ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, March 1, 2014

ကျွန်တော်ဖုန်းဆက်၍ပြန်ရခဲ့သောငွေများ




---- အထင်ကရကုမ္ပဏီကြီးတွေကရောင်းတဲ့ပစ္စည်းတွေမှာ အာမခံ-Warranty ပါရှိကြတယ် ၊ အီလက်ထရောနစ်ပစ္စည်းများမှာတော့ ပျမ်းမျှအာမခံ ( ၁ ) နှစ်ပေးပါတယ် ၊ ကန့်သတ်ချက်တွေတော့ရှိတာပေါ့ အများအားဖြင့် စက်နဲ့လျှပ်စစ်ပစ္စည်းရဲ့လုပ်ဆောင်ချက်တစ်ခုခုပျက်ယွင်းခဲ့တယ်ဆိုရင် ပစ္စည်းရောင်းတဲ့ကုမ္ပဏီ-Vendor ရဲ့ဝန်ဆောင်မှုဋ္ဌာန-Customer Service ကိုဖုန်းနဲ့ဖြစ်စေ အီးမေးလ်နဲ့ဖြစ်စေ ပြန်လည်တင်ပြတောင်းဆို-Claim ခွင့်ရှိပါတယ် ၊ ဘယ်လောက်ရောင်းကောင်းတဲ့ပစ္စည်းဖြစ်ပါစေ စားသုံးသူဝန်ဆောင်မှုမပေးရင် ရေရှည်မရပ်တည်နိုင်ပါဘူး ၊ အမေရိကန်မှာ စားသုံးသူဝေဖန်သုံးသပ်မှု-Consumer Feedback ဟာ ကုမ္ပဏီတစ်ခုရပ်တည်နိုင်ဖို့အဓိကကျောရိုးတစ်ခုလို့ဆိုရင်မမှားပါဘူး ၊ မြန်မာနိုင်ငံမှာ စီးပွားရေးပွင့်လင်းမြင်သာမှုတံခါးအဟကိုအမိအရဝင်ရောက်လာနေကြတဲ့ကုမ္ပဏီတွေ အာမခံ ဝရန်တီ ကို အသည်းအသန်ပြိုင်ဆိုင်ရပါလိမ့်မယ် ၊ စီးပွားရေးလက်ဝါးကြီးအုပ်စံနစ်အောက်မှာ ဝပ်တွားခဲ့ရတဲ့ မြန်မာပြည်သူများ ယခုလိုအလှည့်အပြောင်းခေတ်မှာ ဘာဝယ်ဝယ် အနည်းဆုံးတစ်နှစ်အတွင်းတော့ အသစ်အတိုင်းသုံးရဖို့အလားအလာကောင်းနေပါတယ် ။

Friday, February 28, 2014

ဒီမိုကရေစီအစိုးရကပေးတဲ့ တန်ဖိုးနည်းကျန်းမာရေးစောင့်ရှောက်မှု


---- သတင်းကောင်းတစ်ခုပါတယ်ဗျို့ ၊ မြန်မာနိုင်ငံမှာ ကျန်းမာရေးအာမခံရဖို့ဆွေးနွေးနေတယ်ဆိုပဲ ၊ ကောင်းတာပေါ့ဗျာ ၊ ဆေးမရှိတဲ့ဆေးရုံမှာ အစစ အရာရာ ငွေပေးပြီးပြနေရတာတင်မကဘူး ကိုယ့်ဆေးနဲ့ကိုယ်သွားရတာထက်စာရင် ကျန်းမာရေးအာမခံရှိရင် လူထုအတွက်အဆင်ပြေနိုင်တယ်ပေါ့ ၊ ဒီလိုတွေးကြည့်တာပါ ၊ အထူးကုဆေးခန်းတွေမှာပြတော့ လူများတဲ့အပြင် တိုကင်ကစောင့်ရသေးတယ် ၊ ကိုယ့်အလှည့်ရောက်တော့ ဆရာဝန်ကိုတွေ့လို့ ကိုယ့်ရောဂါအကြောင်းပြောပြရမလားအောက်မေ့ပါတယ် ဆရာဝန်နားကြပ်စမ်းသပ်ဖို့ ဗိုက်ကအကျီင်္လှန်မယ်လို့လုပ်တုန်းရှိသေးတယ် နောက်လူနာက အခန်းတွင်းထဲရောက်နေပြီ ၊ သမားစဉ်ရှိတဲ့ဆရာဝန်ကိုစောင့်ပြရရင်ပိုဆိုးတာ ကြုံဖူးသူတိုင်းသိမှာပါ ၊ ဒီလိုဝေဖန်နေတာ ဆေးခန်းမြေပိုင်ရှင် ၊ ဆေးခန်းပိုင်ရှင် ၊ အစုစပ်ရှယ်ယာများနဲ့ လက်ရှိနာမည်ကြီးသမားတော်ဘဝရောက်အောင်ရင်းနှီးမြု့ပ်နှံခဲ့တဲ့ ဆရာဝန်တွေကို ကိုယ်ချင်းမစာလို့မဟုတ်ပါ ၊ မီဒီယာသမားက မီဒီယာအလုပ်ကိုလုပ်ရပါလိမ့်မယ် ၊ လွဲချော်မှုများ နဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို သင့်တင့်မျှတအောင်ယှဉ်တွဲတင်ပြသွားပါမယ် ။

Sunday, February 23, 2014

ဒီမိုကရေစီနိုင်ငံအရေး ၊ စာပေဟောပြောပွဲ နှင့် စာရေးဆရာဘဝ


             ယခုကဲ့သို့ စာပေဟောပြောပွဲအကြောင်းကိုရေးသားခွင့်ရသည့်အတွက် ခွင့်ပြုသူများ ၊ ဂျာနယ်စီစဉ်ဆောင်ရွက်သူများ နှင့် စာဖတ်ပရိသတ်အပေါင်းကိုကျေးဇူးတင်ကြောင်း စာပေဟောပြောပွဲများအစတွင်ကြားနေကျအတိုင်း ဦးစွာပြောကြားလိုပါသည် ၊ စာပေဟောပြောပွဲများကို အရောင်အသွေးအမျိုးမျိုးဆိုးချယ်၍ပိတ်ပင်လာသည့်ကြားမှ စာပေနယ်ပယ်တွင် တစ်ဖဝါးစာခြေချခွင့်ရသည့်ဘဝကို တစ်နည်းတစ်ဖုံ ကျိတ်ကျိတ်လေးဂုဏ်ယူမိပါသည် ၊ မြို့ပြနှင့် နယ်ဒေသများပါမကျန် စာပေခရီးကြွရောက်လှည့်လည်ဟောပြောပေးကြသော စာရေးဆရာ / ဆရာမများ၏ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားသည့် ဝံသာနုစိတ်ဓါတ်ကို ပိုမိုအထူးပြု၍ဖော်ပြလိုပါသည် ။

စာရေးဆရာများစွာမှ ငှားယူသုံးရသော “ လက်ခုတ်သိပ်တီးမနေနဲ့ဦး ၊ ငါပြောလိုက်တာက တရားမမှု ၊ မင်းတို့လုပ်မှ ရာဇဝတ်မှု ဖြစ်နေဦးမယ် ” ဟူသော စကားပိုင်ရှင် ( သို့မဟုတ် ) လူငယ်များကိုကြည်ညိုသည်ဟုမကြာခဏပြောကြားတတ်သော တစ်သက်တာစာပေဆုရ ဆရာကြီး အောင်သင်း သည် အသက်အရွယ်အာဖြင့် ( ၈၅ ) နှစ်ရှိပြီဖြစ်ငြားသော်လည်း အရေး / အဟော / အပြော စာပေတာဝန်များကို တက်တက်ကြွကြွပါဝင်ပညာပေးနေဆဲဖြစ်သည် ၊ ခေတ် နှင့် စံနစ် ကို စိတ်ညစ်နေရန်မဟုတ်ဘဲ သင်ခန်းစာယူရှေ့ဆက်လှမ်းတက်ရန် လူငယ် နှင့် ကျောင်းသားများကို လက်တွဲခေါ်တတ်သော ဆရာ့ကိုလည်း စာဖတ် / စာပေဟောပြောပွဲနားထောင်ပရိသတ်များက မကြည်ညိုဘဲမနေနိုင်ပါချေ ၊ “ လူလိမ္မာသည် သူတပါးမှားသည်ကိုကြည့်၍ပြင်တတ်သူဖြစ်ပြီး လူမိုက်သည် မိမိကိုယ်တိုင်မှားမှပြင်တတ်သူဖြစ်သည် ၊ ထိုထက်ပို၍မိုက်သောသူကား ကိုယ်ကိုယ်တိုင်မှားသည်ကို ပြင်ရကောင်းမှန်းမသိသူဖြစ်၏ “ ဆိုသည့် ဆရာ၏နှစ်ပေါင်းများစွာမှဟောပြောမှုသည် စာဖတ်သူတို့မမေ့နိုင် ပညာယူရသော အဆုံးအမစကားလုံးများစွာထဲမှ တစ်ခုမျှသာဖြစ်ပါသည် ။

Wednesday, February 12, 2014

ဝင်သူကဝင် ထွက်တာကထွက်

လူသားတို့ရဲ့နှလုံးသားမှာ အပေါက် ( ၄ ) ပေါက်နဲ့အလုပ်လုပ်စေပါတယ် ၊ တစ်ကိုယ်လုံးကိုဖြတ်သန်းသန့်စင်ပြီးတဲ့လုပ်သားသွေးများဟာ မိခင်နှလုံးကို အားသစ်လောင်းဖို့ ပြန်လာကြပါတယ် ၊ တစ်ချိန်တည်းမှာပဲ လန်းဆန်းတက်ကြွတဲ့ လုပ်သားသွေးသစ်များက နောက်ထပ်လုပ်ငန်းဆောင်တာကို ထမ်းဆောင်ဖို့တာထွက်နေကြပါပြီ ၊ မှန်ကန်တဲ့လည်ပတ်မှုစက်ဝိုင်းကြာင့် အားအင်အသစ်များကိုတိုးတက်ဖြစ်ထွန်းစေတာကတော့ သန်မာတဲ့ခန္ဓဖြစ်စဉ် ဖြစ်ပါတယ် ၊ တစ်ကယ်လို့ ဝင်တာကနည်းပြီး ထွက်တာကများနေရင် တစ်နည်းအားဖြင့် အဝင်နဲ့အထွက်ဟာ တစ်နေရာရာမှာ မမျှမတဖြစ်နေခဲ့ရင် ဗဟိုထိန်းချုပ်မှုအောက်က ခန္ဓာကိုယ်ဟာအင်အားချည့်နဲ့ပြီး နောက်ဆုံးမှာ ယိမ်းယိုင်ပြိုလဲဖို့ရာ အကြောင်းဖန်လာနိုင်ပါတယ် ။

Saturday, February 8, 2014

ခိုင်ဇာဆေးရုံသို့နောက်တစ်ခေါက်



ပထမတစ်ခေါက်ရောက်ခဲ့သည်မှာ မိသားစုဝင်များ တုပ်ကွေးကာကွယ်ဆေး-Flu Shot ထိုးတုန်းကဖြစ်သည် ၊ ခိုင်ဇာဆေးရုံကဒ်ပြားပြလိုက်ပြီး မတည့်သည့်ဆေးများရှိလျှင် ပေးထားသည့်ဖေါင်ရှိအကွက်ငယ်များတွင်ကြက်ခြေခတ်ခြစ်ပေးရသည် ၊ ဆေးရုံအာမခံကဒ်ပြားဆိုသည်မှာထူးထူးခြားခြားမဟုတ်ပါ ၊ ဂဏန်း ( ၈ ) လုံးပါသည့် ကျန်းမာရေးမှတ်တမ်းနံပါတ်-Medical Record No. မှာ အဓိကဖြစ်ပြီး ၄င်းတွင် နာမည် ၊ မွေးနေ့ နှင့် ကျား /မ Gender စသည့်ဖောင်းကြွစာများပါဝင်၍ နောက်ဘက်တွင်မှတ်ဥာဏ်သွင်းနိုင်သော သံလိုက်တန်းပါဝင်သည့် ဘဏ်ကဒ်သာသာ ပလပ်စတစ်ကဒ်ပြားဖြစ်သည် ၊ ကျွန်တော် ဖလူးရှော့ထိုးတုန်းကဆိုလျှင် တုပ်ကွေးကြိုတင်ကာကွယ်ရေးကာလဖြစ်၍ ဆေးထိုးလိုသူများလွန်းသောကြောင့် ကားမောင်းဝင်၍ကားပေါ်မှမဆင်းရသော-Drive Through ဆေးထိုးခွင့်ရသည့်စံနစ်ကို ခိုင်ဇာဆေးရုံမှစီစဉ်ပေးချိန်ဖြစ်သည် ၊ ထိုစံနစ်ကြောင့် တန်းစီသည့်လူအုပ်ကြီးကို အလျင်အမြန်လျှော့ချနိုင်ပြီး အလွန်ပင်အလုပ်ဖြစ်ပါသည် ။

Monday, February 3, 2014

ကိုအာကာဟိန်းမေးလို့ဖြေသည်

James Arkarhein 
ဦးလေးရေ ပညာရေးနဲ့ပတ်သက်ပြီး
online ပညာရေးစနစ်ဆိုတာအလုပ်ဖြစ်နိုင်ပါသလားသိပါရစေ၊
မေးသူ - ကိုအာကာဟိန်း

----ကိုအာကာဟိန်း ရဲ့ အမေးကိုပြန်ဖြေလိုပါတယ် ၊ ပညာရေး ဝေးသည်မရှိဆိုတာ စစ်အစိုးရခေတ် တက္ကသိုလ်တွေကို လယ်တော ထဲပို့လိုက်တာကိုပြောတာမဟုတ်ပါဘူး ၊ ရှေးပညာရှိတွေကအစ မိန့်ကြားခဲ့တာပါ ။

---- နိုင်ငံတကာမှာ အွန်လိုင်းပညာရေးဆိုတာ အင်တာနက်အခြေပြု ၂ဝ% ၊ သုတေသနပြုရှာဖွေတာ ၂ဝ% နဲ့ ဖတ်စာအုပ် ( ကြို ) ဖတ်တာ ၆ဝ% သုံးမျိုးပေါင်းစပ်သင်ကြားတာလို့ အကြမ်းဖျင်းမှတ်ယူရပါမယ် ၊ သေချာအောင်ထပ်ရှင်းပြရရင် ၁. တစ်ပတ်မှာ သတ်မှတ်ရက် ၁ ရက်ကိုနောက်ဆုံးထားပြီး အိမ်စာတင်ရပါတယ် ( ဥပမာ - စနေနေ့ည 11:59 PM ) ၊ ၂. ဘာသာရပ်ပေါ်မူတည်ပြီး ဆရာ-Instructor ခိုင်းတာပြီးအောင်လုပ်တင်ရပါတယ် ( ဥပမာ - သင့်ရဲ့စီးပွားရေးစီမံကိန်းကိုစာလုံးရေ ၂ဝဝ ခန့်ရေးပါ ) ၊ ၃. ဖတ်စာအုပ်ဝယ်ရင်ဝယ် ( ခန့်မှန်းခြေ $45 ) ငှားရင်ငှား ( ခန့်မှန်းခြေ $22 ) ပါဝင်တဲ့အခန်း-Chapter ဘယ်တစ်ခုကိုဖတ်ထားပါဆိုရင် ဖတ်ကိုဖတ်မှရပါတယ် ၊ မဖတ်ပဲနဲ့တော့မဖြေနိုင်ပါဘူး ။

---- မေးခွန်းတွေကတော့ ရွေးချယ်ဖြစ်ပြီး ဖြေဆိုချိန် ၂ နာရီရပါတယ် ၊ ၄ လ ကြာတဲ့ Fall ရာသီ နဲ့ ၅ လ ကြာတဲ့ Spring ရာသီတွေမှာ လပတ်စစ်-Midterm စာမေးပွဲ ၃ ခေါက်နဲ့ အတန်းတင်-င်္Final ၁ ခေါက်ဖြေရပါတယ် ၊ စာမေးပွဲဖြေခါနီးမှ ကွန်ပျူတာရှေ့မှာ ၃ နာရီလောက်ထိုင်လိုက်မယ်ဆိုတဲ့စိတ်ကူးနဲ့တော့ ညှာချလို့မရနိုင်ပါဘူး ၊ Online Learning ရဲ့ အဓိကထမ်းပိုးစေတဲ့မောင်းနှင်အားက " ကျောင်းသားကို မဖြစ်မနေ ကိုယ့်ဟာကိုယ်စာဖတ်ခိုင်းတာပါ " ဘဲ ။

----ဖတ်ပြီးသွားရင် အတန်အသင့်လောက်သိ - သိလာရင်စိတ်ပါလာ - စိတ်ပါလာရင် စာမေးပွဲဖြေချင်လာ - ဖြေရင်းနဲ့မသိတာ အင်တာနက်မှာရှာ - စာအုပ်လှန် - Google လုပ် ပြီး ဖြေရတာပျော်စရာကောင်းပါတယ် ၊ တစ်ဖက်က အလုပ်လုပ်ရင်း ကျန်တစ်ဖက်က ဒီဂရီယူနိုင်တဲ့သူတွေအများကြီးပါ ။

---- မြန်မာနိုင်ငံမှာဘယ်လိုသင်ရမှာပါလဲ ? အဓိက စာအုပ်ကို သေသေချာချာဖတ်မယ်ဆိုရင်တော့ အလုပ်ဖြစ်နိုင်ပါတယ်လို့ ဖြေပါရစေ ၊ ရောကျော်ချမယ်ဆိုရင်တော့ အရာမထင်နိုင်ပါဘူးခင်များ - ကျေးဇူးတင်ပါတယ် ။


ကိုညီညီ ( တောင်ကြီး )

Wednesday, January 29, 2014

ထမင်းအဝကျွေးချင်တယ် အမေ


                  
                           ဆာလောင်မွတ်သိပ်နေတဲ့ ခြေရင်းအိမ်ကလူတွေ သားတို့ခြံစည်းရိုးကို ခွကျော်သူကကျော် တွင်းတူးပြီးလာသူကလာ အိမ်နားကိုကပ်နေပါပြီ အမေ ၊ ခေတ်သစ်သိမ်းကျုံးဈေးနှိမ်ဝယ်ယူစံနစ်နဲ့ သားတို့ခြံထွက်ပစ္စည်းတွေကို မျက်စောင်းထိုးနေတဲ့ ခေါင်းရင်းအိမ်ကတော့ အတင်းရော အဓမ္မရော ဘာရောင်းရောင်း လူပါဝယ်နေတယ် အမေ ၊ နှစ်အိမ်ကျော် သိပ်မဝေးတဲ့ အန်ဆီယာဆယ်အိမ်စုတန်းလျားမှာလည်း သားတို့ညီအစ်ကိုတွေ အိမ်ရှင်က ဓါးတပြပြလုပ်နေလို့ သူတို့မျက်နှာကြည့်ပြီးထမင်းမဝကြဘူး အမေ ၊ ဟိုးရှေးအစဉ်ဆက်ဆက်ကတည်းက ဟင်းချိုမှုန့် နဲ့ လီပိုဗီတန် ရောင်းပေးခဲ့တဲ့ ကပ်လျက်အိမ်မှာလဲ ခဏ ခဏ ရန်ဖြစ်နေလို့ သားသူငယ်ချင်းတွေ ထိုင်ရမလို ထရမလိုဖြစ်နေကြတယ် အမေ ၊ ပိုဆိုးတာက သားတို့မသိအောင်ချုပ်ခဲ့တဲ့ အရင်အိမ်ရှင်ရဲ့ ရေတိုင်ကီစာချုပ်ကို နောက်တစ်နှစ်ကျရင် ဘုံပိုင်ဖွင့်ပေးရင်ပေး မပေးရင် ရေဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်နေပါတယ်ဗျာ သားတို့ဘယ်လိုလုပ်ရမလဲ အမေ ။

Tuesday, January 21, 2014

လက်ကိုင်ဖုန်းတစ်လုံးနှင့်တစ်ရက်လုံးအလုပ်ရှုတ်ခြင်း



နောက်တစ်ရက်ဘယ်အချိန်အိပ်ယာကထမလဲဆိုတာ မအိပ်ခင်နာရီနှိုးစက်ပေးရတဲ့အလုပ်ဟာ ခေတ်သစ်ရောဂါတစ်ခုမဟုတ်တော့ပါ ၊ နာရီအသုံးနည်းလာတဲ့ဒီဘက်ခေတ်ကြီးထဲမှာ လက်ကိုင်ဖုန်းဖန်သားမျက်နှာပြင်လဲ ပွတ်လွန်းလို့မွဲခြောက်နေပါပြီ ၊ ပြောတော့သာ Alarm စစ်နေတာ တစ်ကယ်တမ်းနောက်ထပ် ၁ဝ မိနစ်လောက်က ဖေ့စ်ဘုတ်သုံးနေတာနဲ့ အိပ်ချိန်နောက်ကျစမြဲပါ ၊ အိပ်သင့်ပြီလို့အသိလေးဝင်လာတော့ စကရင်မျက်နှာပြင်ကိုလက်ညှိုးလေးနဲ့ဆွဲချပြီး ဘယ်သူ့အချက်ပေးသံ-Notification ရှိလည်းစစ်ရင်း ဖေ့စ်ဘုတ်ပေါ်ကိုပြန်ရောက်သွားတာလဲအကြိမ်ကြိမ်အခါခါ ၊ ဖုန်းကိုတုန်ခါအနေအထား-Vibrate Mode မှာထားပြီး ဒ်ီညတော့ တစ်ကယ်အိပ်ဖြစ်လိုက်ပါပြီ ။

Sunday, January 12, 2014

မြန်မာလိုဖတ်မှာလား ? အင်္ဂလိပ်လိုဖတ်မှာလား ?



           
                စာဖတ်ပါ ၊ စာပေသည်အသိပညာပေးသည် ၊ ပညာတတ်လူငယ်များသာ တိုင်းပြည်ကိုဦးဆောင်နိုင်ဖြစ်မည် ၊ ခေတ်အဆက်ဆက်မြန်မာများအရေးနိမ့်ခြင်းသည် ပညာမတတ်ခြင်းကြောင့်ဖြစ်သည် ၊ လူတစ်စုစစ်အာဏာရှင် ( ၂ ) ဆက် ၄၈နှစ်ကြာမြန်မာနိုင်ငံကိုမည်သို့မည်ပုံအုပ်ချုပ်သွားကြသည် စသောပြောကြားမှုများကို စာအုပ်စာပေများနှင့် စာပေဟောပြောပွဲများတွင် ဖတ်ရ ကြားလာရသည် ။



            နေ့တဓူဝ ဝမ်းစာကို လောက်ရုံငရုံအလျဉ်မီရှာဖွေနေရသောတန်ဖိုးနည်းပြည်သူများကို “ စာဖတ်ပါ “ ဟုတိုက်တွန်းခြင်းသည် အပြောသာလွယ်ပြီး လုပ်ရန်ခက်နေပါသည် ၊ ထို့ကြောင့်ပင် သံဃာတော်များကိုယ်တိုင်ဦးစီးကျင်းပသော စာပေဟောပြောပွဲများခပ်စိတ်စိတ်ပေါ်ပေါက်လာသည် ၊ လူမှုအဖွဲ့အစည်းများက နာမည်ကြီးစာရေးဆရာ / ဆရာမများကိုဖိတ်ကြား၍ အသင်းသားများသာမက မြို့လူထုကိုအသိပညာမျှဝေပွဲများပြုလုပ်ပေးကြသည်ကိုလည်း အားတက်ဖွယ်ရာသိရကြားလာရပါပြီ ၊ ထို့အပြင် အထိမ်းအမှတ်နေ့များ အထူးသဖြင့် စာဆိုတော်နေ့ ၊ အမျိုးသားနေ့ ၊ အာဇာနည်နေ့ တို့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုနေ့ နှင့် ဗာလင်တိုင်းဒေး တို့ကြားတွင်ကျရောက်သောမွေးနေ့ကို ချွေးပျံနေအောင်မနည်းဖော်ထုတ်နေရသော စာရေးဆရာများ၏လည်ချောင်းကွဲအော်သံများကား နဝင်ချိုလှပါတော့သည် ၊ အသွင်သစ်လာသော စာဖတ်နည်းစံနစ်သည် ဆင်းရဲသားနေ့စားအလုပ်သမားများ၏အားလပ်ချိန်ကို စာပေဟောပြောပွဲများ၏မာန်ပါပါပျံလွင့်လာသော ဟောပြောသံများဖြင့်တန်ဖိုးပြောင်းလဲသွားစေပါတော့သည် ။

Monday, January 6, 2014

မိုဘိုင်းဖုန်းပေါ်မှာစာဖတ်နိုင်ရန် Android Mobile App

Kaung Myo Wai ကိုကောင်းမျိုးဝေ ရေးပေးတဲ့ Android Mobile App ကို စာချစ်သူ ၊ အားနာပါးနာဖတ်ပေးသူများ ရယူနိုင်ပါပြီ ။
ကျေးဇူးတင်စွာဖြင့်
ကိုညီညီ - တောင်ကြီး

Android Mobile App

Sunday, December 15, 2013

မေးခွန်းတစ်ရာတွင်မြန်မာနိုင်ငံနှင့်ကိုက်ညီသမျှ



          သူငယ်ချင်းတစ်ဦးထံမှ သူဖြေထားသော အမေရိကန်-နိုင်ငံသားပြုလက်စွဲစာအုပ် မိမိလက်ထဲကိုရောက်လာသည့်နေ့မှစ၍ အမိမြန်မာနိုင်ငံအတွက်တစ်ခုခုရေးချင်နေမိသည် ၊ အမေရိကန်နိုင်ငံသားပြုလက်စွဲစာအုပ်ကိုအဓိက ( ၃ ) ပိုင်းခွဲပြုစုထားရာ ( A ) အမေရိကန်ဒီမိုကရေစီ၏အခြေခံမူများ ၊ ( B ) အစိုးရစံနစ်တည်ဆောက်ပုံ နှင့် ( C ) နောက်ဆုံးအမေရိကန်သမိုင်းနှုင့်အခြားသမိုင်းဝင်အချက်အလက်များ တို့ပါဝင်ကြသည် ၊ ထိုစာအုပ်တွင် မေးခွန်း ( ၁ဝဝ ) ပါဝင်ပြီး အဖြေများကိုပါ ဖော်ပြပေးထားသည် ၊ ဒီမိုကရေစီဘိုးအေ အမေရိကန်နိုင်ငံ၏ သက်တမ်း ၂၂၆ နှစ်ရှိပြီဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေအကျဉ်းကို လေ့လာမိသောအခါ ထိုအထဲမှ အမိမြန်မာနိုင်ငံနှင့်အသုံးတည့်နိုင်မည့် မေးခွန်း ( ၅ ) ခု ကို ထုတ်နှုတ်ဖော်ပြလိုပါသည် ။


မေးခွန်းနံပါတ် ( ၁ ) အမိမြေ၏အမြင့်ဆုံးဥပဒေမှာအဘယ်နည်း ။

Monday, December 9, 2013

ပြန်ဆုံကြပြီ “ ခန်း အကယ်ဒမီ ”





           စာရေးသူ စက်မှုလက်မှု-Machine Tool Technology တက်နေတုန်းက သူနဲ့ ပထမတစ်ခေါက်ဆုံခဲ့ပါတယ် ၊ လူချင်းတော့မဟုတ်ပါဘူး ၊ သူ့နာမယ်နဲ့တင်ထားတဲ့ အင်တာနက်စာမျက်နှာအောက်က သင်္ချာသင်ခန်းစာကို ဆရာက အိမ်စာပေးလို့ပါ ၊ အစက ဖတ်စာအုပ်သင်ရိုးညွှန်းတမ်းထင်နေတာ ဝက်ဘ်ဆိုဒ်ထဲဝင်ကြည့်လိုက်တော့မှ အကျိုးအမြတ်မယူတဲ့ပညာရေးအဖွဲ့ဖြစ်နေပါတယ် ၊ စာရေးသူစဉ်းစားကြည့်တယ် ကျောင်းနဲ့လဲဘာမှမဆိုင်တဲ့သင်ခန်းစာကိုဘာကြောင့်အိမ်စာအနေနဲ့တင်ရတာလဲလို့ ၊ အဲဒါနဲ့ဆရာ့ကို ပေါ်ပေါ်တင်တင်ဘဲမေးလိုက်တယ် “ ဆရာ ဒီအိမ်စာလုပ်ရင် အမှတ်ရမှာလား ၊ ဒါက ဖတ်စာအုပ်ထဲမှာမှ မပါတာ ” ဆိုတော့ ဆရာက “ သင်ရိုးညွှန်းတမ်းထဲမပါပေမယ့် အမှတ်ပေးပါတယ် ၊ အကြောင်းကတော့ ဖတ်စာအုပ် က သူ့လိုမသင်နိုင်ဘူးလေကွယ် ” တဲ့ဗျာ ၊ သူ့ရဲ့ထာဝရပညာရေးဝန်ဆောင်မှုနာမယ်ကတော့ “ KHAN ACADEMY ”  မြန်မာလို “ ခန်း ” ရဲ့အခမဲ့အကယ်ဒမီပညာသင်စံနစ် ဖြစ်ပြီး  တည်ထောင်သူက အိန္ဒယနဲ့ဘင်္ဂလားဒက်နွယ်ဖွား အမေရိကန် လူဝီစီယားနားပြည်နယ် ၊ နယူးအောလင်းမြို့ဇာတိ ၊ အမေရိကန်နိုင်ငံသား “ ဆယ်လမ်ခန်း ” ဖြစ်ပါတယ် ။