ။

ၐၐၐ L.A မြို့ဝင်တာနဲ့ကားတွေများလာပါတယ်။ ၁၉ ရက်နေ့သွားတာဆိုတော့ L.A ကို Shelter in Place သက်ရောက်မှုမရှိသေးပါဘူး။ ဒါပေမဲ့ အမြဲလိုလို ကျောင်းသား (၄ဝဝဝဝ) လောက်နေ့တိုင်းလှုပ်ရှားနေတဲ့ UCLA ရဲ့ (၁၉/ဝ၃/၂ဝ) အခြေအနေအရ နောက်ဆုံးဖိုင်နယ်စာမေးပွဲသီတင်းပတ်ဖြစ်တာနဲ့အညီ ကျောင်းသား (၁ဝဝဝဝ) လောက်တောင်မကျန်တော့ပါဘူး။ (တစ်ချို့ဖြေပြီး၊ တစ်ချို့အွန်လိုင်းတင်၊ တစ်ချို့အိမ်ကြိုပြန်)

Monday, March 16, 2020

ဘာအခုမှ မကိုင်ချင်ဘူး ဖြစ်သွားရတာလဲ?

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
         ပြော မပြောချင်ပါဘူးရှင်။ အရင်ကဆို ကျမကို လူတိုင်းကိုင်ချင်ကြတယ်။ အရပ်ရှည်ရှည် ကျမအမျိုးတွေဆိုရင် ပိုဆိုး အပေါ်ပိုင်းအကိုင်ခံရလိုက် အောက်ပိုင်းအကိုင်ခံရလိုက်။ တစ်ခါတစ်ခါများဆို အောက်ပိုင်းကိုင်ပြီး ဆွဲဖွင့်သွားတယ်။ တစ်ချို့လူတွေဆိုရင် ဆွဲဖွင့်လိုက်ရုံမက ခြေထောက်နဲ့ပါကန်သွားလိုက်သေး. . အဲဒီလို အဲဒီလို။

          အခုတော့များ ကျမကို တံတောင်ဆစ်နဲ့တွတ်တယ်။ အင်္ကျီလက်ဖျံနဲ့တို့တယ်။ လူတစ်ချို့ဆို တစ်သျှူးစက္ကူနဲ့ကိုင်ရတာ နဲ့ လက်အိတ်စွတ်ကိုင်ရတာ နဲ့ မသတီသလို ဘာလိုလိုနဲ့ တကယ်ပဲ တကယ်ပဲ။ လူတွေ လူတွေဆိုတာ ပြောင်းပဲပြောင်းလဲလွယ်နိုင်လွန်းတယ်။

          ကျမတို့က ရှင်တို့လူတွေကို ဘာလုပ်နေလို့လဲ။ ရှင်တို့ပဲ အမျိုးမျိုး။ ကျမကိုမကိုင်ပဲ ရှင်တို့အိမ်ထဲရှင်တို့ဝင်နိုင်လို့လား။ ကျမကိုမကိုင်ပဲ ရှင်တို့မောင်းမယ့်ကားထဲ ဝင်ထိုင်နိုင်လို့လား။ ပြောစမ်းပါ ပြောစမ်းပါ။

        တစ်ချို့က ရမု-Remote နဲ့ အဝေးကလုပ်တယ်သာပြောတာ ကျမကိုမကိုင်ပဲ ဘာကိစ္စမှမပြီး‌‌‌မြောက်ဘူး။ ဒီမှာ တစ်ခါတည်းပြောလိုက်မယ်။ ပုံမှန်ဆက်ဆံနော် ဒါပဲ။ လိုတော့တစ်မျိုး မလိုတော့နောက်တစ်မျိုးမလုပ်နဲ့။

          အခု ခရိုနာဗိုင်းရပ်စ်က အလည်သာလာသွားတာ အချိန်တန်ရင် ပြန်မှာ။ ရှင်တို့ ကျမကို သန့်သန့်ရှင်းရှင်းထား၊ အမြဲတမ်း သုပ်‌ပေးနေ၊ ဆေးရေဖြန်း ဒါဆိုရင် ဘာ‌‌ကြောက်စရာရှိသလဲ။ ရှင်တို့က ကျမကိုကိုင်တဲ့လက်တွေ နဲ့ မျက်နှာကိုင်လိုက်၊ နှာခေါင်းနှိုက်လိုက်၊ မျက်စိပွတ်လိုက် နဲ့ ဖြစ်တာ နည်းတောင်နည်‌သေးတယ်။ အမှန်က ရှင်တို့ကိုက ညစ်ပတ်တာ . . လူဆိုး . .။

“ခရိုနာဗိုင်းရပ်စ်
ကမ္ဘာမြေပေါ်အလည်လာခြင်းကြောင့်
လူအများသန့်ရှင်းစွာနေထိုင်သွားတတ်ခြင်း
အမှတ်တရ”

ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-16-2020


<Zawgyi>

"ဘာအခုမွ မကိုင္ခ်င္ဘူး ျဖစ္သြားရတာလဲ?"
           ေျပာ မေျပာခ်င္ပါဘူးရွင္။ အရင္ကဆို က်မကို လူတိုင္းကိုင္ခ်င္ၾကတယ္။ အရပ္ရွည္ရွည္ က်မအမ်ိဳးေတြဆိုရင္ ပိုဆိုး အေပၚပိုင္းအကိုင္ခံရလိုက္ ေအာက္ပိုင္းအကိုင္ခံရလိုက္။ တစ္ခါတစ္ခါမ်ားဆို ေအာက္ပိုင္းကိုင္ၿပီး ဆြဲဖြင့္သြားတယ္။ တစ္ခ်ိဳ႕လူေတြဆိုရင္ ဆြဲဖြင့္လိုက္႐ုံမက ေျခေထာက္နဲ႔ပါကန္သြားလိုက္ေသး. . အဲဒီလို အဲဒီလို။

          အခုေတာ့မ်ား က်မကို တံေတာင္ဆစ္နဲ႔တြတ္တယ္။ အကၤ်ီလက္ဖ်ံနဲ႔တို႔တယ္။ လူတစ္ခ်ိဳ႕ဆို တစ္သၽွဴးစကၠဴနဲ႔ကိုင္ရတာ နဲ႔ လက္အိတ္စြတ္ကိုင္ရတာ နဲ႔ မသတီသလို ဘာလိုလိုနဲ႔ တကယ္ပဲ တကယ္ပဲ။ လူေတြ လူေတြဆိုတာ ေျပာင္းပဲေျပာင္းလဲလြယ္နိုင္လြန္းတယ္။

          က်မတို႔က ရွင္တို႔လူေတြကို ဘာလုပ္ေနလို႔လဲ။ ရွင္တို႔ပဲ အမ်ိဳးမ်ိဳး။ က်မကိုမကိုင္ပဲ ရွင္တို႔အိမ္ထဲရွင္တို႔ဝင္နိုင္လို႔လား။ က်မကိုမကိုင္ပဲ ရွင္တို႔ေမာင္းမယ့္ကားထဲ ဝင္ထိုင္နိုင္လို႔လား။ ေျပာစမ္းပါ ေျပာစမ္းပါ။

        တစ္ခ်ိဳ႕က ရမု-Remote နဲ႔ အေဝးကလုပ္တယ္သာေျပာတာ က်မကိုမကိုင္ပဲ ဘာကိစၥမွမၿပီး‌‌‌ေျမာက္ဘူး။ ဒီမွာ တစ္ခါတည္းေျပာလိုက္မယ္။ ပုံမွန္ဆက္ဆံေနာ္ ဒါပဲ။ လိုေတာ့တစ္မ်ိဳး မလိုေတာ့ေနာက္တစ္မ်ိဳးမလုပ္နဲ႔။

          အခု ခရိုနာဗိုင္းရပ္စ္က အလည္သာလာသြားတာ အခ်ိန္တန္ရင္ ျပန္မွာ။ ရွင္တို႔ က်မကို သန္႔သန္႔ရွင္းရွင္းထား၊ အျမဲတမ္း သုပ္‌ေပးေန၊ ေဆးေရျဖန္း ဒါဆိုရင္ ဘာ‌‌ေၾကာက္စရာရွိသလဲ။ ရွင္တို႔က က်မကိုကိုင္တဲ့လက္ေတြ နဲ႔ မ်က္ႏွာကိုင္လိုက္၊ ႏွာေခါင္းႏွိုက္လိုက္၊ မ်က္စိပြတ္လိုက္ နဲ႔ ျဖစ္တာ နည္းေတာင္နည္‌ေသးတယ္။ အမွန္က ရွင္တို႔ကိုက ညစ္ပတ္တာ . . လူဆိုး . .။

“ခရိုနာဗိုင္းရပ္စ္
ကမၻာေျမေပၚအလည္လာျခင္းေၾကာင့္
လူအမ်ားသန္႔ရွင္းစြာေနထိုင္သြားတတ္ျခင္း
အမွတ္တရ”

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)

03-16-2020


တိုးပွားလာတဲ့အမေရိကားအစားအသောက်ပို့လုပ်ငန်းတွေ


ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

          ကရိုနာဗိုင်းရပ်စ်ကြောင့်အိမ်မှာနားနေရသူတွေ၊ အလုပ်ပိတ်ထားသူတွေ လက်ရှိအခြေအနေမှာလုပ်နိုင်တဲ့အလုပ်ကိုမေးမြန်းထားသမျှရေးပြချင်ပါတယ်။

          အလုပ်အကိုင်ခွင့်လမ်း‌ပေါများပေမဲ့ဒီနိုင်ငံကိုစရောက်လို့ မဝံ့မရဲဖြစ်နေပါသလား? ကားတော့ကောင်းကောင်းမောင်းတတ်ပြီးအင်္ဂလိပ်စကားပြောဖို့အခက်ခဲဖြစ်နေပါသလား? ဒါဆိုရင်မိတ်ဆွေဟာအမေရိကားမှာအစားအသောက်ပို့တဲ့လုပ်ငန်းကိုစမ်းသပ်ပို့ဆောင်ကြည့်ရင်းဝင်ငွေရှာနိုင်ပါတယ်။
ကားမောင်းနိုင်ဖို့ကားလိုင်စင်အောင်ထားဖို့လိုတယ်။ ဒီအလုပ်လုပ်ဖို့အတွက်ကားအသစ်တစ်စီးမလိုပါဘူး။ သော့ဖွင့်၊ မောင်းထွက်၊ စက်မပျက်တဲ့ အသင့်အတင့်ကားတစီးရှိရင်ရပါပြီ။

          ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသတစ်ဝိုက်မှာတော့ အစားအသောက်ကို အိမ်ကမခွာ လက်ကိုင်တယ်လီဖုန်းနဲ့မှာစားသူတွေ များမှများပါ။ ဒီလိုမှာစားသူတွေများတဲ့အတွက်ပို့ပေးရတဲ့ဝန်ဆောင်မှုအလုပ်ကလည်းအရင်ကလိုခြောက်ခြောက်ကပ်ကပ်မဟုတ်တော့ဘဲ ဝင်ငွေကောင်းလာပါတယ်။ အခုအောက်မှာတော့ကုမ္ပဏီတွေရဲ့App တွေမှာဘယ်လိုစာရင်းပေးသွင်းရပြီး ဘယ်လိုပိုက်ဆံရှာနိုင်မယ့်အကြောင်း‌ရေးပြသွားပါမယ်။


          DoorDash, Postmates, Uber Eats နဲ့ Grubhub ကုမ္ပဏီတွေရဲ့ App တွေမှာ နာမည်၊ လိပ်စာ၊ လူမှုလုံခြုံရေးကတ်ပြားနံပါတ်-SSN/Social Security Number ၊ ကားလိုင်စင် နဲ့ အမေရိကားမှာတရားဝင်အလုပ်လုပ်ခွင့်ရှိကြောင်းသက်သေပြဖို့ Green Card ၊ Work Permit တွေနဲ့ စာရင်းပေးသွင်းပါ။

          သူတို့ဟာမိတ်ဆွေရဲ့အလုပ်ရာဇဝင်နဲ့နောက်ကြောင်းကင်းရှင်းရေး-Background Check လုပ်ပါလိမ့်မယ်။ စောင့်ရတဲ့အချိန်ကာလက အမြန်ဆုံး‌နေ့ချင်းပြီးနဲ့ အကြာဆုံး (၂) ရက်ပါပဲ။ တကယ်လို့မိတ်ဆွေရဲ့ကားမောင်းရာဇဝင်မှာ ဥပဒေအရခွင့်ပြုလို့မရတဲ့အရင်တုန်းကယာဉ်စည်းကမ်းချိုးဖောက်မှုတွေရှိခဲ့ရင်တော့ဒီကိစ္စမှာချောမွေ့ဖို့ခက်ခဲပါတယ်။