ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, January 10, 2016

ဆီလီကြန္ေတာင္ၾကား တစ္ရက္တည္းသြားခရီးစဥ္












ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

.
ငယ္ဘဝတုန္းက ပုဂံဘုရားဖူးေရာက္ခဲ႕ေတာ႕ “ ျမတ္စြယ္ေတာ္ေလးဆူ မြန္းမလြဲခင္ကူး ” ဆုိတဲ႕ မြန္ျမတ္တဲ႕အေလ႕အက်င္႕ေလးကို အေသအခ်ာမွတ္ထားခဲ႕မိတယ္။ ေက်းဇူးရွိတဲ႕အစ္မတို႕လင္မယားေခၚတဲ႕အခါ ( ၂ဝဝ၉ ) ခုႏွစ္မွာ အေမရိကားကိုအေျခခ်ခြင္႕ရခဲ႕တဲ႕အထိ အဲဒါေလးကို မေမ႕ႏိုင္ခဲ႕ဘူး။ ေရာက္ျပီးေနာက္တစ္ရက္မွာ ဆန္ဖရန္စၥကို Bay Bridge ကို ခ်မ္းခ်မ္းစီးစီးေလၾကီးၾကီးမွာ မအားတဲ႕ၾကားကလုိက္ပုိ႕ေပးတဲ႕ အစ္ကိုလိုအားကိုးရသူ အစ္မအမ်ိဳးသားရဲ႕ေက်းဇူးကိုလည္း အျမဲအမွတ္ရေနတယ္။ ဒါေၾကာင္႕  ဒီဘက္ေျမကိုေရာက္တဲ႕အခါမွာလည္း ဒီလိုတန္ဖိုးရွိတာေတြကို တစ္ရက္တည္း တစ္ဆက္တည္းသြားဖို႕စိတ္ကူးကုိ ေန႕စဥ္ရက္ဆက္ စုေဆာင္းလာမိတယ္။
.
.
အေမရိကန္ႏိုင္ငံဟာ ဗုဒၶဘာသာကိုးကြယ္တာမဟုတ္လို႕ ကြ်န္ေတာ႕အစီအစဥ္က ေအာင္ျမင္ဖို႕မလြယ္ဘူးဆိုတာ ကြ်န္ေတာ္သိပါတယ္။ ခ်စ္ျခင္းေမတၱာျဖင္႕ေအာင္ျမင္ျပီး ခြင္႕လႊတ္ျခင္းတရားဓမၼျဖင္႕နာမည္ၾကီးတဲ႕ ျမန္မာႏုိင္ငံကေနေခတၱစြန္႕ခြာခဲ႕တဲ႕ကြ်န္ေတာ္ဟာ အေမရိကားဆိုတာ ဘာနဲ႕ရွင္သန္သလဲ? ဘာနဲ႕ကမၻာၾကီးကိုဦးေဆာင္ျပီး စီးပြားေရးအေအာင္ျမင္ဆံုးအဆင္႕ကိုတက္လွမ္းခဲ႕သလဲဆုိတာကို ဆင္႕ပြားႏြယ္ကူးေလ႕လာလုိက္တဲ႕အခါ နည္းပညာ - Technology ဆိုတဲ႕အေျဖကိုေတြ႕ပါတယ္။
.
ဒီလိုနဲ႕ အလွဴလုပ္ရင္းဘုရားပတ္ဖူးမယ္႕စိတ္ကူးကို ကြ်န္ေတာ္ေနတဲ႕ပင္လယ္ေအာ္ေဒသ - Bay Area တစ္ဝုိက္က ကမၻာ႕နည္းပညာကုမၸဏီေတြကို တစ္ရက္တည္းနဲ႕ ( အျပီး ) လည္ခြင္႕ရွိမယ္႕ အသြင္းေျပာင္းစြန္႕စားခန္း - Alternative Adventure အျဖစ္ အစီအစဥ္ခ်ခဲ႕တယ္။ ဒါေပမယ္႕ ဒီစိတ္ကူးဟာ ေတာ္ေတာ္နဲ႕အေကာင္အထည္မေပၚခဲ႕ဘူး။
.
.
ဒီလိုနဲ႕ ကြ်န္ေတာ္ Google ဆိုင္းဘုဒ္ကို ပထမဦးဆံုးျမင္ဖူးလာတယ္။ ငယ္သူငယ္ခ်င္းရဲ႕သား အေမရိကားမွာေက်ာင္းလာတယ္မယ္ဆုိတုန္းက သူတုိ႕စကၤာပူကေနလာေတာ႕ Apple နဲ႕ Stanford University တုိ႕တစ္ဆက္တည္းေရာက္ျဖစ္တယ္။ ေနာက္ပိုင္း စကၤာပူက Networking Engineer ကိုစိုင္းလင္းသူလာလည္ေတာ႕ ဆန္ဖရန္စစၥကိုက ငွက္ကေလး Twitter ရဲ႕ရံုးခ်ဳပ္ကို လုိက္ပို႕ျဖစ္တယ္။ ဒီေလာက္ပဲ..။
.
.
အခု ( ၂ဝ၁၆ ) ခုႏွစ္ဦးႏွစ္ဖ်ားမွာေတာ႕ ဒီအစီအစဥ္ကိုအေကာင္အထည္ေဖာ္ဖို႕ အေၾကာင္းဆံုးလာပံုေလးက ဒီလုိပါ..။ ျမန္မာႏုိင္ငံျပန္ခ်င္သူမ်ား နဲ႕ ႏုိင္ငံျခားသြားခ်င္သူမ်ားစကားဝုိင္းမွာ သိကြ်မ္းျပီး ကြ်န္ေတာ႕ကိုေမးခြန္းေမးတဲ႕လူငယ္တစ္ေယာက္ရွိတယ္။ သူက ဒီႏုိင္ငံကိုေက်ာင္းလာတက္ခ်င္တယ္။ မိဘရဲ႕ေငြကိုသိပ္မသံုးခ်င္ဘူး။ ဒါေၾကာင္႕ ၾကိဳးစားပမ္းစားေက်ာင္းတက္ရင္း အခ်ိန္ပိုင္းအလုပ္လုပ္ဖို႕အခြင္႕အလမ္းေတြကို ကြ်န္ေတာ႕ကို မၾကာခဏေမးတယ္။
.
ေနာက္ဆံုးမေတာ႕ သူ႕ရဲ႕မျပတ္အားထုတ္တဲ႕လံု႕လေၾကာင္႕ ဆန္ဖရန္စစၥကို နဲ႕ ကုန္းတြင္းပိုင္းကိုကူးတဲ႕တံတားၾကီး ( ၃ ) စင္းအနက္က နာမည္ၾကီး ဆန္မေထးယိုတံတား - San Mateo Bridge အနီးက San Mateo College မွာ ေက်ာင္းရတယ္။ ဒီလုိနဲ႕ ေက်ာင္းတက္ဖုိ႕ ျပီးခဲ႕တဲ႕ဒီဇင္ဘာလကေရာက္လာျပီး ေက်ာင္းရဲ႕ အၾကိဳႏႈတ္ဆက္ျခင္း - Orientation ကုိ အမွီတက္ႏုိင္ခဲ႕တယ္။
.
.
သူ႕အေဖရဲ႕မိတ္ေဆြက ဆန္ဖရန္စစၥကုိျမိဳ႕ေဘးနားက ျမန္မာေတြအေနမ်ားတဲ႕ ေဒးလီစီးတီး - Daly City မွာေနေတာ႕ အဲဒီမွာတင္ သူ႕ကုိအခန္းတစ္ခန္း ငွားေပးလုိက္တယ္။ ဒါနဲ႕သူက ေက်ာင္းသြားဖို႕ အသြား ( ၂ ) နာရီခြဲ နဲဲ႕ အျပန္လည္း အဲဒီေလာက္ထပ္ၾကာေအာင္ ဘတ္စ္ကားစီးရတယ္ ..  ျမိဳ႕ ( ၂ ) ျမိဳ႕က ၾကားမွာ အေဝးၾကီးေလ။
.
အဲဒီအခ်ိန္မွာ လြန္ခဲ႕တဲ႕ ( ၇ ) လေလာက္က DV ထီေပါက္ျပီးေရာက္လာတဲ႕ ေအာင္ပန္းကေကာင္ေလးတစ္ေယာက္က ေဒးလီစီးတီးမွာေနတာကို သြားသတိရမိတယ္။ သူတုိ႕ ( ၂ ) ေယာက္က အရြယ္တူေတြပဲဆုိေတာ႕ အေပါင္းအသင္းမရွိတဲ႕အေမရိကားမွာ သူငယ္ခ်င္းျဖစ္ေအာင္ ကြ်န္ေတာ္ကၾကားထဲကေနခ်ိတ္ေပးလုိက္ေတာ႕ ( ၂ ) ေယာက္လံုး လိုလိုလားလားလက္ခံၾကတယ္။
.
ဒီလိုနဲ႕သူတုိ႕အားတဲ႕တစ္ရက္ကုိ ကြ်န္ေတာ္အလုပ္ကခြင္႕ယူျပီး ေဒးလီစီးတီးကိုသြားမယ္လို႕စဥ္းစားမိေပမယ္႕ အလုပ္လုပ္ေနျပီျဖစ္တဲ႕ ေအာင္ပန္းကေကာင္ေလးရဲ႕အားရက္နဲ႕ညိွမရခဲ႕ဘူး။ အခုေတာ႕ ဒီတစ္ပတ္စေနေန႕မွာ ခ်ိန္းျဖစ္ခဲ႕ေတာ႕ သူတုိ႕ကုိ ကြ်န္ေတာ္ေနတဲ႕ျမိဳ႕နားအထိ ရထား - Bart (Bay Area Rapid Transit) စီးလာခုိင္းလုိက္ျပီး ကားနဲ႕ ကြ်န္ေတာ႕ရဲ႕ “ ဆီလီကြန္ေတာင္ၾကား တစ္ရက္တည္းသြားခရီးစဥ္ ” ကို အေကာင္အထည္ေဖာ္ခြင္႕ရခဲ႕ပါတယ္။
.
.
ကြ်န္ေတာ္ဆြဲထားတဲ႕ေျမပံုကို ကြန္ပ်ဴတာမွာဆင္ရင္း ပရင္တာနဲ႕ထုတ္ေနတာၾကာေနလို႕ သူတုိ႕ကိုသြားၾကိဳတဲ႕အခ်ိန္နည္းနည္းေနာက္က်ခဲ႕တယ္။ သူတုိ႕ႏွစ္ေယာက္လံုးအတြက္ ကုန္းတြင္းပိုင္းျမန္မာေတြအေနမ်ားတဲ႕ ဖရီးေမာင္႕ - Fremont ျမိဳ႕နားကိုလာတာ ဒါပထမဦးဆံုးအၾကိမ္ဆိုတာ ေသခ်ာတယ္။ ၾကိဳတင္ဆြဲထားတဲ႕အစီအစဥ္အရ ပင္လယ္ေအာ္ေဒသရဲ႕ ဒမ္ဘာတန္ - Dumbarton တံတားကိုမျဖတ္ခင္ ေလာင္းၾကီးထက္ - Logitech ကုမၸဏီကုိေရာက္ေတာ႕ ျမဴေတြက်ေနတုန္းပါ။ ကုမၸဏီအနားမေရာက္ခင္ လယ္ကြင္းေတြကိုျဖတ္သြားရေတာ႕ သိပ္မၾကာခင္ ဆီလီကြန္ေတာင္ၾကားဘက္ကုိ တံတားကူးရေတာ႕မယ္ဆုိတာ သိလုိက္ရတယ္။
.
မင္းတုိ႕ ဒီ Logitech ဆုိတာ ဘာထုတ္တဲ႕ကုမၸဏီလဲလုိ႕ေမးေတာ႕ သူတို႕ ( ၂ ) ေယာက္လံုးက မသိၾကဘူးေလ။ ဒါနဲ႕ ကြ်န္ေတာ္က ကြန္ပ်ဴတာဆက္စပ္ပစၥည္းေတြထုတ္တဲ႕နာမည္ၾကီးကုမၸဏီလို႕ ကြ်န္ေတာ္ေျပာျပလုိက္ရတယ္။ အဲဒီကေနထြက္ျပီး တံတားျဖတ္ခ ( ၅ ) ေဒၚလာေပးျပီးတဲ႕အခါ တံတားအျမင္႕ပိုင္းကိုေရာက္ေတာ႕ စုိစြတ္ထုိင္းမိႈင္းေနတဲ႕ရာသီဥတုေအာက္က ေရစပ္ေျမေပ်ာ႕ေတြရဲ႕အဆံုးမွာ သစ္ပင္ေတြၾကား လဲေလ်ာင္းေနတဲ႕ နာမယ္ၾကီးလူမႈကြန္ယက္ Facebook ကုိ ေရာက္ပါျပီ။ Facebook ရဲ႕ဝန္းထဲကို ကြ်န္ေတာ္တုိ႕ကားေကြ႕ဝင္လုိက္တဲ႕အခါ လမ္းလည္ေခါင္မွာရပ္ေနတဲ႕ကားကုိ ေရႊ႕ဖို႕ေျပာေနတဲ႕ ကုမၸဏီလံုျခံဳေရးကားကိုေတြ႕ရတယ္။
.
.
ကားလမ္းကူးျပီးသြားတဲ႕အခါ Facebook ဆုိင္းဘုဒ္ၾကီးရဲ႕ေနာက္ေက်ာဘက္မွာ Sun Micro System ဆိုတဲ႕တံဆိပ္ကိုေတြ႕ေတာ႕ အရင္နာမည္မၾကီးခင္က ကုမၸဏီရပ္တည္ႏုိင္ေအာင္ ဆီလီကြန္ေတာင္ၾကားတစ္ခြင္ ရင္းႏွီးျမွဳပ္ႏွံသူလုိက္ရွာခဲ႕ရတဲ႕ မာ႕ခ္ဇတ္ဂါဘတ္ အေၾကာင္းကုိ ဆက္စပ္ျပီးေတြးမိတယ္။ မေျပာရင္လည္းမျဖစ္ျပန္ပါဘူး .. မုိးေအးေအး မိုးေလးတစ္ဖြဲဖြဲ နဲ႕ ျမဴေတြအုပ္ရံုမက ေလတုိက္တဲ႕ၾကားထဲရပ္ျပီး ရွိဳးထုတ္ဓါတ္ပံုရုိက္ခံရတဲ႕ကြ်န္ေတာ္တုိ႕ဟာ ေပါက္ေတာရွာရပါတယ္။ ဒါနဲ႕ မ်က္ႏွာခ်င္းဆိုင္က ဟမ္ဘာဂါေရာင္းတဲ႕ Jack in the Box ဆိုင္ထဲကို ေပါင္မုန္႕မဝယ္စားပဲ ဝင္ေပါက္ခဲ႕ရပါတယ္။
.
ကားနဲ႕ဆက္ထြက္လာတဲ႕အခါ မႏၱေလးအဝင္နဲ႕ခပ္ဆင္ဆင္တူတဲ႕ ရာသီဥတုေအးတဲ႕ စတင္းဖို႕ဒ္ - Stanford ျမိဳ႕ကို စဝင္လာတယ္။ တစ္နည္းအားျဖင္႕ ျမိဳ႕ကလူထုအေပၚမွီခိုတယ္။ လူထုက လုပ္ငန္း - Industry ေပၚတည္မွီတယ္။ လုပ္ငန္းဆိုတာ အားမနာတမ္းေျပာရရင္ ပြဲစားလုပ္ႏုိင္သူ ႏုိင္စတမ္းပါပဲ။ ဒါကိုသက္ေသျပလိုက္တာကေတာ႕ ေရွးေဟာင္းအေမြအႏွစ္ေတြကို အဆက္မျပတ္ထိန္းသိမ္းရင္း အလယ္မွာဘုရားရွိခုိးေက်ာင္းရွိရံုမက ပညာတတ္မ်ားစြာကုိ ေစ်းၾကီးၾကီးေမြးထုတ္ေပးေနတဲ႕ စတင္းဖို႕တကၠသိုလ္ - Stanford University ျဖစ္ပါတယ္။
.
.
ေက်ာင္းအနီးမွာ ေက်ာင္းသားရြာလုိျဖစ္ေနတဲ႕ ပညာေရးအသိုင္းအဝုိင္းကိုေတြ႕ရတယ္။ တစ္ဆက္တည္းစဥ္းစားရင္း ေက်ာင္းသား နဲ႕ ဆရာတုိ႕ အဆင္ေျပေျပစာသင္ႏုိင္ဖို႕လုပ္ေပးရတာေလာက္လြယ္ကူျပီး ေအးေအးေဆးေဆးအခြန္ထုိင္ေကာက္ေနရတဲ႕အလုပ္ကို ကြ်န္ေတာ္တုိ႕ျမန္မာႏုိင္ငံအစုိးရအဆက္ဆက္ မလုပ္ျဖစ္ခဲ႕တာလား? အေၾကာျပတ္သြားတာလားဆုိတာ ဆက္စပ္မေတြးပဲမေနႏိုင္ခဲ႕ဘူး။
.
သစ္ပင္ရွည္ၾကီးေတြ၊ အုန္းပင္လတ္ေလးေတြ၊ တစ္ခ်ိဳ႕ဆုိ ကြ်န္ေတာ္မေခၚတတ္တဲ႕အပင္ေတြ နဲ႕ စိမ္းလမ္းစိုစြတ္တဲ႕ျမက္ခင္းေကာ္ေဇာေတြၾကားကေန ေကြ႕ေကြ႕ေကာက္ေကာက္သြားလိုက္ရင္ ကြန္ပ်ဴတာအထင္ကရ HP – Hewlett Packard ကုမၸဏီကုိေရာက္ပါတယ္။ ဒါေပမယ္႕ ရံုးပိတ္ရက္မို႕ ဝင္ေပါက္လမ္းေတြအကုန္လံုးပိတ္ထားၾကတယ္။ ဒါနဲ႕ ကြ်န္ေတာ္တုိ႕ဒီေနရာကိုေရာက္ခဲ႕တဲ႕အေနနဲ႕ ဆိုင္းဘုဒ္ဝုိင္းအျပာေလးကိုပဲ ဓါတ္ပံုရိုက္ခဲ႕ၾကတယ္။
.
.
HP ဆုိတာ စတင္တည္ေထာင္သူ  William (Bill) Redington Hewlett  နဲ႕ Dave Packard တို႕ႏွစ္ဦးရဲ႕ ထိပ္စီးနာမည္ေတြကုိေပါင္းျပီး အဖ်ားဆြတ္ေခၚတယ္ဆုိတာကိုေတာ႕ ေကာင္ေလး ( ၂ ) ေယာက္ကုိ မရွင္းျပလိုက္မိဘူး။ ေနာက္ျပီး သူတုိ႕ကားဂုိေဒါင္တစ္ခုမွာစခဲ႕တဲ႕ HP ကုမၸဏီဟာ အခုကြ်န္ေတာ္တုိ႕ေရာက္ေနတဲ႕ ပါလိုအားထုိ - Palo Alto ျမိဳ႕မွာရွိတယ္ဆုိတာ မသိၾကရွာဘူးေလ။
.
အဲဒီကေန ( ၁၂ ) မိနစ္ေလာက္ဆက္ေမာင္းေတာ႕ လင္႕ကင္ - LinkedIn ကုမၸဏီကုိေရာက္ပါတယ္။ ေကာင္ေလး ( ၂ ) ေယာက္ကိုေမးေတာ႕ ဒီကုမၸဏီကိုလည္း သူတုိ႕မသိျပန္ပါဘူး။ ဒါနဲ႕ သံုးစြဲသူ သန္း ( ၄ဝဝ ) ေက်ာ္ရွိတဲ႕ အဆင္႕ျမင္႕ပညာတတ္ကြန္ယက္ - Professional Network ျဖစ္တဲ႕အေၾကာင္း၊ ေဖ႕ဘြတ္ခ္ လိုပဲ တစ္ဦးနဲ႕တစ္ဦး ဆက္သြယ္လို႕ရျပီး တတ္ထားတဲ႕ပညာ၊ လုပ္ကိုင္ေနတဲ႕ရာထူး နဲ႕ တည္ေထာင္ထားတဲ႕ကုမၸဏီ စတာေတြကုိ ကိုယ္ေရးအက်ဥ္း - Profile မွာထည္႕သြင္းထားရံုနဲ႕ ကမၻာေက်ာ္ပုဂိၢဳလ္မ်ားနဲ႕ ထိေတြ႕ႏုိင္ရံုမက သူတုိ႕ရဲ႕မွ်ေဝမႈမ်ားကို ေနာက္လိုက္ - Follow ႏုိင္မယ္႕အေၾကာင္း ေျပာေတာ႕လည္း သူတို႕က အင္းမလုပ္ အဲမလုပ္နဲ႕ ကြ်န္ေတာ္မ်ား မွားေနျပီလားလုိ႕ ေတြးမိျပန္ပါတယ္။
.
.
ဒီကုမၸဏီနဲ႕နယ္နိမိတ္ျခံဝင္းခ်င္းဆက္စပ္ေနတာက ဧရာမရွာေဖြအင္ဂ်င္ၾကီး           Google ျဖစ္ပါတယ္။ အရင္တစ္ေခါက္ ( ၄ ) ႏွစ္ေလာက္ကေရာက္တုန္းက Google နဲ႕ YouTube တုိ႕ပူးေပါင္းက်င္းပတဲ႕ ကုိးရီးယားသီခ်င္းဆိုအဖြဲ႕ - K Pop လာဆိုတုန္းကဆုိ အထဲကုိဘယ္လိုဝင္ရျပီး ဘယ္နားသြားဓါတ္ပံုရုိက္ရမယ္မွန္းမသိတာမ်ိဳး အခုတစ္ေခါက္မျဖစ္ေတာ႕ဘူး။ GooglepLex ဆုိတဲ႕ နယ္ေျမအၾကီးၾကီးထဲကိုဝင္လိုက္တဲ႕အခါ ဂ်ာနယ္ေတြ နဲ႕ အင္တာနက္ေပၚမွာသာေတြ႕ရတဲ႕ ဂူးဂဲလ္ရဲ႕အလိုအေလ်ာက္ေမာင္းႏွင္တဲ႕ကား - Google Self Driving Car အေသးေလးကို မွန္အျပည္႕အေဆာက္အဦထဲမွာ ေတြ႕ရပါတယ္။
.
မ်က္ႏွာခ်င္းဆိုင္ကိုၾကည္႕လုိက္တဲ႕အခါ Google Logo ေရးထုိးထားတဲ႕ ပင္မအေဆာက္အဦေရွ႕မွာ ေရာင္စံုစက္ဘီးေတြ တန္းစီထုိးထားေနေလရဲ႕။ ခပ္လွမ္းလွမ္းမွာ ကမၻာမွာသံုးစြဲမႈအမ်ားဆံုး လက္ကိုင္ဖုန္းေဆာ႕ဝဲလ္ အမ္းဒရုိက္ - Android ရဲ႕ အရုပ္ေလးကုိေတြ႕ရပါတယ္။ ဒီကေန ကြ်န္ေတာ္တို႕တစ္ေယာက္တစ္စီးစက္ဘီးေလးေတြခြျပီး ပလက္ေဖာင္းခင္းထားတဲ႕ ဂူးဂဲလ္ရဲ႕လူေလွ်ာက္လမ္းေတြအတိုင္း နင္းလာခဲ႕တယ္။ ေရစီးေနတဲ႕ေခ်ာင္းငယ္ေလးကုိဆက္ထားတဲ႕သစ္သားတံတားေလးကိုျဖတ္သန္းအျပီးမွာ လူ ( ၇ ) ေယာက္ဝိုင္းၾကီးပတ္ပတ္ထုိင္နင္းရတဲ႕ စက္ဘီးအဝါေလးကိုေတြ႕ေတာ႕ အားရဝမ္းသာဓါတ္ပံုရုိက္ၾကတယ္။
.
.
လာရာလမ္းအတိုင္းစက္ဘီးျပန္စီးလာတဲ႕အခါ အလုပ္ခြင္မွာဆံပင္ညွပ္ေပးတဲ႕ ေလအိတ္ကားၾကီးကိုေတြ႕ပါတယ္။ သူ႕ဝန္ထမ္းေတြ အလုပ္နားခ်ိန္ ဘယ္အခ်ိန္မဆို အခမဲ႕ဆံပင္ညွပ္ႏုိင္ေအာင္ Google က ငွားေပးထားတဲ႕ ကုမၸဏီရဲ႕ကားပါ။ ဒါနဲ႕ စံုျပီေပါ႕ .. ျပန္ေတာ႕မယ္အလုပ္မွာ ျမင္ကြင္းတစ္ခုကိုေတြ႕လို႕ စိတ္ဝင္စားျပီး ဓါတ္ပံုရုိက္ခဲ႕တယ္။ ရုတ္တရက္ၾကည္႕လုိက္ရင္ ျမန္မာႏုိင္ငံက ကြမ္းယာေရာင္းတဲ႕ဆိုင္ေလးနဲ႕တူလို႕ အနီးကပ္ၾကည္႕လုိက္ေတာ႕ ေသေသသပ္သပ္စာေရးထားတဲ႕ အမိႈက္ပံုးစံုတြဲမွန္း သိလိုက္ရတယ္။ ဒါနဲ႕ အမ်ိဳးေတြကုိျပဖို႕ လမ္းတားတဲ႕ကန္ေတာ႕ - Cone နဲ႕ အတူ ဓါတ္ပံုရုိက္ခဲ႕ပါတယ္။
.
ဆက္ပါမည္
.
ခင္လ်က္
.
01-10-2016
.
.
.
Myanmar Unicode Version:
.
.
ဆီလီကွန်တောင်ကြား တစ်ရက်တည်းသွားခရီးစဉ် ( ၁ ) ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ငယ်ဘဝတုန်းက ပုဂံဘုရားဖူးရောက်ခဲ့တော့ “ မြတ်စွယ်တော်လေးဆူ မွန်းမလွဲခင်ကူး ” ဆိုတဲ့ မွန်မြတ်တဲ့အလေ့အကျင့်လေးကို အသေအချာမှတ်ထားခဲ့မိတယ်။ ကျေးဇူးရှိတဲ့အစ်မတို့လင်မယားခေါ်တဲ့အခါ ( ၂ဝဝ၉ ) ခုနှစ်မှာ အမေရိကားကိုအခြေချခွင့်ရခဲ့တဲ့အထိ အဲဒါလေးကို မမေ့နိုင်ခဲ့ဘူး။ ရောက်ပြီးနောက်တစ်ရက်မှာ ဆန်ဖရန်စ္စကို Bay Bridge ကို ချမ်းချမ်းစီးစီးလေကြီးကြီးမှာ မအားတဲ့ကြားကလိုက်ပို့ပေးတဲ့ အစ်ကိုလိုအားကိုးရသူ အစ်မအမျိုးသားရဲ့ကျေးဇူးကိုလည်း အမြဲအမှတ်ရနေတယ်။ ဒါကြောင့်  ဒီဘက်မြေကိုရောက်တဲ့အခါမှာလည်း ဒီလိုတန်ဖိုးရှိတာတွေကို တစ်ရက်တည်း တစ်ဆက်တည်းသွားဖို့စိတ်ကူးကို နေ့စဉ်ရက်ဆက် စုဆောင်းလာမိတယ်။
.
.
အမေရိကန်နိုင်ငံဟာ ဗုဒ္ဓဘာသာကိုးကွယ်တာမဟုတ်လို့ ကျွန်တော့အစီအစဉ်က အောင်မြင်ဖို့မလွယ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ချစ်ခြင်းမေတ္တာဖြင့်အောင်မြင်ပြီး ခွင့်လွှတ်ခြင်းတရားဓမ္မဖြင့်နာမည်ကြီးတဲ့ မြန်မာနိုင်ငံကနေခေတ္တစွန့်ခွာခဲ့တဲ့ကျွန်တော်ဟာ အမေရိကားဆိုတာ ဘာနဲ့ရှင်သန်သလဲ? ဘာနဲ့ကမ္ဘာကြီးကိုဦးဆောင်ပြီး စီးပွားရေးအအောင်မြင်ဆုံးအဆင့်ကိုတက်လှမ်းခဲ့သလဲဆိုတာကို ဆင့်ပွားနွယ်ကူးလေ့လာလိုက်တဲ့အခါ နည်းပညာ - Technology ဆိုတဲ့အဖြေကိုတွေ့ပါတယ်။
.
ဒီလိုနဲ့ အလှူလုပ်ရင်းဘုရားပတ်ဖူးမယ့်စိတ်ကူးကို ကျွန်တော်နေတဲ့ပင်လယ်အော်ဒေသ - Bay Area တစ်ဝိုက်က ကမ္ဘာ့နည်းပညာကုမ္ပဏီတွေကို တစ်ရက်တည်းနဲ့ ( အပြီး ) လည်ခွင့်ရှိမယ့် အသွင်းပြောင်းစွန့်စားခန်း - Alternative Adventure အဖြစ် အစီအစဉ်ချခဲ့တယ်။ ဒါပေမယ့် ဒီစိတ်ကူးဟာ တော်တော်နဲ့အကောင်အထည်မပေါ်ခဲ့ဘူး။
.
.
ဒီလိုနဲ့ ကျွန်တော် Google ဆိုင်းဘုဒ်ကို ပထမဦးဆုံးမြင်ဖူးလာတယ်။ ငယ်သူငယ်ချင်းရဲ့သား အမေရိကားမှာကျောင်းလာတယ်မယ်ဆိုတုန်းက သူတို့စင်္ကာပူကနေလာတော့ Apple နဲ့ Stanford University တို့တစ်ဆက်တည်းရောက်ဖြစ်တယ်။ နောက်ပိုင်း စင်္ကာပူက Networking Engineer ကိုစိုင်းလင်းသူလာလည်တော့ ဆန်ဖရန်စစ္စကိုက ငွက္ကေလး Twitter ရဲ႕ရုံးချုပ်ကို လိုက်ပို့ဖြစ်တယ်။ ဒီလောက်ပဲ..။
.
.
အခု ( ၂ဝ၁၆ ) ခုနှစ်ဦးနှစ်ဖျားမှာတော့ ဒီအစီအစဉ်ကိုအကောင်အထည်ဖော်ဖို့ အကြောင်းဆုံးလာပုံလေးက ဒီလိုပါ..။ မြန်မာနိုင်ငံပြန်ချင်သူများ နဲ့ နိုင်ငံခြားသွားချင်သူများစကားဝိုင်းမှာ သိကျွမ်းပြီး ကျွန်တော့ကိုမေးခွန်းမေးတဲ့လူငယ်တစ်ယောက်ရှိတယ်။ သူက ဒီနိုင်ငံကိုကျောင်းလာတက်ချင်တယ်။ မိဘရဲ့ငွေကိုသိပ်မသုံးချင်ဘူး။ ဒါကြောင့် ကြိုးစားပမ်းစားကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ဖို့အခွင့်အလမ်းတွေကို ကျွန်တော့ကို မကြာခဏမေးတယ်။
.
နောက်ဆုံးမတော့ သူ့ရဲ့မပြတ်အားထုတ်တဲ့လုံ့လကြောင့် ဆန်ဖရန်စစ္စကို နဲ့ ကုန်းတွင်းပိုင်းကိုကူးတဲ့တံတားကြီး ( ၃ ) စင်းအနက်က နာမည်ကြီး ဆန်မထေးယိုတံတား - San Mateo Bridge အနီးက San Mateo College မှာ ကျောင်းရတယ်။ ဒီလိုနဲ့ ကျောင်းတက်ဖို့ ပြီးခဲ့တဲ့ဒီဇင်ဘာလကရောက်လာပြီး ကျောင်းရဲ့ အကြိုနှုတ်ဆက်ခြင်း - Orientation ကို အမှီတက်နိုင်ခဲ့တယ်။
.
.
သူ့အဖေရဲ့မိတ်ဆွေက ဆန်ဖရန်စစ္စကိုမြို့ဘေးနားက မြန်မာတွေအနေများတဲ့ ဒေးလီစီးတီး - Daly City မှာနေတော့ အဲဒီမှာတင် သူ့ကိုအခန်းတစ်ခန်း ငှားပေးလိုက်တယ်။ ဒါနဲ့သူက ကျောင်းသွားဖို့ အသွား ( ၂ ) နာရီခွဲ နဲ့ အပြန်လည်း အဲဒီလောက်ထပ်ကြာအောင် ဘတ်စ်ကားစီးရတယ် ..  မြို့ ( ၂ ) မြို့က ကြားမှာ အဝေးကြီးလေ။
.
အဲဒီအချိန်မှာ လွန်ခဲ့တဲ့ ( ၇ ) လလောက်က DV ထီပေါက်ပြီးရောက်လာတဲ့ အောင်ပန်းကကောင်လေးတစ်ယောက်က ဒေးလီစီးတီးမှာနေတာကို သွားသတိရမိတယ်။ သူတို့ ( ၂ ) ယောက်က အရွယ်တူတွေပဲဆိုတော့ အပေါင်းအသင်းမရှိတဲ့အမေရိကားမှာ သူငယ်ချင်းဖြစ်အောင် ကျွန်တော်ကကြားထဲကနေချိတ်ပေးလိုက်တော့ ( ၂ ) ယောက်လုံး လိုလိုလားလားလက်ခံကြတယ်။
.
ဒီလိုနဲ့သူတို့အားတဲ့တစ်ရက်ကို ကျွန်တော်အလုပ်ကခွင့်ယူပြီး ဒေးလီစီးတီးကိုသွားမယ်လို့စဉ်းစားမိပေမယ့် အလုပ်လုပ်နေပြီဖြစ်တဲ့ အောင်ပန်းကကောင်လေးရဲ့အားရက်နဲ့ညှိမရခဲ့ဘူး။ အခုတော့ ဒီတစ်ပတ်စနေနေ့မှာ ချိန်းဖြစ်ခဲ့တော့ သူတို့ကို ကျွန်တော်နေတဲ့မြို့နားအထိ ရထား - Bart (Bay Area Rapid Transit) စီးလာခိုင်းလိုက်ပြီး ကားနဲ့ ကျွန်တော့ရဲ့ “ ဆီလီကွန်တောင်ကြား တစ်ရက်တည်းသွားခရီးစဉ် ” ကို အကောင်အထည်ဖော်ခွင့်ရခဲ့ပါတယ်။
.
.
ကျွန်တော်ဆွဲထားတဲ့မြေပုံကို ကွန်ပျူတာမှာဆင်ရင်း ပရင်တာနဲ့ထုတ်နေတာကြာနေလို့ သူတို့ကိုသွားကြိုတဲ့အချိန်နည်းနည်းနောက်ကျခဲ့တယ်။ သူတို့နှစ်ယောက်လုံးအတွက် ကုန်းတွင်းပိုင်းမြန်မာတွေအနေများတဲ့ ဖရီးမောင့် - Fremont မြို့နားကိုလာတာ ဒါပထမဦးဆုံးအကြိမ်ဆိုတာ သေချာတယ်။ ကြိုတင်ဆွဲထားတဲ့အစီအစဉ်အရ ပင်လယ်အော်ဒေသရဲ့ ဒမ်ဘာတန် - Dumbarton တံတားကိုမဖြတ်ခင် လောင်းကြီးထက် - Logitech ကုမ္ပဏီကိုရောက်တော့ မြူတွေကျနေတုန်းပါ။ ကုမ္ပဏီအနားမရောက်ခင် လယ်ကွင်းတွေကိုဖြတ်သွားရတော့ သိပ်မကြာခင် ဆီလီကွန်တောင်ကြားဘက်ကို တံတားကူးရတော့မယ်ဆိုတာ သိလိုက်ရတယ်။
.
မင်းတို့ ဒီ Logitech ဆိုတာ ဘာထုတ်တဲ့ကုမ္ပဏီလဲလို့မေးတော့ သူတို့ ( ၂ ) ယောက်လုံးက မသိကြဘူးလေ။ ဒါနဲ့ ကျွန်တော်က ကွန်ပျူတာဆက်စပ်ပစ္စည်းတွေထုတ်တဲ့နာမည်ကြီးကုမ္ပဏီလို့ ကျွန်တော်ပြောပြလိုက်ရတယ်။ အဲဒီကနေထွက်ပြီး တံတားဖြတ်ခ ( ၅ ) ဒေါ်လာပေးပြီးတဲ့အခါ တံတားအမြင့်ပိုင်းကိုရောက်တော့ စိုစွတ်ထိုင်းမှိုင်းနေတဲ့ရာသီဥတုအောက်က ရေစပ်မြေပျော့တွေရဲ့အဆုံးမှာ သစ်ပင်တွေကြား လဲလျောင်းနေတဲ့ နာမယ်ကြီးလူမှုကွန်ယက် Facebook ကို ရောက်ပါပြီ။ Facebook ရဲ့ဝန်းထဲကို ကျွန်တော်တို့ကားကွေ့ဝင်လိုက်တဲ့အခါ လမ်းလည်ခေါင်မှာရပ်နေတဲ့ကားကို ရွှေ့ဖို့ပြောနေတဲ့ ကုမ္ပဏီလုံခြုံရေးကားကိုတွေ့ရတယ်။
.
.
ကားလမ်းကူးပြီးသွားတဲ့အခါ Facebook ဆိုင်းဘုဒ်ကြီးရဲ့နောက်ကျောဘက်မှာ Sun Micro System ဆိုတဲ့တံဆိပ်ကိုတွေ့တော့ အရင်နာမည်မကြီးခင်က ကုမ္ပဏီရပ်တည်နိုင်အောင် ဆီလီကွန်တောင်ကြားတစ်ခွင် ရင်းနှီးမြှုပ်နှံသူလိုက်ရှာခဲ့ရတဲ့ မာ့ခ်ဇတ်ဂါဘတ် အကြောင်းကို ဆက်စပ်ပြီးတွေးမိတယ်။ မပြောရင်လည်းမဖြစ်ပြန်ပါဘူး .. မိုးအေးအေး မိုးလေးတစ်ဖွဲဖွဲ နဲ့ မြူတွေအုပ်ရုံမက လေတိုက်တဲ့ကြားထဲရပ်ပြီး ရှိုးထုတ်ဓါတ်ပုံရိုက်ခံရတဲ့ကျွန်တော်တို့ဟာ ပေါက်တောရှာရပါတယ်။ ဒါနဲ့ မျက်နှာချင်းဆိုင်က ဟမ်ဘာဂါရောင်းတဲ့ Jack in the Box ဆိုင်ထဲကို ပေါင်မုန့်မဝယ်စားပဲ ဝင်ပေါက်ခဲ့ရပါတယ်။
.
ကားနဲ့ဆက်ထွက်လာတဲ့အခါ မန္တလေးအဝင်နဲ့ခပ်ဆင်ဆင်တူတဲ့ ရာသီဥတုအေးတဲ့ စတင်းဖို့ဒ် - Stanford မြို့ကို စဝင်လာတယ်။ တစ်နည်းအားဖြင့် မြို့ကလူထုအပေါ်မှီခိုတယ်။ လူထုက လုပ်ငန်း - Industry ပေါ်တည်မှီတယ်။ လုပ်ငန်းဆိုတာ အားမနာတမ်းပြောရရင် ပွဲစားလုပ်နိုင်သူ နိုင်စတမ်းပါပဲ။ ဒါကိုသက်သေပြလိုက်တာကတော့ ရှေးဟောင်းအမွေအနှစ်တွေကို အဆက်မပြတ်ထိန်းသိမ်းရင်း အလယ်မှာဘုရားရှိခိုးကျောင်းရှိရုံမက ပညာတတ်များစွာကို ဈေးကြီးကြီးမွေးထုတ်ပေးနေတဲ့ စတင်းဖို့တက္ကသိုလ် - Stanford University ဖြစ်ပါတယ်။
.
.
ကျောင်းအနီးမှာ ကျောင်းသားရွာလိုဖြစ်နေတဲ့ ပညာရေးအသိုင်းအဝိုင်းကိုတွေ့ရတယ်။ တစ်ဆက်တည်းစဉ်းစားရင်း ကျောင်းသား နဲ့ ဆရာတို့ အဆင်ပြေပြေစာသင်နိုင်ဖို့လုပ်ပေးရတာလောက်လွယ်ကူပြီး အေးအေးဆေးဆေးအခွန်ထိုင်ကောက်နေရတဲ့အလုပ်ကို ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအဆက်ဆက် မလုပ်ဖြစ်ခဲ့တာလား? အကြောပြတ်သွားတာလားဆိုတာ ဆက်စပ်မတွေးပဲမနေနိုင်ခဲ့ဘူး။
.
သစ်ပင်ရှည်ကြီးတွေ၊ အုန်းပင်လတ်လေးတွေ၊ တစ်ချို့ဆို ကျွန်တော်မခေါ်တတ်တဲ့အပင်တွေ နဲ့ စိမ်းလမ်းစိုစွတ်တဲ့မြက်ခင်းကော်ဇောတွေကြားကနေ ကွေ့ကွေ့ကောက်ကောက်သွားလိုက်ရင် ကွန်ပျူတာအထင်ကရ HP – Hewlett Packard ကုမ္ပဏီကိုရောက်ပါတယ်။ ဒါပေမယ့် ရုံးပိတ်ရက်မို့ ဝင်ပေါက်လမ်းတွေအကုန်လုံးပိတ်ထားကြတယ်။ ဒါနဲ့ ကျွန်တော်တို့ဒီနေရာကိုရောက်ခဲ့တဲ့အနေနဲ့ ဆိုင်းဘုဒ်ဝိုင်းအပြာလေးကိုပဲ ဓါတ်ပုံရိုက်ခဲ့ကြတယ်။
.
.
HP ဆိုတာ စတင်တည်ထောင်သူ  William (Bill) Redington Hewlett  နဲ့ Dave Packard တို့နှစ်ဦးရဲ့ ထိပ်စီးနာမည်တွေကိုပေါင်းပြီး အဖျားဆွတ်ခေါ်တယ်ဆိုတာကိုတော့ ကောင်လေး ( ၂ ) ယောက်ကို မရှင်းပြလိုက်မိဘူး။ နောက်ပြီး သူတို့ကားဂိုဒေါင်တစ်ခုမှာစခဲ့တဲ့ HP ကုမ္ပဏီဟာ အခုကျွန်တော်တို့ရောက်နေတဲ့ ပါလိုအားထို - Palo Alto မြို့မှာရှိတယ်ဆိုတာ မသိကြရှာဘူးလေ။
.
အဲဒီကနေ ( ၁၂ ) မိနစ်လောက်ဆက်မောင်းတော့ လင့်ကင် - LinkedIn ကုမ္ပဏီကိုရောက်ပါတယ်။ ကောင်လေး ( ၂ ) ယောက်ကိုမေးတော့ ဒီကုမ္ပဏီကိုလည်း သူတို့မသိပြန်ပါဘူး။ ဒါနဲ့ သုံးစွဲသူ သန်း ( ၄ဝဝ ) ကျော်ရှိတဲ့ အဆင့်မြင့်ပညာတတ်ကွန်ယက် - Professional Network ဖြစ်တဲ့အကြောင်း၊ ဖေ့ဘွတ်ခ် လိုပဲ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်လို့ရပြီး တတ်ထားတဲ့ပညာ၊ လုပ်ကိုင်နေတဲ့ရာထူး နဲ့ တည်ထောင်ထားတဲ့ကုမ္ပဏီ စတာတွေကို ကိုယ်ရေးအကျဉ်း - Profile မှာထည့်သွင်းထားရုံနဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များနဲ့ ထိတွေ့နိုင်ရုံမက သူတို့ရဲ့မျှဝေမှုများကို နောက်လိုက် - Follow နိုင်မယ့်အကြောင်း ပြောတော့လည်း သူတို့က အင်းမလုပ် အဲမလုပ်နဲ့ ကျွန်တော်များ မှားနေပြီလားလို့ တွေးမိပြန်ပါတယ်။
.
.
ဒီကုမ္ပဏီနဲ့နယ်နိမိတ်ခြံဝင်းချင်းဆက်စပ်နေတာက ဧရာမရှာဖွေအင်ဂျင်ကြီး     Google ဖြစ်ပါတယ်။ အရင်တစ်ခေါက် ( ၄ ) နှစ်လောက်ကရောက်တုန်းက Google နဲ့ YouTube တို့ပူးပေါင်းကျင်းပတဲ့ ကိုးရီးယားသီချင်းဆိုအဖွဲ့ - K Pop လာဆိုတုန်းကဆို အထဲကိုဘယ်လိုဝင်ရပြီး ဘယ်နားသွားဓါတ်ပုံရိုက်ရမယ်မှန်းမသိတာမျိုး အခုတစ်ခေါက်မဖြစ်တော့ဘူး။ GooglepLex ဆိုတဲ့ နယ်မြေအကြီးကြီးထဲကိုဝင်လိုက်တဲ့အခါ ဂျာနယ်တွေ နဲ့ အင်တာနက်ပေါ်မှာသာတွေ့ရတဲ့ ဂူးဂဲလ်ရဲ့အလိုအလျောက်မောင်းနှင်တဲ့ကား - Google Self Driving Car အသေးလေးကို မှန်အပြည့်အဆောက်အဦထဲမှာ တွေ့ရပါတယ်။
.
မျက်နှာချင်းဆိုင်ကိုကြည့်လိုက်တဲ့အခါ Google Logo ရေးထိုးထားတဲ့ ပင်မအဆောက်အဦရှေ့မှာ ရောင်စုံစက်ဘီးတွေ တန်းစီထိုးထားနေလေရဲ့။ ခပ်လှမ်းလှမ်းမှာ ကမ္ဘာမှာသုံးစွဲမှုအများဆုံး လက်ကိုင်ဖုန်းဆော့ဝဲလ် အမ်းဒရိုက် - Android ရဲ့ အရုပ်လေးကိုတွေ့ရပါတယ်။ ဒီကနေ ကျွန်တော်တို့တစ်ယောက်တစ်စီးစက်ဘီးလေးတွေခွပြီး ပလက်ဖောင်းခင်းထားတဲ့ ဂူးဂဲလ်ရဲ့လူလျှောက်လမ်းတွေအတိုင်း နင်းလာခဲ့တယ်။ ရေစီးနေတဲ့ချောင်းငယ်လေးကိုဆက်ထားတဲ့သစ်သားတံတားလေးကိုဖြတ်သန်းအပြီးမှာ လူ ( ၇ ) ယောက်ဝိုင်းကြီးပတ်ပတ်ထိုင်နင်းရတဲ့ စက်ဘီးအဝါလေးကိုတွေ့တော့ အားရဝမ်းသာဓါတ်ပုံရိုက်ကြတယ်။
.
.
လာရာလမ်းအတိုင်းစက်ဘီးပြန်စီးလာတဲ့အခါ အလုပ်ခွင်မှာဆံပင်ညှပ်ပေးတဲ့ လေအိတ်ကားကြီးကိုတွေ့ပါတယ်။ သူ့ဝန်ထမ်းတွေ အလုပ်နားချိန် ဘယ်အချိန်မဆို အခမဲ့ဆံပင်ညှပ်နိုင်အောင် Google က ငှားပေးထားတဲ့ ကုမ္ပဏီရဲ့ကားပါ။ ဒါနဲ့ စုံပြီပေါ့ .. ပြန်တော့မယ်အလုပ်မှာ မြင်ကွင်းတစ်ခုကိုတွေ့လို့ စိတ်ဝင်စားပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ ရုတ်တရက်ကြည့်လိုက်ရင် မြန်မာနိုင်ငံက ကွမ်းယာရောင်းတဲ့ဆိုင်လေးနဲ့တူလို့ အနီးကပ်ကြည့်လိုက်တော့ သေသေသပ်သပ်စာရေးထားတဲ့ အမှိုက်ပုံးစုံတွဲမှန်း သိလိုက်ရတယ်။ ဒါနဲ့ အမျိုးတွေကိုပြဖို့ လမ်းတားတဲ့ကန်တော့ - Cone နဲ့ အတူ ဓါတ်ပုံရိုက်ခဲ့ပါတယ်။
.
ဆက်ပါမည်
.
ခင်လျက်
.
01-10-2016













“ ဆီလီကြန္ေတာင္ၾကား တစ္ရက္တည္းသြားခရီးစဥ္ ( ၂ ) အျပီးသတ္ ”
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ခရီးဆက္တယ္ပဲေျပာၾကပါစို႕..။ ကိုယ္႕ျမိဳ႕ကိုယ္႕ရြာမဟုတ္ေတာ႕ ကားနဲ႕သြားႏုိင္သမွ် နီးတာခ်ည္းပါပဲ။ သြားရင္းလာရင္း မုိးေအးေတာ႕ အိမ္သာရွာရတာက တစ္ဒုကၡပါ။ ဒါနဲ႕ ကားဒက္ရွ္ဘုတ္ေပၚမွာေထာင္ထားတဲ႕ ဆမ္ေဆာင္းဖုန္းအကြဲေလးက Google Voice ကို “ Show me Panda Express ” ဆုိျပီး အသံနဲ႕ေစခိုင္းလိုက္ေတာ႕ တစ္မိုင္ေလာက္သာေဝးတဲ႕ အျမန္စားတရုတ္စားေသာက္ဆိုင္ကို ပို႕ေပးပါတယ္။ မီႏ်ဴးမွာ ထမင္းေၾကာ္ ဒါမွမဟုတ္ ေခါက္ဆြဲေၾကာ္အဓိက နဲ႕ ဟင္း ( ၂ ) မ်ိဳး အတြဲ ( တစ္ဗူးစာ ) ကို ( ၇ ) ေဒၚလာနဲ႕ ( ၃ ) ေယာက္စာ မွာၾကတယ္။
.
ေငြရွင္းျပီးေတာ႕ ထမင္းဗူး ( ၃ ) ဗူးအျပင္ ကိုကာကိုလာထည္႕ဖုိ႕ခြက္ေတြပါတြဲေပးလိုက္ေတာ႕ စားရတာတန္တယ္လို႕ေျပာရမယ္။ ပံုမွန္ဆို အျပင္မွာသိပ္မစားတတ္တဲ႕ ကြ်န္ေတာ္ဟာ သူတုိ႕ရဲ႕ဟင္းေတြ နဂိုကတည္းကငန္တာကုိ သတိထားမိတယ္။ ဒါေပမယ္႕ ဒီတစ္ေခါက္က ဘယ္လုိမွန္းမေျပာတတ္ဘူး .. ငတ္ေနလို႕လားမ်ားလား .. စားလို႕ေကာင္းလိုက္တာ။ ဒါေၾကာင္႕ အေနာက္ႏုိင္ငံကေရွ႕ပညာရွိေတြက လူ ( ၂ ) မ်ိဳးရွိတယ္ .. တစ္မ်ိဳးက စားဖို႕အသက္ရွင္တာ၊ ေနာက္တစ္မ်ိဳးက အသက္ရွင္ဖို႕စားတာ တဲ႕။ ဒီမနက္ခင္းေလးမွာေတာ႕ ကြ်န္ေတာ္တုိ႕လူစုဟာ “ We Live to Eat ” စာရင္းထဲ ပါသြားၾကပံုရတယ္။
.
.
စားျပီးျပီ .. ကားေပၚျပန္တက္ေတာ႕မယ္ .. ဒီေတာ႕ မျဖစ္မေနလုပ္ရမွာက ဝိတ္ေလွ်ာ႕ထားမွရမယ္။ ဒါနဲ႕ေကာင္တာမွာ အိမ္သာ - Rest Room ေသာ႕ေတာင္းေတာ႕ “ 7270 ” တစ္လံုးပဲေျပာလုိက္တယ္္။ အိမ္သာေရွ႕ေရာက္ေတာ႕ေတြ႕ရတာက ဒီပင္ဒါစားေသာက္ဆိုင္က နံပါတ္နဲ႕ဖြင္႕ရတဲ႕ေသာ႕တတ္ထားတာကိုး။ အမွန္က Panda Express ကုိ စားဖိုမွဴးသားအဖ ( ၃ ) ေယာက္က တည္ေထာင္ခဲ႕တာကို ဖတ္ဖူးထားတယ္။
.
သူတုိ႕ဟာ အေမရိကားကို ေဟာင္ေကာင္ႏုိင္ငံကေနေျပာင္းေရႊ႕အေျခခ်လာတာျဖစ္ျပီး သမီး ပက္ဂီကုိ ကြ်န္ေတာ္တုိ႕ျမန္မာႏုိင္ငံမွာေမြးျပီး ေဟာင္ေကာင္မွာၾကီးျပင္းခဲ႕တယ္လို႕ သိရတယ္။ ေကာလိပ္ေတြ၊ တကၠသိုလ္ေတြ၊ ေလဆိပ္ေတြ၊ ေလာင္းကစားဝိုင္းေတြမွာသာမက အစိုးရစစ္တပ္စခန္းေတြအထိ အေမရိကန္ႏုိင္ငံအႏွံ႕ ဆိုင္ခြဲေပါင္း ( ၁၅ဝဝ ) ရွိတဲ႕ Restaurant Chain တစ္ခုျဖစ္ပါတယ္။ အေသးစိတ္ဖတ္ရႈႏုိင္ရန္ (https://en.wikipedia.org/wiki/Panda_Express)
.
.
ဗုိက္တင္းျပီးထြက္လာတဲ႕ကြ်န္္ေတာ္တုိ႕ဟာ လက္ကိုင္ဖုန္းကေခၚလာတဲ႕တစ္ေနရာမွာေတာ႕ အဆင္မေျပမႈတစ္ခုနဲ႕တိုးပါေတာ႕တယ္။ ကားကရပ္ျပီးျပီ .. လူေတြကလည္းလမ္းေပၚေရာက္ျပီ .. ဒါေပမယ္႕ လာရွာတဲ႕ WhatsApp  ကုမၸဏီကုိရွာမေတြ႕ဘူး။ ဒါနဲ႕ ဖုန္းကိုျပန္စစ္၊ Google မွာျပန္ရွာ၊ အေဆာက္အဦ ( ကြန္ဒိုမီနီယမ္ ) ကို ဓါတ္ပံုရုိက္၊ အေနာက္ဘက္ကိုပတ္ရွာ၊ တုိက္ၾကားထဲလမ္းေလွ်ာက္ရွာ နဲ႕ ဘာအစအနမွမေတြ႕ဘူး။ ေနာက္မွေသခ်ာသြားတာတစ္ခုက သူ႕လိပ္စာမွာ အခန္းနံပါတ္ ပါေနတာကိုသတိထားမိတယ္။ ဒါေၾကာင္႕ ဒီစေနေန႕မွာ ရံုးပိတ္ေတာ႕ ကြ်န္ေတာ္တုိ႕ ေရာက္လ်က္နဲ႕မျမင္ခဲ႕ရဘူး။ ဒီ WhatsApp က ကပ္သီးကပ္သပ္ ကုမၸဏီလုိဂိုဆိုင္းဘုဒ္ေလးေတာင္ လမ္းမေပၚမွာ အုတ္ခံုေလးနဲ႕မထြင္းထားရွာဘူး။
.
ကြန္ပ်ဴတာပိုင္ဆိုင္ဖူးသူတုိင္း ပိုးသတ္ေဆးကိုသိၾကမွာပါ။  အရည္နဲ႕ဖ်န္းတဲ႕ပိုးသတ္ေဆးမဟုတ္ပါ .. Anti-Virus ကို ေျပာတာပါ။ ျမန္မာႏုိင္ငံက Norton Anti-Virus ဆို သိၾကတာမ်ားလိမ္႕မယ္။ ကြန္ပ်ဴတာအသစ္ဝယ္ရင္ ရက္ ( ၆ဝ ) ကာကြယ္ေပးဖုိ႕ အဆင္သင္႕ထည္႕ေပးလုိက္တတ္ၾကတယ္ေလ။ ဒါေပမယ္႕ ဒီေနရာကိုေရာက္တဲ႕အခါ ဧည္႕သည္ေကာင္ေလး ( ၂ ) ေယာက္ကိုေျပာျပေတာ႕ မသိျပန္ပါဘူး။ ဒါနဲ႕ Norton ဟာ သူ႕ကုမၸဏီရဲ႕ နာမည္ၾကီးထြက္ကုန္တစ္ခုရဲ႕နာမည္ျဖစ္တယ္ .. အခုသြားမွာက အဝါကြင္းေလးထဲမွာ အမည္းေရာင္အမွန္ျခစ္ပံု နဲ႕ မိခင္ကုမၸဏီ Symantec ဆိုေတာ႕ သူတုိ႕မ်က္စိလည္ကုန္ၾကတယ္။
.
.
ကြ်န္ေတာ္တို႕မိသားစုက Norton Anti-Virus နဲ႕ ေရစက္က မကုန္ႏုိင္ဘူး။ တစ္ခါတုန္းက သမီးျမန္မာႏုိင္ငံျပန္မယ္ဆိုေတာ႕ သူက လက္ေတာ႕အသစ္တစ္လံုးဝယ္ခိုင္းတယ္။ ဒါနဲ႕ HP ေနာက္ဆံုးေပၚ ( အဲဒီတုန္းက ) လက္ေတာ႕တစ္လံုးရတယ္။ စက္အသစ္မွာ ထူးျခားခ်က္အေနနဲ႕ Norton Anti-Virus ကို ( ၂ ) ႏွစ္စာပါတယ္ဆုိလုိ႕ကုိ ကြ်န္ေတာ္ကဝယ္တာ။ ဒါနဲ႕စက္ေရာက္လာေတာ႕ဖြင္႕လိုက္တယ္ဆုိရင္ပဲ သာမန္စက္လို ရက္ ( ၆ဝ ) ပဲ ပါတယ္။ ဒါနဲ႕ Amazon ကိုဖုန္းဆက္ေတာ႕ သူနဲ႕မဆိုင္ဘူးဆို HP ကိုလႊဲ၊ HP က သူနဲ႕မဆိုင္ဘူးဆို Norton ကုိထပ္လႊဲ၊ Norton ကေနတစ္ဆင္႕ လက္ခံေျဖရွင္းေပးလုိ႕ သမီးေလဆိပ္ဆင္းခါနီးအခ်ိန္ကပ္ျပီး သူတုိ႕ေပးတဲ႕ ကုဒ္နံပါတ္ထည္႕လုိက္မွ အဆင္ေျပသြားတယ္။
.
ဒါနဲ႕ အဂၤလိပ္သံနည္းနည္းဝဲတဲ႕ Norton က ၾကီးၾကပ္ေရးမွဴးဆုိသူကို သူမ အခုဘယ္ကေန ဖုန္းလက္ခံေျပာတာပါလဲလို႕ေမးလုိက္ေတာ႕ သူမ က အိႏိၵယႏုိင္ငံ Symantec က လူထုဝန္ေဆာင္မႈ - Customer Service ႒ာနကပါလို႕ေျပာတယ္။ ဒီေလာက္အထိကုိ ကမၻာအႏွံနယ္ခ်ဲ႕လုပ္ကိုင္ႏုိင္တဲ႕ Norton ရဲ႕ မိခင္ကုမၸဏီ Symantec ဆုိတာ တစ္ေလးတစ္စား ဦးညြတ္ရတဲ႕အေၾကာင္း နဲ႕ ဒါေၾကာင္႕ ဒီခရီးစဥ္မွာ ဒီကိုလာဖို႕ထည္႕ဆြဲထားတာလို႕ ေကာင္ေလး ( ၂ ) ေယာက္ကို ရွင္းျပခြင္႕ရလုိက္ပါတယ္။
.
.
ကြ်န္ေတာ္တုိ႕အခုေရာက္ေနတဲ႕ Facebook တည္ရွိရာ Menlo Park ၊ Google , LinkedIn, WhatsApp နဲ႕ Symantec ရံုးခ်ဳပ္တုိ႕ရွိရာ Mountain View ကေန ခပ္ေဝးေဝး ဆီလီကြန္ေတာင္ၾကားရဲ႕ျမိဳ႕ေတာ္ ဆန္ဟုိေဆး - San Jose ( ဆန္ဂ်ိဳးဟုမဖတ္ပါ - မကၠဆီကန္စကား ) ဘက္ကုိကူးတဲ႕အခါ ဘယ္ကိုအရင္သြားရမလဲဆုိျပီးေရြးေတာ႕ ကြန္ပ်ဴတာနက္ေဝါ႕ကင္းဆရာၾကီး Cisco System ကို ဦးတည္လိုက္တယ္။
.
ခပ္ရွည္ရွည္ဖရီးေဝးေတြကုိျဖတ္ျပီး ေရာက္သြားတဲ႕အခ်ိန္ မူလလက္ေဟာင္း Cisco System ဆုိတာ Googleplex ေလာက္ အက်ယ္ၾကီးဆိုတာ သိလုိက္ရတယ္။ စာထဲမွာ ဒီကုမၸဏီကိုတည္ေထာင္သူက မွတ္ရလြယ္ေအာင္ ဆန္ဖရန္စစၥကိုျမိဳ႕ရဲ႕ ေနာက္စာလံုးကုိယူထားတယ္ဆိုတာရယ္၊ Computer Networking မွာ ( အထူးသျဖင္႕ ) Cisco ကစစ္တဲ႕စာေမးပြဲေအာင္မွ အသိအမွတ္ျပဳခံရတယ္ဆုိတာရယ္ကုိ မွတ္မိေနပါတယ္။
.
.
ဒီဖရီးေဝးကိုမေရာက္ခင္ လမ္းသြယ္ေလးမွာ Computer History Museum ဆုိတဲ႕အေဆာက္အဦၾကီးကုိကားရပ္တုန္း မရမက ဓါတ္ပံုရုိက္ယူခဲ႕တယ္။ ျဖစ္ေပၚလာတဲ႕သမိုင္းကေန အထင္ကရ Classic ကြန္ပ်ဴတာေတြအထိ မွတ္တမ္းတင္ထားရွိတယ္ဆိုတာ အရင္ေရာက္ဖူးသူေတြေျပာတာကို မွတ္မိလာတယ္။ သူတုိ႕ကသာ သက္တမ္းအႏွစ္ေလးဆယ္ေလာက္ရွိေသးတဲ႕ကြန္ပ်ဴတာေတြကုိ ထိန္းသိမ္းေနရေသးတယ္ .. တစ္ကယ္႕ႏွစ္ခ်ိဳ႕တာေတြဆုိ ကြ်န္ေတာ္တို႕ျမန္မာႏုိင္ငံမွာသြားၾကည္႕လိုက္ .. မ်ားလိုက္တာမွ .. ဘာမွ ျပတုိက္ဖြင္႕ေနစရာကိုမလိုဘူး..။
.
ကားေမာင္းေနရင္း နဲ႕ ဆမ္ေဆာင္းတံဆိပ္ပါတဲ႕တုိက္ၾကီးကုိအေဝးကျမင္ေနေပမယ္႕ လြယ္လြယ္နဲ႕သြားလို႕မရဘူး။ ဒါနဲ႕ လက္ထဲက မွန္ကြဲဆမ္ေဆာင္းဖုန္းေလးကိုလိပ္စာေရြးခုိင္းလိုက္ေတာ႕ သြားခ်င္တဲ႕ေနရာဟာ Cisco System ျခံဝန္းရဲ႕ေက်ာခ်င္းကပ္လ်က္မွာရွိေနတာကို သိလိုက္ရတယ္။ ဆမ္ေဆာင္းကုမၸဏီရဲ႕ ဆီလီကြန္ေတာင္ၾကားရံုးခ်ဳပ္အေဆာက္အဦသစ္ကုိ ဖြင္႕ထားတာလပိုင္းပဲ ၾကာျမင္႕ေသးတာပါ။ မုန္႕လက္ေကာက္ကုိ တံုးေတြေပၚတင္ထားသလုိ ပတ္ပတ္လည္မွန္အျပည္႕နဲ႕ ျပာလွက္လွက္အေဆာက္အဦးဟာ အပ်ိဳေတာကညိဳေခ်ာထက္ လွပတင္႕တယ္ေနပါတယ္။
.
.
ေရာက္သြားတဲ႕အခ်ိန္ ရံုးပိတ္ရက္မို႕ဘယ္သူမွမရွိဘူးထင္တာ .. အေစာင္႕လံုျခံဳေရးက ဝတ္စံုအျပည္႕နဲ႕ေစာင္႕ေနေလရဲ႕။ ဒါနဲ႕ ကြ်န္ေတာ္က ဓါတ္ပံုရုိက္ခ်င္တဲ႕အေၾကာင္းခြင္႕ေတာင္းေတာ႕ သူက ခြင္႕ျပဳတယ္။ ဒါနဲ႕ မွန္ျပာျပာအေဆာက္အဦၾကီးရဲ႕အလယ္ကိုဝင္ ( ၃၆ဝံ ) လွည္႕ျပီးဓါတ္ပံုရုိက္၊ Selfie ဆြဲေတာ႕မွ သတိထားမိတယ္။ ဧည္႕သည္ေကာင္ေလး ( ၂ ) ေယာက္က iPhone 6 Plus ကုိယ္စီနဲ႕ ကြ်န္ေတာ္က ဆမ္ေဆာင္းသမား။ ဒါနဲ႕ ဘယ္ရမလဲ ငါက Samsung Fan ကြဆုိျပီး ဖုန္းေလးကိုင္ျပီး ပို႕စ္ေပးလုိက္တာေပါ႕ .. ဘယ္ရမလဲ..။
.
ဒါနဲ႕ အထဲရုိက္၊ အတြင္းရုိက္၊ Selfie ရုိက္၊ အျပင္ရိုက္ေနတုန္း ျမက္ခင္းေပၚတက္ေတာ႕ ေနာက္ထပ္လံုျခံဳေရးလူမည္းတစ္ဦးက လာေျပာတယ္။ အခုေတာ႕ရပါတယ္ .. ေနာက္တစ္ခါဆို ျမက္ခင္းေပၚမတက္ပါနဲ႕ တားျမစ္ထားပါတယ္လုိ႕ေျပာတယ္။ ဟုတ္ျပီေပါ႕ .. ဒါနဲ႕ ခင္မ်ားတုိ႕အေဆာက္အဦးက ေဆာက္ေနတုန္းလား? ျပီးျပီလားဆုိေတာ႕ အလုပ္အားလံုးလုပ္ေနျပီလို႕ေျပာတယ္။ ကြ်န္ေတာ္ေရာက္ခဲ႕သမွ်ထဲမွာ ဆမ္ေဆာင္းက အသစ္ျဖစ္တဲ႕အျပင္ နည္းပညာေတြေပါင္းစပ္ထားလုိ႕ အလွဆံုးပဲ။ သူ႕ဝန္ထမ္းေတြ ဘယ္အခန္းမွာအလုပ္လုပ္ေနေန ေနေရာင္ကိုျမင္ရေစ႕မယ္တဲ႕ေလ။ အဲဒီကေနမထြက္ခြာခင္ ဒီအေဆာက္အဦးေဆာက္တဲ႕ေငြထဲမွာ ကြ်န္ေတာ္ဝယ္ခဲ႕တဲ႕ေဒၚလာေတြလည္းပါမွာပဲလုိ႕ အေတြးနယ္ခ်ဲ႕လာမိတယ္။
.
.
ညေနပုိင္းလည္းေရာက္လာေတာ႕ ကြ်န္ေတာ္တုိ႕လည္း နည္းနည္းပင္ပန္းေနျပီ။ ဒါေပမယ္႕ ဓါတ္ပံုရုိက္ရဖို႕ ေျပးလႊားေနရေတာ႕ ေမာလို႕ေမာရမွန္းမသိေတာ႕ဘူး။ ဒါနဲ႕ အင္တာနက္ေငြေၾကးဝန္ေဆာင္မႈကုမၸဏီ - PayPal ကုိ ေမာင္းပါတယ္။ လမ္းမွာ ေအာင္ပန္းကေကာင္ေလးက ဦးညီ ဟိုမွာ Canon ဆိုလို႕ ျပန္လွည္႕ျပီး ဓါတ္ပံုရိုက္တယ္။ ဂ်ပန္အထိမွမသြားႏုိင္တာ အေမရိကန္ Canon မွာ ရိုက္ရတာလည္း တန္ပါတယ္္။
.
ကားကုိ ဂငယ္ေကြ႕လုိက္တယ္ဆုိရင္ပဲ ကြန္ပ်ဴတာမုိက္ခရိုခ်စ္ပ္ကုမၸဏီ Intel ကို ဘြားကနဲေတြ႕တယ္ .. ဆိုင္းဘုဒ္ကေသးေသးေလး .. ကုမၸဏီလမ္းကပိတ္ထား .. ဝင္လို႕မရ .. ကားကရပ္စရာကမရွိ။ ဒါနဲ႕ ျမန္မာ႕နည္းျမန္မာဟန္ စံုမီးျပ-လမ္းေဘးခ်ရပ္ျပီး ခပ္ျမန္ျမန္ဓါတ္ပံုရုိက္ရတယ္။ သူ႕ဆိုင္းဘုဒ္ရဲ႕စာသားအရ Altera ဆုိတဲ႕ကုမၸဏီဟာ Intel ရဲ႕ ထပ္တုိးကုမၸဏီလုိ႕ေရးထားတာကို မွတ္ျပီးကားထပ္ေမာင္းရပါတယ္။
.
.
ဒါနဲ႕ဆက္သြားျပီး PayPal ကုိေရာက္မွ ဒီအေဆာက္အဦးကိုငါျမင္ဖူးပါတယ္လို႕စဥ္းစားေတာ႕မွ  Apple ကုမၸဏီကုိေမ႕ျပီးမေရာက္ခဲ႕တာကို သတိရလိုက္တယ္။ PayPal က အခုလက္ရွိရံုးခ်ဳပ္နဲ႕ပံုစံေတာ္ေတာ္တူေအာင္ေဆာက္ထားပံုပါပဲ။ လြန္ခဲ႕တဲ႕ႏွစ္အနည္းငယ္က PayPal ကုိ ပိုင္ရွင္ အီလြန္မတ္စ္ - Elon Musk က ေရာင္းလိုက္တယ္။ ဟုတ္တယ္ .. သူ႕ကုိဝယ္လုိက္တဲ႕ ေလလံဝဘ္ဆိုဒ္ၾကီး eBay ကို ကြ်န္ေတာ္တုိ႕သြားရမယ္။
.
eBay က ဘာလုပ္တာလဲလုိ႕ေမးေတာ႕ ဒီသူငယ္ ( ၂ ) ေယာက္က မသိျပန္ဘူး။ ဒါနဲ႕ ေရာင္းသူနဲ႕ဝယ္သူၾကားမွာေစ႕စပ္ျပီးအက်ိဳးအျမတ္ရာခိုင္ႏႈန္းျဖတ္ယူတဲ႕ေလလံစာမ်က္ႏွာဆိုတာ ရွင္းျပလုိက္တယ္။ ဒီကေန ကြ်န္ေတာ္တို႕တပ္ေခါက္ခ်င္ေနျပီ .. ျပန္ခ်င္ေနျပီ .. ဒါနဲ႕ Starbucks ေကာ္ဖီဆိုင္မွာ အပူ ( ၁ ) ခြက္၊ အေအး ( ၂ ) ခြက္ဝင္ေသာက္ျပီး ေဆာ႕ဝဲလ္ကုမၸဏီ Adobe Headquarter ကို ခရီးဆက္ဖို႕ ဖရီးေဝးေပၚျပန္တက္တယ္။ ေမာင္းရင္း စကားေျပာရင္း လမ္းမွားသြားလုိ႕ ေနာက္ဆံုး Netflix ကုိဆက္ေမာင္းျပီး Adobe ကို မေရာက္ျဖစ္လိုက္ဘူး။
.
.
လမ္းၾကီးတစ္ခုကေန ကုန္းဆင္းေတာ႕ ဆန္ဟုိေဆးေလဆိပ္ - SJC (San Jose International Airport) ရဲ႕ လက္ေခ်ာင္းေလးေတြေထာင္ေနတဲ႕ပံုနဲ႕နံရံကိုေတြ႕လိုက္မွ အရင္အင္တာနက္မွာျမင္ရတာထက္ပုိလွတာကို သတိထားမိတယ္။ ဆက္သြားရင္း Netflix ကုိ မေရာက္ခင္ စတင္းဖို႕ဒ္ေဆးရံု - Stanford Health Care ကုိ ျဖတ္ေမာင္းေတာ႕ ရွမ္းျပည္နယ္ ကေလာျမိဳ႕ကေန အေမရိကားေရာက္လာတဲ႕အစ္မတစ္ေယာက္က သူ႕ကေလးကို ဒီမွာတက္ေမြးတာကို မွတ္မိလာျပန္တယ္။
.
Netflix ကုိေရာက္တဲ႕အခါ ကားရပ္စရာေနရာၾကီးၾကီးမားမားမရွိပဲ ေဟာ္တယ္ၾကီးတစ္လံုးနဲ႕တူေနတယ္။ ဆြဲထားတဲ႕ေျမပံုမွာ ဒီေနရာက အေဝးဆံုး။ ဒါေပမယ္႕ မေန႕က လတ္လတ္ဆတ္ဆတ္ေရးထားတဲ႕ အင္တာနက္ Streaming Video ဝဘ္ဆုိဒ္ Netflix ကို မေရာက္ေရာက္ေအာင္လာလုိက္ေတာ႕မွ နည္းနည္းေနသာထုိင္သာရွိသြားပါေတာ႕တယ္။ ဒါနဲ႕ ေရာက္ေၾကာင္းရယ္ကုန္စင္ အျပီးသတ္ဓါတ္ပံုရုိက္ျပီး ဖရီးေဝးအျပန္လမ္းအတုိင္း ကားေလးကိုေမာင္းႏွင္လာခဲ႕ပါတယ္္။
.
.
ဒီေနရာမွာ ဒီေန႕အစီအစဥ္ရဲ႕ အဓိကရည္ရြယ္ခ်က္နဲ႕ လူငယ္ေလးေတြကို ေပးခ်င္တဲ႕သတင္းစကားက သူတုိ႕ဟာ ျမန္မာႏုိင္ငံကေန အေမရိကားကိုလာတဲ႕အခ်ိန္ နည္းပညာရဲ႕အေရးၾကီးပံုကို မေလ႕လာခဲ႕ရသလို ဘာကိုေလ႕လာရမွန္းသိခဲ႕ပံု မရၾကဘူး။ ဒါေၾကာင္႕ သူတို႕ ( ၂ ) ေယာက္စလံုးတက္မယ္႕ေကာလိပ္မွာ နည္းပညာေမဂ်ာကို မေမ႕ေစခ်င္ဘူး … အခုေရာက္ေနတာက အေမရိကားမဟုတ္လား? ပိုနီးစပ္တာက ေဒးလီစီးတီးဆုိတာ ဆီလီကြန္ေတာင္ၾကားနဲ႕ သိပ္မေဝးတဲကေနရာမွာရွိတယ္။
.
ဒီတစ္ဝုိက္မွာ နည္းပညာမ်ိဳးစံုသင္ၾကားႏုိင္တဲ႕ ေကာလိပ္ တကၠသိုလ္ ဒါဇင္ေပါင္းမ်ားစြာရွိတယ္။ သူတုိ႕ကိုႏွိမ္တာမဟုတ္ဘူး .. အမ်ားအားျဖင္႕ အေမရိကားမွာ လုပ္ခနည္းနည္းပိုရလာရင္ ေက်ာင္းျပီးေအာင္မတက္ခ်င္ၾကေတာ႕ပဲ အိမ္ေထာာင္က်၊ မက်ခ်င္းလည္းက်၊ မယူပဲအိမ္ေထာင္က် နဲ႕ အလုပ္မွခုိကပ္ျပီး ေက်ာင္းကိစၥဟာ ဒုတိယသာျဖစ္ျပီး ဘဝမေအာင္ျမင္သူေတြအေၾကာင္းကို တစ္လမ္းလံုး ကြ်န္ေတာ္ေျပာျပတယ္။ ဒါေၾကာင္႕ သူတုိ႕မသိတဲ႕နည္းပညာကုမၸဏီေတြကို တကူးတက ကြ်န္ေတာ္ကားေမာင္းလိုက္ျပတာ။
.
.
ဒီေၾကာင္႕ မနက္တစ္ေခါက္ထလာတုိင္း ကိုယ္႕ဘဝရည္မွန္းခ်က္အတြက္ တစ္လွမ္းနီးေအာင္သြားေနရမယ္ .. ေလွ်ာက္လွမ္းေနရနယ္။ ထုိင္ေနရင္ေတာ႕ေရြ႕မွာမဟုတ္ဘူးေလ။ ဒီလိုျဖစ္ခဲ႕ရင္ေတာ႕ ဘယ္သူ႕မွာမွအျပစ္မရွိဘူး .. ကိုယ္႕ထုိက္နဲ႕ကိုယ္ပဲ..။ ဒါေၾကာင္႕ မနက္အိပ္ယာကထ သန္႕စင္ခန္းဝင္တဲ႕အခါ နည္းပညာကုမၸဏီေတြဘယ္ေလာက္ခ်မ္းသာေနတယ္ဆုိတာကုိေတြးျပီး နည္းပညာနဲ႕မ်က္ႏွာသစ္ပါလို႕ သူတုို႕ကိုေကာင္းေကာင္းၾကီးေျပာပစ္ခဲ႕လုိက္တယ္။
.
ဒီကေန ကြ်န္ေတာ္တုိ႕ ( ၃ ) ေယာက္ဟာ သူတုိ႕ကိုၾကိဳခဲ႕တဲ႕ ဘူတာရံုေလးမွာ ျပန္လမ္းခြဲရင္း ဆီလီကြန္နည္းပညာကုမၸဏီမ်ားရဲ႕တစ္ရက္နဲ႕အျပီးလည္တဲ႕အစီအစဥ္ကို ေအာင္ျမင္စြာအဆံုးသတ္လို္က္ႏုိင္ပါေတာ႕တယ္။
.
ျပီးပါျပီ
.
ခင္လ်က္
.
01-10-2016
.
.
.
Myanmar Unicode Version:
.
.
“ ဆီလီကွန်တောင်ကြား တစ်ရက်တည်းသွားခရီးစဉ် ( ၂ ) အပြီးသတ် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ခရီးဆက်တယ်ပဲပြောကြပါစို့..။ ကိုယ့်မြို့ကိုယ့်ရွာမဟုတ်တော့ ကားနဲ့သွားနိုင်သမျှ နီးတာချည်းပါပဲ။ သွားရင်းလာရင်း မိုးအေးတော့ အိမ်သာရှာရတာက တစ်ဒုက္ခပါ။ ဒါနဲ့ ကားဒက်ရှ်ဘုတ်ပေါ်မှာထောင်ထားတဲ့ ဆမ်ဆောင်းဖုန်းအကွဲလေးက Google Voice ကို “ Show me Panda Express ” ဆိုပြီး အသံနဲ့စေခိုင်းလိုက်တော့ တစ်မိုင်လောက်သာဝေးတဲ့ အမြန်စားတရုတ်စားသောက်ဆိုင်ကို ပို့ပေးပါတယ်။ မီနျူးမှာ ထမင်းကြော် ဒါမှမဟုတ် ခေါက်ဆွဲကြော်အဓိက နဲ့ ဟင်း ( ၂ ) မျိုး အတွဲ ( တစ်ဗူးစာ ) ကို ( ၇ ) ဒေါ်လာနဲ့ ( ၃ ) ယောက်စာ မှာကြတယ်။
.
ငွေရှင်းပြီးတော့ ထမင်းဗူး ( ၃ ) ဗူးအပြင် ကိုကာကိုလာထည့်ဖို့ခွက်တွေပါတွဲပေးလိုက်တော့ စားရတာတန်တယ်လို့ပြောရမယ်။ ပုံမှန်ဆို အပြင်မှာသိပ်မစားတတ်တဲ့ ကျွန်တော်ဟာ သူတို့ရဲ့ဟင်းတွေ နဂိုကတည်းကငန်တာကို သတိထားမိတယ်။ ဒါပေမယ့် ဒီတစ်ခေါက်က ဘယ်လိုမှန်းမပြောတတ်ဘူး .. ငတ်နေလို့လားများလား .. စားလို့ကောင်းလိုက်တာ။ ဒါကြောင့် အနောက်နိုင်ငံကရှေ့ပညာရှိတွေက လူ ( ၂ ) မျိုးရှိတယ် .. တစ်မျိုးက စားဖို့အသက်ရှင်တာ၊ နောက်တစ်မျိုးက အသက်ရှင်ဖို့စားတာ တဲ့။ ဒီမနက်ခင်းလေးမှာတော့ ကျွန်တော်တို့လူစုဟာ “ We Live to Eat ” စာရင်းထဲ ပါသွားကြပုံရတယ်။
.
.
စားပြီးပြီ .. ကားပေါ်ပြန်တက်တော့မယ် .. ဒီတော့ မဖြစ်မနေလုပ်ရမှာက ဝိတ်လျှော့ထားမှရမယ်။ ဒါနဲ့ကောင်တာမှာ အိမ်သာ - Rest Room သော့တောင်းတော့ “ 7270 ” တစ်လုံးပဲပြောလိုက်တယ်။ အိမ်သာရှေ့ရောက်တော့တွေ့ရတာက ဒီပင်ဒါစားသောက်ဆိုင်က နံပါတ်နဲ့ဖွင့်ရတဲ့သော့တတ်ထားတာကိုး။ အမှန်က Panda Express ကို စားဖိုမှူးသားအဖ ( ၃ ) ယောက်က တည်ထောင်ခဲ့တာကို ဖတ်ဖူးထားတယ်။
.
သူတို့ဟာ အမေရိကားကို ဟောင်ကောင်နိုင်ငံကနေပြောင်းရွှေ့အခြေချလာတာဖြစ်ပြီး သမီး ပက်ဂီကို ကျွန်တော်တို့မြန်မာနိုင်ငံမှာမွေးပြီး ဟောင်ကောင်မှာကြီးပြင်းခဲ့တယ်လို့ သိရတယ်။ ကောလိပ်တွေ၊ တက္ကသိုလ်တွေ၊ လေဆိပ်တွေ၊ လောင်းကစားဝိုင်းတွေမှာသာမက အစိုးရစစ်တပ်စခန်းတွေအထိ အမေရိကန်နိုင်ငံအနှံ့ ဆိုင်ခွဲပေါင်း ( ၁၅ဝဝ ) ရှိတဲ့ Restaurant Chain တစ်ခုဖြစ်ပါတယ်။ အသေးစိတ်ဖတ်ရှုနိုင်ရန် (https://en.wikipedia.org/wiki/Panda_Express)
.
.
ဗိုက်တင်းပြီးထွက်လာတဲ့ကျွန်တော်တို့ဟာ လက်ကိုင်ဖုန်းကခေါ်လာတဲ့တစ်နေရာမှာတော့ အဆင်မပြေမှုတစ်ခုနဲ့တိုးပါတော့တယ်။ ကားကရပ်ပြီးပြီ .. လူတွေကလည်းလမ်းပေါ်ရောက်ပြီ .. ဒါပေမယ့် လာရှာတဲ့ WhatsApp  ကုမ္ပဏီကိုရှာမတွေ့ဘူး။ ဒါနဲ့ ဖုန်းကိုပြန်စစ်၊ Google မှာပြန်ရှာ၊ အဆောက်အဦ ( ကွန်ဒိုမီနီယမ် ) ကို ဓါတ်ပုံရိုက်၊ အနောက်ဘက်ကိုပတ်ရှာ၊ တိုက်ကြားထဲလမ်းလျှောက်ရှာ နဲ့ ဘာအစအနမှမတွေ့ဘူး။ နောက်မှသေချာသွားတာတစ်ခုက သူ့လိပ်စာမှာ အခန်းနံပါတ် ပါနေတာကိုသတိထားမိတယ်။ ဒါကြောင့် ဒီစနေနေ့မှာ ရုံးပိတ်တော့ ကျွန်တော်တို့ ရောက်လျက်နဲ့မမြင်ခဲ့ရဘူး။ ဒီ WhatsApp က ကပ်သီးကပ်သပ် ကုမ္ပဏီလိုဂိုဆိုင်းဘုဒ်လေးတောင် လမ်းမပေါ်မှာ အုတ်ခုံလေးနဲ့မထွင်းထားရှာဘူး။
.
ကွန်ပျူတာပိုင်ဆိုင်ဖူးသူတိုင်း ပိုးသတ်ဆေးကိုသိကြမှာပါ။  အရည်နဲ့ဖျန်းတဲ့ပိုးသတ်ဆေးမဟုတ်ပါ .. Anti-Virus ကို ပြောတာပါ။ မြန်မာနိုင်ငံက Norton Anti-Virus ဆို သိကြတာများလိမ့်မယ်။ ကွန်ပျူတာအသစ်ဝယ်ရင် ရက် ( ၆ဝ ) ကာကွယ်ပေးဖို့ အဆင်သင့်ထည့်ပေးလိုက်တတ်ကြတယ်လေ။ ဒါပေမယ့် ဒီနေရာကိုရောက်တဲ့အခါ ဧည့်သည်ကောင်လေး ( ၂ ) ယောက်ကိုပြောပြတော့ မသိပြန်ပါဘူး။ ဒါနဲ့ Norton ဟာ သူ့ကုမ္ပဏီရဲ့ နာမည်ကြီးထွက်ကုန်တစ်ခုရဲ့နာမည်ဖြစ်တယ် .. အခုသွားမှာက အဝါကွင်းလေးထဲမှာ အမည်းရောင်အမှန်ခြစ်ပုံ နဲ့ မိခင်ကုမ္ပဏီ Symantec ဆိုတော့ သူတို့မျက်စိလည်ကုန်ကြတယ်။
.
.
ကျွန်တော်တို့မိသားစုက Norton Anti-Virus နဲ့ ရေစက်က မကုန်နိုင်ဘူး။ တစ်ခါတုန်းက သမီးမြန်မာနိုင်ငံပြန်မယ်ဆိုတော့ သူက လက်တော့အသစ်တစ်လုံးဝယ်ခိုင်းတယ်။ ဒါနဲ့ HP နောက်ဆုံးပေါ် ( အဲဒီတုန်းက ) လက်တော့တစ်လုံးရတယ်။ စက်အသစ်မှာ ထူးခြားချက်အနေနဲ့ Norton Anti-Virus ကို ( ၂ ) နှစ်စာပါတယ်ဆိုလို့ကို ကျွန်တော်ကဝယ်တာ။ ဒါနဲ့စက်ရောက်လာတော့ဖွင့်လိုက်တယ်ဆိုရင်ပဲ သာမန်စက်လို ရက် ( ၆ဝ ) ပဲ ပါတယ်။ ဒါနဲ့ Amazon ကိုဖုန်းဆက်တော့ သူနဲ့မဆိုင်ဘူးဆို HP ကိုလွှဲ၊ HP က သူနဲ့မဆိုင်ဘူးဆို Norton ကိုထပ်လွှဲ၊ Norton ကနေတစ်ဆင့် လက်ခံဖြေရှင်းပေးလို့ သမီးလေဆိပ်ဆင်းခါနီးအချိန်ကပ်ပြီး သူတို့ပေးတဲ့ ကုဒ်နံပါတ်ထည့်လိုက်မှ အဆင်ပြေသွားတယ်။
.
ဒါနဲ့ အင်္ဂလိပ်သံနည်းနည်းဝဲတဲ့ Norton က ကြီးကြပ်ရေးမှူးဆိုသူကို သူမ အခုဘယ်ကနေ ဖုန်းလက်ခံပြောတာပါလဲလို့မေးလိုက်တော့ သူမ က အိန္ဒိယနိုင်ငံ Symantec က လူထုဝန်ဆောင်မှု - Customer Service ဋ္ဌာနကပါလို့ပြောတယ်။ ဒီလောက်အထိကို ကမ္ဘာအနှံနယ်ချဲ့လုပ်ကိုင်နိုင်တဲ့ Norton ရဲ့ မိခင်ကုမ္ပဏီ Symantec ဆိုတာ တစ်လေးတစ်စား ဦးညွတ်ရတဲ့အကြောင်း နဲ့ ဒါကြောင့် ဒီခရီးစဉ်မှာ ဒီကိုလာဖို့ထည့်ဆွဲထားတာလို့ ကောင်လေး ( ၂ ) ယောက်ကို ရှင်းပြခွင့်ရလိုက်ပါတယ်။
.
.
ကျွန်တော်တို့အခုရောက်နေတဲ့ Facebook တည်ရှိရာ Menlo Park ၊ Google , LinkedIn, WhatsApp နဲ့ Symantec ရုံးချုပ်တို့ရှိရာ Mountain View ကနေ ခပ်ဝေးဝေး ဆီလီကွန်တောင်ကြားရဲ့မြို့တော် ဆန်ဟိုဆေး - San Jose ( ဆန်ဂျိုးဟုမဖတ်ပါ - မက္ကဆီကန်စကား ) ဘက်ကိုကူးတဲ့အခါ ဘယ်ကိုအရင်သွားရမလဲဆိုပြီးရွေးတော့ ကွန်ပျူတာနက်ဝေါ့ကင်းဆရာကြီး Cisco System ကို ဦးတည်လိုက်တယ်။
.
ခပ်ရှည်ရှည်ဖရီးဝေးတွေကိုဖြတ်ပြီး ရောက်သွားတဲ့အချိန် မူလလက်ဟောင်း Cisco System ဆိုတာ Googleplex လောက် အကျယ်ကြီးဆိုတာ သိလိုက်ရတယ်။ စာထဲမှာ ဒီကုမ္ပဏီကိုတည်ထောင်သူက မှတ်ရလွယ်အောင် ဆန်ဖရန်စစ္စကိုမြို့ရဲ့ နောက်စာလုံးကိုယူထားတယ်ဆိုတာရယ်၊ Computer Networking မှာ ( အထူးသဖြင့် ) Cisco ကစစ်တဲ့စာမေးပွဲအောင်မှ အသိအမှတ်ပြုခံရတယ်ဆိုတာရယ်ကို မှတ်မိနေပါတယ်။
.
.
ဒီဖရီးဝေးကိုမရောက်ခင် လမ်းသွယ်လေးမှာ Computer History Museum ဆိုတဲ့အဆောက်အဦကြီးကိုကားရပ်တုန်း မရမက ဓါတ်ပုံရိုက်ယူခဲ့တယ်။ ဖြစ်ပေါ်လာတဲ့သမိုင်းကနေ အထင်ကရ Classic ကွန်ပျူတာတွေအထိ မှတ်တမ်းတင်ထားရှိတယ်ဆိုတာ အရင်ရောက်ဖူးသူတွေပြောတာကို မှတ်မိလာတယ်။ သူတို့ကသာ သက်တမ်းအနှစ်လေးဆယ်လောက်ရှိသေးတဲ့ကွန်ပျူတာတွေကို ထိန်းသိမ်းနေရသေးတယ် .. တစ်ကယ့်နှစ်ချို့တာတွေဆို ကျွန်တော်တို့မြန်မာနိုင်ငံမှာသွားကြည့်လိုက် .. များလိုက်တာမှ .. ဘာမှ ပြတိုက်ဖွင့်နေစရာကိုမလိုဘူး..။
.
ကားမောင်းနေရင်း နဲ့ ဆမ်ဆောင်းတံဆိပ်ပါတဲ့တိုက်ကြီးကိုအဝေးကမြင်နေပေမယ့် လွယ်လွယ်နဲ့သွားလို့မရဘူး။ ဒါနဲ့ လက်ထဲက မှန်ကွဲဆမ်ဆောင်းဖုန်းလေးကိုလိပ်စာရွေးခိုင်းလိုက်တော့ သွားချင်တဲ့နေရာဟာ Cisco System ခြံဝန်းရဲ့ကျောချင်းကပ်လျက်မှာရှိနေတာကို သိလိုက်ရတယ်။ ဆမ်ဆောင်းကုမ္ပဏီရဲ့ ဆီလီကွန်တောင်ကြားရုံးချုပ်အဆောက်အဦသစ်ကို ဖွင့်ထားတာလပိုင်းပဲ ကြာမြင့်သေးတာပါ။ မုန့်လက်ကောက်ကို တုံးတွေပေါ်တင်ထားသလို ပတ်ပတ်လည်မှန်အပြည့်နဲ့ ပြာလှက်လှက်အဆောက်အဦးဟာ အပျိုတောကညိုချောထက် လှပတင့်တယ်နေပါတယ်။
.
.
ရောက်သွားတဲ့အချိန် ရုံးပိတ်ရက်မို့ဘယ်သူမှမရှိဘူးထင်တာ .. အစောင့်လုံခြုံရေးက ဝတ်စုံအပြည့်နဲ့စောင့်နေလေရဲ့။ ဒါနဲ့ ကျွန်တော်က ဓါတ်ပုံရိုက်ချင်တဲ့အကြောင်းခွင့်တောင်းတော့ သူက ခွင့်ပြုတယ်။ ဒါနဲ့ မှန်ပြာပြာအဆောက်အဦကြီးရဲ့အလယ်ကိုဝင် ( ၃၆ဝံ ) လှည့်ပြီးဓါတ်ပုံရိုက်၊ Selfie ဆွဲတော့မှ သတိထားမိတယ်။ ဧည့်သည်ကောင်လေး ( ၂ ) ယောက်က iPhone 6 Plus ကိုယ်စီနဲ့ ကျွန်တော်က ဆမ်ဆောင်းသမား။ ဒါနဲ့ ဘယ်ရမလဲ ငါက Samsung Fan ကွဆိုပြီး ဖုန်းလေးကိုင်ပြီး ပို့စ်ပေးလိုက်တာပေါ့ .. ဘယ်ရမလဲ..။
.
ဒါနဲ့ အထဲရိုက်၊ အတွင်းရိုက်၊ Selfie ရိုက်၊ အပြင်ရိုက်နေတုန်း မြက်ခင်းပေါ်တက်တော့ နောက်ထပ်လုံခြုံရေးလူမည်းတစ်ဦးက လာပြောတယ်။ အခုတော့ရပါတယ် .. နောက်တစ်ခါဆို မြက်ခင်းပေါ်မတက်ပါနဲ့ တားမြစ်ထားပါတယ်လို့ပြောတယ်။ ဟုတ်ပြီပေါ့ .. ဒါနဲ့ ခင်များတို့အဆောက်အဦးက ဆောက်နေတုန်းလား? ပြီးပြီလားဆိုတော့ အလုပ်အားလုံးလုပ်နေပြီလို့ပြောတယ်။ ကျွန်တော်ရောက်ခဲ့သမျှထဲမှာ ဆမ်ဆောင်းက အသစ်ဖြစ်တဲ့အပြင် နည်းပညာတွေပေါင်းစပ်ထားလို့ အလှဆုံးပဲ။ သူ့ဝန်ထမ်းတွေ ဘယ်အခန်းမှာအလုပ်လုပ်နေနေ နေရောင်ကိုမြင်ရစေ့မယ်တဲ့လေ။ အဲဒီကနေမထွက်ခွာခင် ဒီအဆောက်အဦးဆောက်တဲ့ငွေထဲမှာ ကျွန်တော်ဝယ်ခဲ့တဲ့ဒေါ်လာတွေလည်းပါမှာပဲလို့ အတွေးနယ်ချဲ့လာမိတယ်။
.
.
ညနေပိုင်းလည်းရောက်လာတော့ ကျွန်တော်တို့လည်း နည်းနည်းပင်ပန်းနေပြီ။ ဒါပေမယ့် ဓါတ်ပုံရိုက်ရဖို့ ပြေးလွှားနေရတော့ မောလို့မောရမှန်းမသိတော့ဘူး။ ဒါနဲ့ အင်တာနက်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ - PayPal ကို မောင်းပါတယ်။ လမ်းမှာ အောင်ပန်းကကောင်လေးက ဦးညီ ဟိုမှာ Canon ဆိုလို့ ပြန်လှည့်ပြီး ဓါတ်ပုံရိုက်တယ်။ ဂျပန်အထိမှမသွားနိုင်တာ အမေရိကန် Canon မှာ ရိုက်ရတာလည်း တန်ပါတယ်။
.
ကားကို ဂငယ်ကွေ့လိုက်တယ်ဆိုရင်ပဲ ကွန်ပျူတာမိုက်ခရိုချစ်ပ်ကုမ္ပဏီ Intel ကို ဘွားကနဲတွေ့တယ် .. ဆိုင်းဘုဒ်ကသေးသေးလေး .. ကုမ္ပဏီလမ်းကပိတ်ထား .. ဝင်လို့မရ .. ကားကရပ်စရာကမရှိ။ ဒါနဲ့ မြန်မာ့နည်းမြန်မာဟန် စုံမီးပြ-လမ်းဘေးချရပ်ပြီး ခပ်မြန်မြန်ဓါတ်ပုံရိုက်ရတယ်။ သူ့ဆိုင်းဘုဒ်ရဲ့စာသားအရ Altera ဆိုတဲ့ကုမ္ပဏီဟာ Intel ရဲ့ ထပ်တိုးကုမ္ပဏီလို့ရေးထားတာကို မှတ်ပြီးကားထပ်မောင်းရပါတယ်။
.
.
ဒါနဲ့ဆက်သွားပြီး PayPal ကိုရောက်မှ ဒီအဆောက်အဦးကိုငါမြင်ဖူးပါတယ်လို့စဉ်းစားတော့မှ  Apple ကုမ္ပဏီကိုမေ့ပြီးမရောက်ခဲ့တာကို သတိရလိုက်တယ်။ PayPal က အခုလက်ရှိရုံးချုပ်နဲ့ပုံစံတော်တော်တူအောင်ဆောက်ထားပုံပါပဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က PayPal ကို ပိုင်ရှင် အီလွန်မတ်စ် - Elon Musk က ရောင်းလိုက်တယ်။ ဟုတ်တယ် .. သူ့ကိုဝယ်လိုက်တဲ့ လေလံဝဘ်ဆိုဒ်ကြီး eBay ကို ကျွန်တော်တို့သွားရမယ်။
.
eBay က ဘာလုပ်တာလဲလို့မေးတော့ ဒီသူငယ် ( ၂ ) ယောက်က မသိပြန်ဘူး။ ဒါနဲ့ ရောင်းသူနဲ့ဝယ်သူကြားမှာစေ့စပ်ပြီးအကျိုးအမြတ်ရာခိုင်နှုန်းဖြတ်ယူတဲ့လေလံစာမျက်နှာဆိုတာ ရှင်းပြလိုက်တယ်။ ဒီကနေ ကျွန်တော်တို့တပ်ခေါက်ချင်နေပြီ .. ပြန်ချင်နေပြီ .. ဒါနဲ့ Starbucks ကော်ဖီဆိုင်မှာ အပူ ( ၁ ) ခွက်၊ အအေး ( ၂ ) ခွက်ဝင်သောက်ပြီး ဆော့ဝဲလ်ကုမ္ပဏီ Adobe Headquarter ကို ခရီးဆက်ဖို့ ဖရီးဝေးပေါ်ပြန်တက်တယ်။ မောင်းရင်း စကားပြောရင်း လမ်းမှားသွားလို့ နောက်ဆုံး Netflix ကိုဆက်မောင်းပြီး Adobe ကို မရောက်ဖြစ်လိုက်ဘူး။
.
.
လမ်းကြီးတစ်ခုကနေ ကုန်းဆင်းတော့ ဆန်ဟိုဆေးလေဆိပ် - SJC (San Jose International Airport) ရဲ့ လက်ချောင်းလေးတွေထောင်နေတဲ့ပုံနဲ့နံရံကိုတွေ့လိုက်မှ အရင်အင်တာနက်မှာမြင်ရတာထက်ပိုလှတာကို သတိထားမိတယ်။ ဆက်သွားရင်း Netflix ကို မရောက်ခင် စတင်းဖို့ဒ်ဆေးရုံ - Stanford Health Care ကို ဖြတ်မောင်းတော့ ရှမ်းပြည်နယ် ကလောမြို့ကနေ အမေရိကားရောက်လာတဲ့အစ်မတစ်ယောက်က သူ့ကလေးကို ဒီမှာတက်မွေးတာကို မှတ်မိလာပြန်တယ်။
.
Netflix ကိုရောက်တဲ့အခါ ကားရပ်စရာနေရာကြီးကြီးမားမားမရှိပဲ ဟော်တယ်ကြီးတစ်လုံးနဲ့တူနေတယ်။ ဆွဲထားတဲ့မြေပုံမှာ ဒီနေရာက အဝေးဆုံး။ ဒါပေမယ့် မနေ့က လတ်လတ်ဆတ်ဆတ်ရေးထားတဲ့ အင်တာနက် Streaming Video ဝဘ်ဆိုဒ် Netflix ကို မရောက်ရောက်အောင်လာလိုက်တော့မှ နည်းနည်းနေသာထိုင်သာရှိသွားပါတော့တယ်။ ဒါနဲ့ ရောက်ကြောင်းရယ်ကုန်စင် အပြီးသတ်ဓါတ်ပုံရိုက်ပြီး ဖရီးဝေးအပြန်လမ်းအတိုင်း ကားလေးကိုမောင်းနှင်လာခဲ့ပါတယ်။
.
.
ဒီနေရာမှာ ဒီနေ့အစီအစဉ်ရဲ့ အဓိကရည်ရွယ်ချက်နဲ့ လူငယ်လေးတွေကို ပေးချင်တဲ့သတင်းစကားက သူတို့ဟာ မြန်မာနိုင်ငံကနေ အမေရိကားကိုလာတဲ့အချိန် နည်းပညာရဲ့အရေးကြီးပုံကို မလေ့လာခဲ့ရသလို ဘာကိုလေ့လာရမှန်းသိခဲ့ပုံ မရကြဘူး။ ဒါကြောင့် သူတို့ ( ၂ ) ယောက်စလုံးတက်မယ့်ကောလိပ်မှာ နည်းပညာမေဂျာကို မမေ့စေချင်ဘူး … အခုရောက်နေတာက အမေရိကားမဟုတ်လား? ပိုနီးစပ်တာက ဒေးလီစီးတီးဆိုတာ ဆီလီကွန်တောင်ကြားနဲ့ သိပ်မဝေးတဲကနေရာမှာရှိတယ်။
.
ဒီတစ်ဝိုက်မှာ နည်းပညာမျိုးစုံသင်ကြားနိုင်တဲ့ ကောလိပ် တက္ကသိုလ် ဒါဇင်ပေါင်းများစွာရှိတယ်။ သူတို့ကိုနှိမ်တာမဟုတ်ဘူး .. အများအားဖြင့် အမေရိကားမှာ လုပ်ခနည်းနည်းပိုရလာရင် ကျောင်းပြီးအောင်မတက်ချင်ကြတော့ပဲ အိမ်ထောင်ကျ၊ မကျချင်းလည်းကျ၊ မယူပဲအိမ်ထောင်ကျ နဲ့ အလုပ်မှခိုကပ်ပြီး ကျောင်းကိစ္စဟာ ဒုတိယသာဖြစ်ပြီး ဘဝမအောင်မြင်သူတွေအကြောင်းကို တစ်လမ်းလုံး ကျွန်တော်ပြောပြတယ်။ ဒါကြောင့် သူတို့မသိတဲ့နည်းပညာကုမ္ပဏီတွေကို တကူးတက ကျွန်တော်ကားမောင်းလိုက်ပြတာ။
.
.
ဒီကြောင့် မနက်တစ်ခေါက်ထလာတိုင်း ကိုယ့်ဘဝရည်မှန်းချက်အတွက် တစ်လှမ်းနီးအောင်သွားနေရမယ် .. လျှောက်လှမ်းနေရနယ်။ ထိုင်နေရင်တော့ရွေ့မှာမဟုတ်ဘူးလေ။ ဒီလိုဖြစ်ခဲ့ရင်တော့ ဘယ်သူ့မှာမှအပြစ်မရှိဘူး .. ကိုယ့်ထိုက်နဲ့ကိုယ်ပဲ..။ ဒါကြောင့် မနက်အိပ်ယာကထ သန့်စင်ခန်းဝင်တဲ့အခါ နည်းပညာကုမ္ပဏီတွေဘယ်လောက်ချမ်းသာနေတယ်ဆိုတာကိုတွေးပြီး နည်းပညာနဲ့မျက်နှာသစ်ပါလို့ သူတို့ကိုကောင်းကောင်းကြီးပြောပစ်ခဲ့လိုက်တယ်။
.
ဒီကနေ ကျွန်တော်တို့ ( ၃ ) ယောက်ဟာ သူတို့ကိုကြိုခဲ့တဲ့ ဘူတာရုံလေးမှာ ပြန်လမ်းခွဲရင်း ဆီလီကွန်နည်းပညာကုမ္ပဏီများရဲ့တစ်ရက်နဲ့အပြီးလည်တဲ့အစီအစဉ်ကို အောင်မြင်စွာအဆုံးသတ်လ်ိုက်နိုင်ပါတော့တယ်။
.
ပြီးပါပြီ
.
ခင်လျက်
.
01-10-2016


Friday, January 8, 2016

ျမန္မာေတြအတြက္အိမ္တြင္းၾကည္႕ရုပ္ရွင္တစ္ေခတ္ျပန္္္ျဖစ္လာမယ္႕ Netflix

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အင္တာနက္အြန္လိုင္းကေန လစဥ္ေၾကးေပးျပီး ႏုိင္ငံျခားရုပ္ရွင္တစ္ကားျပီးေတြ၊ အေမရိကန္ေခြဆက္ေတြၾကည္႕လုိ႕ရတဲ႕ Netflix ဟာ ( ၂ဝ၁၆ ) ခုႏွစ္ ႏွစ္ဆန္း ( ၆ ) ရက္ေန႕မွာ ( ၁၃ဝ ) ႏုိင္ငံကုိ ထပ္တုိးခ်ဲ႕လႊင္႕ထုတ္တယ္လို႕ ေၾကျငာသြားပါတယ္။ အခုလိုထပ္တုိးႏုိင္ငံေတြမပါခင္တုန္းက ႏုိင္ငံေပါင္း ( ၆ဝ ) မွာ ၾကည္႕လုိ႕ရေနပါတယ္။
.
အာရွတိုက္ဘက္မွာ ဗီယက္နမ္၊ အိႏိၵယ၊ စကၤာပူ နဲ႕ အင္ဒုိနီးရွားတုိ႕ထက္မနည္းတဲ႕ႏုိင္ငံေတြပါဝင္လာတယ္။ ကံဆုိးတာက ေစ်းကြက္ၾကီးလွပါတယ္ဆုိတဲ႕ အင္တာနက္အသံုးဆံုးလူအုပ္ၾကီး တရုတ္ႏုိင္ငံ မပါလာတာပါ။ ကံေကာင္းတာကေတာ႕ လႈပ္တုတ္လႈပ္တုတ္အင္တာနက္ နဲ႕ ဆက္သြယ္ေရးနည္းပညာဖြံ႕ျဖိဳးစ ကြ်န္ေတာ္တုိ႕ရဲ႕ျမန္မာႏုိင္ငံ ဒီတစ္ေခါက္စာရင္းေပါက္လာတာပါပဲ။
.
.
Netflix မွာရုပ္ရွင္ၾကည္႕ခ်င္ရင္ တစ္လကုိ ( ၇.၉၉ ) ေဒၚလာ ေပးရပါတယ္။ သူ႕ဝဘ္ဆုိဒ္စာမ်က္ႏွာကိုဖြင္႕ျပီး အဲဒီေနရာမွာပဲ ရုပ္ရွင္ၾကည္႕ရမွာပါ။ Netflix.com ဆုိတဲ႕ေနရာမွာ အီးေမးနဲ႕အေကာင္႕တစ္ခုဖြင္႕ျပီး ဘဏ္ကဒ္နဲ႕ေငြသြင္းရပါတယ္ .. ဒါေၾကာင္႕ သူတုိ႕လက္ခံတဲ႕ အြန္လိုင္းေဒၚလာအေကာင္႕တစ္ခုလိုပါတယ္။ ကိုယ္႕နာမည္ နဲ႕ သံုးစြဲတဲ႕အဖြဲ႕ဝင္နာမည္ - Membership နာမယ္ေတြေရြးျပီးရင္ ( ဘဏ္စာရင္းသြင္းျပီးရင္ ) ( ၁ ) လ အခမဲ႕ၾကည္႕ႏုိင္ပါတယ္။
.
Basic Plan မွာ တစ္ခ်ိန္မွာ လူတစ္ဦးပဲၾကည္႕ႏိုင္ျပီး အေကာင္႕တစ္ခုထဲကုိ ( ၂ ) ဦး တစ္ျပိဳင္နက္တည္းၾကည္႕ခ်င္ရင္ ( ၁ ) လ ( ၁ဝ ) ေဒၚလာေပးရင္ရပါျပီ။ ဒီထက္လူမ်ားျပီး ရုပ္ရွင္လုေနရတဲ႕အိမ္မ်ိဳးဆိုရင္ေတာ႕ ( ၁၂ ) ေဒၚလာေပးထားရင္ လူ ( ၄ ) ေယာက္ ေအးေဆးသက္သာၾကည္႕ႏုိင္ဖို႕ အင္တာနက္ေကာင္းဖို႕ေတာ႕လုိပါတယ္။

Thursday, December 31, 2015

ကြ်န္ေတာ္နားလည္ထားတဲ႕အေမရိကန္အိပ္မက္ ( ၂ဝ၁၆ )

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အေမရိကားကို ကြ်န္ေတာ႕ထက္ႏွစ္အနည္းငယ္ေစာေရာက္ေနတဲ႕ ဦးသာေအာင္ ဆုိတဲ႕ ဦးေလးၾကီးအေၾကာင္းကို မၾကာခဏစဥ္းစားမိတယ္။ အခုအခ်ိန္ကာလနဲ႕တြက္ရင္ေတာ႕ သူေရာက္ေနတာ ( ၁ဝ ) ႏွစ္ေက်ာ္ေလာက္ရွိေရာေပါ႕။ သူနဲ႕ေတြ႕ျဖစ္တာက သိပ္အဆန္းၾကီးေတာ႕မဟုတ္ပါဘူး။ ေရာက္ခါစ မတတ္တစ္ေခါက္အဂၤလိပ္စကားကုိထစ္ေငါ႕ထစ္ေငါ႕ေျပာတတ္တဲ႕ မလည္မဝယ္ ေတာသားျမိဳ႕တက္မိသားစုတစ္စုကုိ စတင္အသိအမွတ္ျပဳခဲ႕သူေတြကေတာ႕ ဒီႏုိင္ငံက ေက်းဇူးရွိတဲ႕အစ္မတို႕လင္မယားရယ္ သူတုိ႕ရဲ႕မိတ္ေဆြရင္းခ်ာေတြပါ။ အဲဒီထဲက အေမရိကန္ေရာက္ခါစေတြကုိကူညီတတ္တဲ႕ ဦးသူၾကီး ဆိုတဲ႕ ဦးေလးၾကီးေခါက္ဆြဲစားေခၚသြားလို႕ ဦးသာေအာင္ နဲ႕ ဆံုခဲ႕ရတယ္။
.
သူက ဗီယက္နမ္ေခါက္ဆြဲဆိုင္မွာ တစ္ဆိုင္လံုးအလုပ္ကို တစ္ေယာက္တည္းထိန္းထားႏုိင္တဲ႕ ျမန္မာလူမ်ိဳးတစ္ေယာက္ပါ။ စားပြဲထုိးတာကအစ မီးဖိုေခ်ာင္အဆံုး စားပြဲထုိး၊ ေငြသိမ္းပါမက်န္ သူတစ္ေယာက္တည္းနဲ႕ျပီးတယ္။ ဆိုင္ရွင္က ဦးသာေအာင္ရွိရင္ ဘာမွလွည္႕ၾကည္႕စရာမလိုေလာက္ေအာင္ စိတ္ခ်ရတယ္။ သူရွိေနတဲ႕အတြက္ ျမန္မာအမ်ားစုလာစားၾကေတာ႕ ဆိုင္ကလည္း ေရာင္းေကာင္းတယ္ေလ။ အသက္အားျဖင္႕ ( ၆ဝ ) နားကပ္ေနေပမယ္႕ ျမန္မာ႕အေခၚဆုိ ေအာက္သက္ေက်တဲ႕ ဦးသာေအာင္ကို ဆိုင္ရွင္က လက္မလႊတ္ႏုိင္ ျဖစ္ရတယ္။ ဒါက ဦးသာေအာင္ကိုသိခဲ႕ရတဲ႕ ကၾကီးကေန အအထိအေၾကာင္း..။
.
.
သူနဲ႕စကားေျပာၾကည္႕ေတာ႕ သူ အေမရိကားေရာက္ခါစက ငယ္ငယ္က ေရာင္စံုေဘာ္လံုးေတြသာျမင္ခဲ႕ရတဲ႕ ဦးသာေအာင္ဟာ လမ္းေတြေပၚမွာ ကားေရာင္စံုေလးေတြျမင္ေတာ႕ သူမက္ခဲ႕တဲ႕ မဆလေခတ္၊ နဝတေခတ္၊ နအဖေခတ္ စတဲ႕ ေခတ္အဆက္ဆက္အခြင္႕အေရးမရခဲ႕တဲ႕အိပ္မက္ကို အေကာင္အထည္ေဖာ္ပါေတာ႕တယ္။ အမ်ားသူငါလို ရုန္းကန္လႈပ္ရွားရင္း အလုပ္ရွာ၊ အိမ္ငွားရွာ၊ အေျခခ်၊ အနည္ထုိင္ျပီဆိုတာနဲ႕ သူပထမဦးဆံုးလုပ္တာက ေမာင္းထားတဲ႕မုိင္သံုည - Zero Mileage ကားအသစ္စက္စက္ကို ဝယ္စီးတာပါပဲ။

Sunday, December 27, 2015

ေက်ာက္စိမ္းျမတ္ - Jadeite ( သို႕မဟုတ္ ) ျမန္မာ႕ေက်ာက္ေမွာ္မ်ား၏က်ိမ္စာ

ဘာသာျပန္သူ - ကုိညီညီ ( ေတာင္ၾကီး )
.
101 East , Al Jazeera English မွရိုက္ကူးေသာ Myanmar’s Jade Curse မွတ္တမ္းတင္ဗီြဒီယိုကို မူရင္းရုိက္ကူးသူ၏ အဂၤလိပ္ဘာသာေျပာၾကားမႈမွ ဇာတ္ညႊန္းဇာတ္ကြက္အတိုင္း တိုက္ရိုက္ျပန္ဆိုပါသည္။
.
101 East အစီအစဥ္ကေနၾကိဳဆိုပါတယ္။ ကြ်န္ေတာ႕နာမည္က စတိဗ္ေခ်ာင္ ပါ။
.
ရာစုႏွစ္ေပါင္းမ်ားစြာအထိ တရုတ္ႏုိင္ငံမွာ ေက်ာက္စိမ္းဟာ ေရႊထက္တန္ဖိုးရွိပါတယ္။ အဖိုးတန္တဲ႕ေက်ာက္ရိုင္းကေန ေက်ာက္စိမ္းအျဖစ္ထုတ္ယူရာမွာ ေခတ္သစ္တရုတ္သူေ႒းေတြကို ေဒၚလာဘီလ်ံနဲ႕ခ်ီတဲ႕ ခ်မ္းသာၾကြယ္ဝမႈဆီကုိ ပို႕ေဆာင္ေပးခဲ႕တယ္။ ဒါေပမယ္႕ အေကာင္းဆံုးေက်ာက္စိမ္းဆိုတာက နယ္နိမိတ္ထိစပ္ေနတဲ႕ ျမန္မာႏိုင္ငံကလာတာ ျဖစ္ပါတယ္။
.
ဒါေပမယ္႕ ေက်ာက္တူးအလုပ္သမားမ်ားကေတာ႕ မူးယစ္ေဆးဝါးေထာင္ေခ်ာက္တင္ထားတဲ႕ေက်ာက္တြင္းေတြမွာ သူတို႕ရဲ႕အသက္ကုိစြန္႕ျပီး လုပ္ေဆာင္ၾကရပါတယ္။ ရုိက္ကူးသူ ခ်န္းထိုက္ခ်ိဳးကို ေက်ာက္ကုန္သည္မ်ားက ေက်ာက္စိမ္းကိုဖုံးထားတဲ႕ေက်ာက္ေတာင္မ်ားဆီကုိ ေခၚေဆာင္သြားပါတယ္။ ( ရုိက္ကြင္း ။         ။ ေရမေဆးေက်ာက္ေကာက္သူမ်ား ေျမစာပံုေအာက္ေျခတြင္ ေက်ာက္ရွာေနပံုမ်ားျပထား )

Saturday, December 26, 2015

သားသမီးထုအေပၚမိဘမ်ား၏အနာဂါတ္ရင္းႏွီးျမွဳပ္ႏွံမႈ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ျမန္မာႏုိင္ငံအေၾကာင္း အထူးသျဖင္႕ ကိုယ္႕ေမြးရပ္ေျမက မိတ္ေဆြေဟာင္းေတြသတင္းကိုၾကားမိတိုင္း ကြ်န္ေတာ္ဟာ ဝမ္းသာရသလုိ ဝမ္းလည္းနည္းရတယ္။ သူတို႕တစ္ေတြတိုးတက္ခ်မ္းသာေတာ႕ ကြ်န္ေတာ႕ရင္ထဲမွာ ၾကည္ႏူးမိတယ္။ သူတို႕သားသမီးေတြရဲ႕အနာဂါတ္အတြက္ အားတက္မိတယ္။ ဒါေပမယ္႕ ကုန္သည္တစ္ေယာက္အျဖစ္အသက္ေမြးခဲ႕တဲ႕ကြ်န္ေတာ္က အခုလုိ ေခတၱအေမရိကားမွာ ဝန္ထမ္းတစ္ေယာက္ျဖစ္ေနေတာ႕ သံုးေငြ နဲ႕ ရေငြကို ကုိယ္႕လုပ္အားနဲ႕အားလပ္ခ်ိန္တုိ႕ကို အလုပ္လုပ္တဲ႕ကုမၸဏီမွာ အေပါင္ထားရသလိုျဖစ္ေနတယ္။
.
ဒါေၾကာင္႕ သံုးေငြမ်ားသြားသလား? လကုန္မွဆပ္။ အေၾကြးမ်ားေနလား? ခရက္ဒစ္ကဒ္ထုတ္သံုး။ ျမန္မာႏုိင္ငံကလုိ ပုိက္ဆံပါမွသံုးရသလိုမဟုတ္ေတာ႕ ဘာဝယ္ဝယ္ ပလပ္စတစ္ကဒ္ျပားဆြဲ .. ဒီလို Paycheck to Paycheck ဘဝထဲ ၾကပ္တည္းစြာမေရာက္ရံုတစ္မယ္မုိ႕ သက္သာတယ္လို႕ဆုိရပါမယ္။ တစ္ခ်ိဳ႕မ်ားဆုိ ေဒၚလာ ( ၄ဝဝ ) ေလာက္ လွည္႕သံုးရဖို႕အေရး တစ္လ ( ၂ဝ% ) ေပးရတဲ႕ အျမတ္ၾကီးစားေငြတုိးကုမၸဏီကေန ေငြေခ်းၾက၊ ျပန္မဆပ္ႏုိင္ေတာ႕ ေငြေတာင္းစာေတြကုိလ်စ္လ်ဴရႈ၊ အေစာင္ေစာင္လာတဲ႕စာေတြကေနတစ္ဆင္႕ ေနာက္ဆံုးအေရးယူပါမယ္၊ နာမည္ပ်က္စာရင္းသြင္းပါမယ္ဆုိတဲ႕စာေတြဆက္တုိက္လာ စတဲ႕ မရွိစုရွိစုဘဝထဲကို ကြ်န္ေတာ္မသက္ဆင္းရတာ ေတာ္ေတာ္ကံေကာင္းတယ္လို႕ဆိုရမွာပါ။
.
.
ဒီဘက္ႏုိင္ငံကုိမလာခင္တုန္းက ကိုညီညီ ( ေတာင္ၾကီး ) ဆိုတာ ကုန္သည္ေလာကမွာ နာမည္တစ္လံုးနဲ႕ေပါ႕။ အခုအခိ်န္နဲ႕ေတာ႕ ဆီနဲ႕ေရ လို ကြာသြားျပီထင္ပါတယ္။ အဲဒီတုန္းက ကြ်န္ေတာ္နဲ႕ျပိဳင္ဘက္၊ လုပ္ေဖာ္ကိုင္ဘက္၊ အားကိုးေဖာ္ကုမၸဏီမ်ားဟာ အခုဆိုရင္ တိုက္ဆို ဘယ္ႏွစ္လံုး၊ ကုမၸဏီဆိုရင္ ဘယ္ကုမၸဏီကုိေမးတာလဲ၊ တိုက္ခန္းဆိုရင္လည္း ဘယ္ေနရာမွာေဆာက္ထားတဲ႕ဆုိင္ခန္းလဲလို႕ ခြဲခြဲျခားျခားေမးယူရေလာက္ေအာင္တိုးတက္ၾကီးပြားလာၾကတယ္။

Friday, December 25, 2015

( ၂ဝ၁၆ ) မဂၤလာႏွစ္သစ္လက္ေဆာင္ အမွန္တရားစကား အခြန္း ( ၅ဝ )

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
လူၾကီးမင္းတို႕၏ဘဝႏွင္႕အလုပ္အကိုင္မ်ားတြင္ မည္သို႕ပင္ၾကံဳေတြ႕ေနေစကာမူ သင္႕ေရွ႕တြင္ျဖတ္သန္းသြားခဲ႕ေသာ ဘဝတူလူသားမ်ားသည္ ရွိေနၾကမည္မွာ မလြဲေပ။ ဆယ္စုႏွစ္ ( ၂ ) ခုေက်ာ္ ဂ်ာနယ္လစ္တစ္ဦးအျဖစ္ ျဖတ္သန္းခဲ႕သည္႕ ကြ်န္မအေနျဖင္႕ ေဒၚလာဘီလ်ံခ်ီၾကြယ္ဝခ်မ္းသားသည္႕သူေ႒းမ်ားမွသည္ ေအာင္ျမင္မႈအသီးသီးကို ရယူပိုင္ဆိုင္ထားေသာ အလႊာေပါင္းစံုမွ ေအာင္ျမင္သူမ်ားစြာကုိ လူေတြ႕အင္တာဗ်ဴးခြင္႕ရခဲ႕ပါသည္။
.
ထိုအထဲတြင္ စြန္႕ဦးလုပ္ငန္းတီထြင္သူ - Entrepreneur မ်ား ႏွင္႕ ကုမၸဏီလုပ္ငန္းစတင္သူ - Startup မ်ားလည္း ပါဝင္သည္။ မွတ္မွတ္ရရ ဦးေႏွာက္ကင္ဆာ - Brain Cancer တိုက္ဖ်က္သည္႕ကုမၸဏီတစ္ခုပင္ ပါလိုက္ေသးသည္။
.
.
၄င္းတုိ႕အားလံုး၏စကားလံုးမ်ားသည္ စီးပြားေရးႏွင္႕ဘဝတိုးတက္ေရးတုိ႕ကုိ လွစ္ဟျပေသာ အမွန္တရားစကားမ်ား ျဖစ္ေနပါသည္။ အခ်ိဳ႕အသိပညာမ်ားဆိုလွ်င္ ေန႕စဥ္စီးပြားေရးအလုပ္အကိုင္အတြက္ လိုက္နာရန္ - Tips  မ်ား ( သို႕မဟုတ္ ) လွည္႕ကြက္ - Tricks မ်ားကို ေရွာင္ကြင္းရန္ အနီးကပ္လာေရာက္ေျပာျပေနသကဲ႕သို႕ ရွိေနပါသည္။
.
ထုိ႕ေၾကာင္႕ လာမည္႕ႏွစ္သစ္တြင္ အမ်ားသူငါေလ႕လာႏွလံုးသြင္းႏုိင္ရန္အလုိ႕ငွာ အမွန္တရားစကားအခြန္း ( ၅ဝ ) ကို ေအာက္တြင္ မခြ်င္းမခ်န္ ေဖာ္ျပလိုက္ရပါသည္။
.
ဂ်ဴလီေဘာ႕ / ဂ်ာနယ္လစ္ - Julie Bort  / Journalist ( Business Insider )

Wednesday, December 23, 2015

မတူေပမယ္႕တည္႕ေအာင္စုေနတဲ႕ေျမ

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
ျငိမ္းခ်မ္းေရးကိုအတူတကြရွာေဖြတဲ႕ေနရာမွာ ဒီမုိကေရစီစံနစ္ကို  ( ၂၃၉ ) ႏွစ္ေက်ာ္ၾကာရွည္ေအာင္အေျခတည္ပ်ိဳးေထာင္ခဲ႕တဲ႕ အေမရိကန္ႏိုင္ငံဆီက အတုယူစရာမ်ားစြာရွိပါတယ္။ လြတ္လပ္စြာေျပာဆုိမႈ၊ လြတ္လပ္စြာထုတ္ေဖာ္ေရးသားမႈ၊ လြတ္လပ္စြာပံုႏွိပ္ေဖာ္ျပမႈ စတာေတြကို မီဒီယာအသီးသီးမွာ သိျပီးသားမို႕လို႕ အထူးအက်ယ္ခ်ဲ႕ေျပာျပဖို႕လိုမယ္မထင္ေတာ႕ပါဘူး။
.
သူတုိ႕ရဲ႕ပြင္႕လင္းတဲ႕ယဥ္ေက်းမႈ၊ တစ္ဦးအေပၚတစ္ဦး မခ်ိဳးမႏွိမ္ဦးစားေပးဆက္ဆံတတ္မႈ၊ ဘဝေပးအရအားနည္းသူ - Disabled Person ေတြကို အစုိးရကိုယ္တိုင္အလႊာအသီးသီးအေရာက္ မခြဲမျခား တန္းတူရည္တူေနရာေပးမႈ၊ အိမ္ကထြက္တာနဲ႕ တရားဥပေဒကိုအတိအက်လိုက္နာတတ္မႈ စတာေတြျပည္႕စံုတဲ႕ျပည္သူအမ်ားစုအင္အားေၾကာင္႕ စံျပဒီမုိကေရစီတိုင္းျပည္အျဖစ္ ႏိုင္ငံအမ်ားအျပားက အတုယူေနရာရတာလည္းျဖစ္ပါတယ္။
.
ဒီေလာက္ေတာင္ျပီးျပည္႕စံုေနလို႕လား? လူစုလူေဝးကုိဆင္ျခင္တံုတရားမဲ႕လက္နက္ျဖင္႕တုိက္ခုိက္တာေတြကေရာ? လက္နက္မဲ႕တစ္ေယာက္ကို လံုျခံဳေရးရဲေတြက မညွာမတာပစ္ခတ္တာကေရာ? လူ႕အခြင္႕အေရးအေလးေပးတယ္ဆုိျပီး အသားအေရာင္မတူ၊ ကုိးကြယ္တဲ႕ဘာသာမတူညီသူေတြကို မတရားဖိႏွိပ္ဆက္ဆံတာေတြကေရာ? အလုပ္ခြင္ေတြမွာ အဂၤလိပ္စကားမကြ်မ္းက်င္တဲ႕ေျပာင္းေရႊ႕လုပ္သားေတြကို ႏွိမ္႕ခ်ဆက္ဆံတာေတြကေရာ? ဆိုျပီး ေစာတကတက္စရာရွိပါတယ္။ မွန္ပါတယ္..။ အားလံုးျပီးျပည္႕စံုဖို႕ဆိုရင္ လူညီမွရပါမယ္။ အားလံုးတန္းတူညီမွ်ျဖစ္မွရပါမယ္။ ေကာင္းမြန္တဲ႕လူပတ္ဝန္းက်င္ၾကားမွာ စည္းကမ္းမလိုက္နာတဲ႕ မသုိးမသန္႕လူကန္႕လန္႕မ်ားလည္း ပါေနႏုိင္ပါတယ္။

Monday, December 21, 2015

ဘြဲ႕လက္မွတ္ပါမွအလုပ္ခန္႕မွာလား?

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
.
ကမၻာေျမေပၚဘယ္ေနရာပဲေနေန အလုပ္တစ္ခုခုေတာ႕လုပ္ေနရမွာက လူသားတုိ႕ဘဝရပ္တည္ႏိုင္ေရး တာဝန္တစ္ခုျဖစ္လာေနပါတယ္။ ဒီေနရာမွာ ရုန္းကန္လႈပ္ရွားရတဲ႕ေနရာေဒသ နဲ႕ ပိုမုိက်ယ္ျပန္႕စြာေျပာရရင္ ေျပာင္းေရႊ႕လုပ္ကိုင္ရတဲ႕ႏိုင္ငံရဲ႕ အလုပ္ခန္႕မႈလုပ္ငန္းစဥ္မွာ ဘြဲ႕လက္မွတ္ပါမွဆိုတဲ႕ အစြဲအလမ္းအေၾကာင္းကို ေျပာျပခ်င္တယ္။ ဟုတ္ပါတယ္ .. အလုပ္ခန္႕မယ္႕ကုမၸဏီ ဒါမွမဟုတ္ အလုပ္ခန္႕ေအးဂ်င္႕က စာရြက္စာတမ္းျပႏိုင္ရင္ ေငြေပးငွားရမ္းရမယ္႕လုပ္သားရဲ႕ လုပ္အားအမွန္ကို ခန္႕မွန္းႏိုင္တာေၾကာင္႕ လိုအပ္ခ်က္တစ္ခုအျဖစ္ထည္႕သြင္းစဥ္းစားတာ သဘာဝက်ပါတယ္။ ဒါေပမယ္႕ ဒါဟာ အျမဲလိုအပ္သလားဆုိတာ ေစ႕ေစ႕ေပါက္ေပါက္စဥ္းစားၾကည္႕ရေအာင္..။
.
အလုပ္ေလွ်ာက္လႊာကို အေမရိကန္မွာ “ ရစမီ - Resume ” လို႕ေခၚပါတယ္။ ျမန္မာႏုိင္ငံနဲ႕တစ္ျခားႏုိင္ငံေတြမွာသံုးတဲ႕ CV Form နဲ႕ အတူတူပါပဲ။ Resume မွာ ေရွ႕ဖံုးစာမ်က္ႏွာ Cover Page ဆိုတာရွိပါေသးတယ္။ ဒါက ေနရာတိုင္း၊ အလုပ္ေလွ်ာက္ထားသူတုိင္း ထည္႕ေရးၾကတာေတာ႕မဟုတ္ပါဘူး။ ဆုိလုိတာက ရွိလည္းရတယ္ မရွိလည္းရပါတယ္။ ကိုယ္႕အရည္အခ်င္းကို ျပဴးတူးျပဲတဲ ေရးျပစရာရွိရင္ေတာ႕ ဒီ Cover Page က အလုပ္ခန္႕လက္မွတ္ Employment Ticket တစ္ခု ျဖစ္လာႏုိင္ပါတယ္ .. လူအထင္ၾကီးပါတယ္။
.
.
လုပ္ငန္းကြ်မ္းက်င္မႈွထူးထူးျခားျခားေရးစရာမရွိသူအတြက္ Cover Page က ေက်ာ္ျဖတ္ရမယ္႕ အပိုအခက္အခဲတစ္ခုပါ။ ဒါ႕အျပင္ ႏုိင္ငံရပ္ျခားကို ျမန္မာႏုိင္ငံက တတ္ထားတဲ႕ပညာတစ္ခုခုနဲ႕အလုပ္ေလွ်ာက္ခ်င္ေပမယ္႕ Resume တစ္ခုကို ကိုယ္တိုင္ျဖစ္ျဖစ္ေျမာက္ေျမာက္ေရးဖို႕ဆိုတာ သိပ္လြယ္လွတဲ႕ကိစၥမဟုတ္တာကိုေတာ႕ ၾကံဳဖူးသူမ်ား အသိဆံုးပါ။ အဲဒီထဲမွာ ကိုယ္တတ္ကြ်မ္းတဲ႕ လုပ္ရည္ကိုင္ရည္ကိုထည္႕ေရးရဦးမယ္၊ ရထားတဲ႕ဘြဲ႕ကိုျဖည္႕သြင္းရဦးမယ္၊ တက္ထားတဲ႕ေက်ာင္းသားအေတြ႕အၾကံဳေတြကိုမွတ္မိထားရသလို ေရာက္ေနတဲ႕ႏုိင္ငံကကိုယ္ေတြ႕လုပ္ဖူးတဲ႕အလုပ္အေတြ႕အၾကံဳကို ထည္႕ေရးတတ္ရပါမယ္။

Monday, November 30, 2015

Stanford University က စာတစ္ေစာင္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
တကၠသုိလ္ေက်ာင္းအတြက္ ေမဂ်ာေရြးခ်ယ္ဖို႕ေလ႕က်င္႕သင္တန္းအတြက္ေခၚစာေတြ ကြ်န္ေတာ႕အိမ္ကို မၾကာခဏေရာက္လာတတ္တယ္။ ညေနအလုပ္ျပန္လို႕ စာတုိက္ပံုးစစ္တဲ႕အခါ လိပ္စာေနရာမွာ “ စြမ္း ” နာမယ္မေတြ႕လိုက္နဲ႕ .. အဲဒါ ေက်ာင္းတက္ဖို႕ဖိတ္ေခၚတဲ႕စာဆိုတာ ေသခ်ာသေလာက္ရွိတယ္။
.
မ်ားလွတဲ႕ေက်ာင္းၾကီးေတြရဲ႕ပရိုမုိးရွင္းစာေတြၾကားမွာ ပြဲစားဆန္ဆန္ “ ေမဂ်ာေရြးေပးမယ္ ” ဆိုတဲ႕ ပရုိဂရမ္ေရာင္းခ်တဲ႕ ပုဂၢလိကပညာေရးအသင္းအဖြဲ႕ေတြလည္းရွိတယ္။ ( ၇ ) လအတြင္း အေစာင္ေရ ( ၁ဝဝ ) ေက်ာ္ ေရာက္လာတဲ႕အထိ ေစ်းေရာင္းတဲ႕ေက်ာင္းစာေတြမွန္းသိတာနဲ႕ ကြ်န္ေတာ္လႊင္႕ပစ္ခဲ႕တာခ်ည္းပဲ။ အခုစာကေတာ႕ လႊင္႕မပစ္ရက္ပဲ ေက်ာင္းနာမယ္ေၾကာင္႕ ကြ်န္ေတာ္ဖြင္႕ဖတ္လိုက္မိတယ္။
.
စာထဲမွာ Stanford Pre-Collegiate Studies ရဲ႕ ဒါရုိက္တာက ( ၂ဝ၁၆ ) အေမရိကန္ေႏြရာသီမွာဖြင္႕မယ္႕ ေကာလိပ္ၾကိဳေက်ာင္းပရုိဂရမ္မွာ ပါဝင္ေလွ်ာက္ထားဖို႕ဖိတ္ေခၚတယ္ ဆုိျပီး အစခ်ီထားပါတယ္။ စာသင္သီတင္းပတ္ ( ၈ ) ပတ္ ရွိမယ္႕ ထိပ္သီးေက်ာင္းသားမ်ားကိုေရြးခ်ယ္လက္ခံတဲ႕၊ တကၠသိုလ္အဆင္႕အေတြ႕အၾကံဳထူးေတြရရွိမယ္႕ ဒီအစီအစဥ္မွာ သာမန္အထက္တန္းေက်ာင္းေတြမွာမရႏုိင္တဲ႕ အကယ္ဒမီအဆင္႕၊ လူမႈအသိုက္အဝန္း နဲ႕ ပညာသင္ၾကားမႈအခြင္႕အေရးေတြ အေထာက္အကူျပဳပံ႕ပိုးမယ္လို႕ ဆိုပါတယ္။

Friday, November 27, 2015

သက္ေတာင္႕သက္သာမွတ္မိေအာင္စာက်က္နည္း

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ကြ်န္ေတာ္တုိ႕ငယ္ငယ္တုန္းကတည္းကလို စာေၾကာင္းရဲ႕ထိပ္ကေနစက်က္ျပီး စာပိုဒ္ဆံုးတဲ႕အထိ စာကုိမက်က္ၾကေတာ႕ပါဘူး။ ဒီလိုက်က္ရင္ အေရွ႕ရယ္၊ အလယ္ရယ္၊ ေနာက္ပိုင္းရယ္ကို ခြဲျခားျပီး မမွတ္ထားႏုိင္တဲ႕ ဦးေႏွာက္မွာ ဝန္ပိလြန္းလွတယ္။
.
ဒါေၾကာင္႕မို႕ အခုေနာက္ပုိင္း အေမရိကန္မွာ ကေလးေတြရဲ႕ဦးေႏွာက္ကို အရမ္းမခုိင္းဖို႕အတြက္ ဆရာေတြက ကေလးေတြကိုေရာ၊ မိဘေတြအထိ ေကာလိပ္ေက်ာင္းသားေတြပိုပါမက်န္ နည္းလမ္းတစ္မ်ိဳးနဲ႕ေစခုိင္းေလ႕က်င္႕ေစတယ္။ အဲဒါကေတာ႕ အေစာကေျပာခဲ႕သလို စာကို အစကေနအဆံုး " ေအာ္ျပီၤး က်က္မွတ္ " တာမ်ိဳးမဟုတ္ပဲ အခ်ိန္မေရြးမွတ္မိႏုိင္တဲ႕ ပံုရိပ္အေနနဲ႕ Scan ဖတ္က်က္ က်က္ခုိင္းတယ္။
.
.
ဒီစာကုိ ျပန္စဥ္းစားတဲ႕ ေက်ာင္းသားမွာ ကိုယ္ႏွစ္သက္သလိုရုိုက္ထားတဲ႕ ဓါတ္ပံုလွလွေလးကို အခ်ိန္မေရြးျပန္မွတ္မိသလို ပံုရိပ္ရဲ႕ဘယ္ေနရာမွာ ဘာစာလံုးေလးရွိတယ္က အစ မွတ္မိၾကတယ္။ အသံုးလည္း ဝင္လွသလို အလုပ္လည္းျဖစ္ၾကတယ္။ ဒါေၾကာင္႕ ေက်ာင္းသားေတြမွာ စာမရတဲ႕ ဒုကၡကေန ကင္းေဝးျပီး အျပင္စာ ပိုဖတ္လာႏုိင္ၾကတယ္။
.
တစ္ခ်ိဳ႕မ်ားဆုိ ဖတ္စာအုပ္၊ စာတစ္ပုဒ္ကို လက္ကိုင္ဖုန္းနဲ႕ဓါတ္ပံုရိုက္ျပီး သိမ္းထားတတ္ၾကတယ္။ အားတာနဲ႕ Facebook သံုးတဲ႕အခါမ်ိဳးမွာ သူတို႕ဟာ ရုိက္ထားတဲ႕ဓါတ္ပံုေတြကို ျပန္ၾကည္႕ရင္း စာက်က္ၾကတယ္။ ဒါေၾကာင္႕ " စာက်က္တယ္ဆုိတာ အလုပ္ရယ္လုိ႕ သတ္သတ္မွတ္မွတ္လုပ္တုိင္း က်ရွံဴးတဲ႕တတ္တဲ႕ ေက်ာင္းသားေတြအတြက္ " ေျဖေဆးတစ္ခုျဖစ္လာပါတယ္။ 

Sunday, November 22, 2015

ကိုကိုလြင္ ႏွင္႕ ကိုညီညီ စကားစစ္ထုိးခန္း။ ( ၂ )

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
ကိုကိုလြင္ ။           ။ ကဲ .. အခု ( ၂ဝ၁၅ ) လည္းကုန္ေတာ႕မယ္။ ငါတုိ႕အျငင္းအခုန္ျဖစ္ခဲ႕တာလည္း တစ္ႏွစ္ေက်ာ္လာျပီ။ မင္းရဲ႕ဘဝ ဘာမ်ားတိုးတက္လာသလဲ .. ရွင္းစမ္းပါဦး။
.
ကိုညီညီ ။          ။ ေျပာရရင္ေတာ႕ “ ဘ ” နဲ႕ “ ဝ ” ေပါင္းမိကတည္းက စေတာ႕တာပဲေမာင္ေရ။ လုပ္လိုက္ရတဲ႕အလုပ္ေတြ၊ ေက်ာ္ျဖတ္လိုက္ရတဲ႕အခက္အခဲေတြ၊ ေျဖရွင္းလိုက္ရတဲ႕အေသးအဖဲြျပသနာေလးေတြ အမ်ားၾကီးပါကြာ။ မေျပာခ်င္ေတာ႕ပါဘူး။
.
.
ကိုကိုလြင္ ။           ။ ဘာအခုမွေၾကာက္ပါျပီလဲ။ လုပ္တုန္းကလုပ္ျပီးေတာ႕၊ အခုလည္း အေမရိကားကို မင္းပဲ လာတုန္းကလာျပီးေတာ႕။
.
ကိုညီညီ ။          ။ ေၾကာက္လို႕မဟုတ္ပါဘူးကြာ .. မင္းကလည္း။ ငါဆိုလိုတာက လူတစ္ေယာက္ဟာ အခက္အခဲရွိတိုင္း လူတကာကိုလုိက္ေျပာ၊ အားတုိင္းယားတုိင္း Facebook ေပၚအခ်ိန္ျပည္႕တင္ေနလို႕ဘယ္ျဖစ္ပါ႕မလဲ။ အခုဟာက ငါေရာက္ေနတဲ႕ေနရာမွာ ေပ်ာ္ေသာ္ရွိ မေပ်ာ္ေသာ္ရွိ ပတ္ဝန္းက်င္နဲ႕ သင္႕တင္႕ေလ်က္ပတ္ေအာင္ေနထုိင္ေနပါတယ္လို႕ ေျပာခ်င္တာပါ သူငယ္ခ်င္းရာ။
.
.
ကိုကိုလြင္ ။           ။ အခုမွ သူငယ္ခ်င္းေတြ ဘာေတြလာလုပ္မေနနဲ႕။ အြန္လိုင္းေပၚမွာ မင္းဓါတ္ပံုေတြတစ္ျဖည္းျဖည္း နဲ႕ ခပ္စိတ္စိတ္ေလးေတြ႕လာရတယ္။ ဒါဟာ မင္းအြန္လုိင္းေပၚမွာ သူမ်ားေတြခ်ီးေျမွာက္တာကို သာယာေနတာမဟုတ္လို႕ .. ဘာလဲ?
.
ကိုညီညီ ။          ။ ဒါကေတာ႕ရွင္းရွင္းေလးပါ။ ငါ႕မွာ မိသားစုရွိတယ္။ သား နဲ႕ သမီးရွိတယ္။ ဘဝကို သာမန္လူေတြလိုရုန္းကန္ေနရတယ္။ နယ္ေျမသစ္တစ္ခုေရာက္ေနလို႕ နတ္ဘံုနန္းတမွ် ဇိမ္ခံစားေနတာမဟုတ္ဘူးဆိုတာ အတန္းအစားမေရြး စာဖတ္သူမ်ားကို ေဖာ္ျပလိုက္တာပါပဲ။

Tuesday, November 17, 2015

Summary ေရးဖို႕အခက္အခဲျဖစ္ေနသလား

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ရုပ္ရွင္တစ္ကားၾကည္႕ျပီးျပန္လာတဲ႕အခါ ကြ်န္ေတာ္တို႕ဟာ အေတြ႕အၾကံဳေတြကို ျပန္ေျပာတတ္ၾကတယ္။ ရုပ္ရွင္ထဲက ဘယ္သူရိုက္တာ၊ ဘယ္သူ႕ရဲ႕ဝတၳဳနဲ႕ မင္းသမီး၊ မင္းသားက ဘယ္သူ၊ ဘာအေၾကာင္းရိုက္ထားတာ စသျဖင္႕ မိမိကုိယ္ကိုျပန္ေျဖတဲ႕ပံုစံမ်ိဳးနဲ႕ ျပန္ေျပာၾကတယ္။ ၾကည္႕ထားတဲ႕ဇာတ္ေၾကာင္းဇာတ္ကြက္ေတြရဲ႕အဓိကအေၾကာင္းအရာကို လိုရင္းတိုရွင္း နဲ႕ ထိထိမိမိေျပာတာ Summary - အက်ဥ္းခ်ဳပ္လို႕ ေခၚပါတယ္။ ရုပ္ရွင္ေလာကမွာ သတ္သတ္မွတ္မွတ္အေခၚအေဝၚရွိႏုိင္ေပမယ္႕ အဂၤလိပ္ဘာသာစကားကိုေလ႕လာတဲ႕အခါမွာေတာ႕ Summary လို႕ သံုးၾကတယ္။
.
ခရီးတစ္ခုသြားျပီးျပန္လာတဲ႕အခါမွာလည္း ဘယ္ကိုသြားတယ္၊ ဘာကားနဲ႕သြားတယ္၊ ဘယ္သူေတြပါတယ္၊ ဘယ္မွာတည္းတယ္ .. ဘာစားတယ္၊ ဘယ္ေလာက္ေပ်ာ္စရာေကာင္းတယ္ စတဲ႕ အေၾကာင္းအရာေတြကို နားေထာင္မယ္႕သူက ရိုက္စစ္စရာမလိုပဲ စီကာပတ္ကံုး လိပ္ပတ္လည္ေအာင္ ျပန္ေျပာတတ္တာကုိလည္း Summarize လုပ္တယ္လို႕ေျပာလို႕ရပါတယ္။ ခပ္တုိတို နဲ႕ ေလေၾကာမရွည္ပဲ ေျပာခ်င္တဲ႕အေၾကာင္းအရာကို မတိုလြန္း မရွည္လြန္းေျပာတတ္တဲ႕အခါ မိတ္ေဆြေလ႕လာေနတဲ႕ ဘာသာစကားကို “ တတ္ေျမာက္ျခင္းအစျပဳျပီ ” လို႕ ေျပာလို႕ရျပန္ပါတယ္။
.
.
ဒါေတြအားလံုးဟာ ခက္သလားဆိုေတာ႕ မခက္ပါဘူး။ ျမန္မာျဖစ္တဲ႕ကြ်န္ေတာ္တို႕ဟာ ျမန္မာလိုျပန္ေျပာရတာေလာက္ အားရတာမရွိပါဘူး။ ဒီလိုပါပဲ ျမန္မာစာေရးတာေတာင္မွ ရံုးသံုးသတင္းစာစကားနဲ႕ေရးတာထက္ အရပ္ေျပာစကားလို ေျခပစ္လက္ပစ္ေရးလိုက္ရတာကမွ လိႈက္လိႈက္လွဲလွဲေက်နပ္ျခင္းအရသာကို ခံစားဖူးၾကမွာပါ။
.
အခုခက္ေနတာက အဂၤလိပ္စာ။ မိခင္ဘာသာစကားမဟုတ္တာရယ္ ဖတ္ရတဲ႕စာကိုဘယ္ေလာက္နားလည္သလဲဆိုတာရယ္ကို ဆန္းစစ္တဲ႕အခါ အဂၤလိပ္စာကိုဒုတိယဘာသာစကားအျဖစ္ေျပာသူ Second Language Speaker ေတြျဖစ္တဲ႕ကြ်န္ေတာ္တို႕မွာ မေရးႏုိင္၊ မဖတ္ႏုိင္ အက်ဥ္းထဲအၾကပ္ထဲကို ေရာက္တတ္ၾကပါတယ္။