 |
ဆောင်းပါးရှင်
- ကိုည်ီညီ ( တောင်ကြီး )
|
.
.
“
အဖေ .. သွားတော့မယ်လေ။ စိတ်လျှော့လိုက်ပါတော့။ ဒါဟာ အငယ်ကောင်ဆိုတာ သေချာပါတယ်။ ကျွန်တော်ဒီအခန်းကိုမဝင်ခင်
ဟိုးအဝေးကြီးကတည်းကသိတယ် ” အဖေ့ကို ကျွန်တော်ချော့တယ်။
အဖေက
“ နေပါဦး။ ငါ့သားကို ငါသေချာကြည့်ပါရစေဦး ” ဆိုပြီး အပြင်ကိုပြန်ထွက်ဖို့ အကြောက်အကန်
ငြင်းနေတယ်။
“
လာပါ .. အဖေရာ ပြန်ရအောင်။ ကြည့်ပါလား .. ဂျူနီယာလေးခင်မျာ သက်တောင့်သက်သာနဲ့ ဘယ်လောက်မှ
မခံစားလိုက်ရဘူး။ အခုဒီလိုအကြောင်းပေါ်တာလည်း ဘုရားသခင်ရဲ့အလိုတော်အတိုင်းပဲ။ သူကောင်းရာဘုံဘဝမှာစံပျော်သွားပါပြီ
.. နော် .. ပြန်ကြရအောင်နော် .. အိမ်မှာ အမေလည်း အငိုတိတ်ဦးမှာ မဟုတ်ဘူး။ အဖေလည်း
သိလျက်သားနဲ့ ” ဒုတိယမိ အဖေ့လက်မောင်းလေးကိုကိုင်လှုပ်ရင်း မျက်ရည်စို့နေတဲ့အဖေ့ကို
တွဲလာရင်း ဒုတိယမိကျလာတဲ့မျက်ရည်တွေကို အဖေမမြင်အောင် ကျွန်တော်သုတ်နေမိပါတယ်။
.
တစ်ကယ်က
အဖေ့ရှေ့မှာ ကျွန်တော်မငိုခဲ့ပါဘူး။ ခပ်လှမ်းလှမ်းကတွေ့လိုက်တော့ သိလိုက်ပြီ။ သူမှသူပါပဲ။
အနီးနားရောက်တဲ့အခါ ကျွန်တော့်ညီဆိုတာ သက်သေခံနိုင်ပြီးတဲ့နောက် ကျွန်တော်မအောင့်နိုင်တော့ဘူး။
ဒါနဲ့ သန့်စင်ခန်း - Restroom ခဏသွားမယ်ဆိုပြီး ရေခဲတိုက်ထဲက လှည့်ထွက်ခဲ့တယ်။ ဟုတ်တယ်
.. ဒီသန့်စင်ခန်းဟာ ကျွန်တော်ငိုရမယ့်နေရာပဲ။ မိသားစုရှေ့မှာ ကျွန်တော်ငိုလို့မဖြစ်ဘူး။
အစ်ကိုကြီးနေရာကနေ တောင့်တောင့်ခံနိုင်ကြောင်း ကျွန်တော်ပြရမယ်။
.
အဖေ့မိသားစုမှာ
ကျွန်တော်အကြီးဆုံးသားပါ။ ကျွန်တော့အောက်မှာ အငယ် ( ၈ ) ယောက် ရှိသေးတယ် .. ဒီထဲက ဂျူနီယာလေးက
အငယ်ဆုံး၊ အားလုံးကအချစ်ဆုံး၊ စာအတော်ဆုံး၊ အထူးချွန်ဆုံး ညီလေးတစ်ယောက်ပါ။ ဒီအကြောင်းတွေပြန်တွေးမိတိုင်း
ကျွန်တော့်ရင်တွေ အရမ်းလေးတယ်။ အသစ်ပြန်ဖြစ်သလို ဆို့နစ်စွာ ခံစားရတယ်။ ကျွန်တော်တို့မိသားစု
ဖိလစ်ပိုင်ကပြောင်းရွှေ့လာတော့ ဟာဝိုင်ယီက နာနတ်သီးစက်ရုံမှာ အိမ်တစ်လုံးရတယ်။ အဖေနဲ့သားကြီးကျွန်တော်က
ဦးဆောင်၊ နာနတ်သီးဆွတ်ပြီး ဈေးကွက်ကိုတင်ဖို့ ပြင်ဆင်ပေးရတဲ့အလုပ်လုပ်တယ်။ အငယ်ကောင်က
ဒီ အမေရိကားရောက်မှမွေးတဲ့ အဖေ နဲ့ အမေရဲ့ အထွေးဆုံးသားရတနာ။ ဒါကြောင့်လည်း အချစ်တွေ
ပိုကြတာ။