![]() |
| ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
တစ်ကယ်လို့
အခုစာဖတ်နေသူဟာ ဆယ်ကျော်သက်အရွယ်ဆိုရင် လူငယ်လေးတွေမှာ အိမ်စာကို
ကိုယ့်စမတ်ဖုန်းပေါ်မှာ ပြီးအောင်လုပ်ဖို့အခွင့်အရေးရှိနေပါပြီ။
နယူးယောက်လူငယ်တွေထဲက ( ၁၁ ) တန်း နဲ့ ( ၁၂ ) တန်းကျောင်းသားများဟာ “ သွားလေရာ
အင်တာနက်လိုက်လို့ပါ ” ဖြစ်နေတာမို့ စာသင်ခန်းမှာ သင်ခဲ့သမျှကို
ဆဲလ်ဖုန်းပေါ်ကနေ အိမ်စာလုပ်ချင်ကြတယ်လို့ Business Insider ရဲ့ ကွန်ဖရင့်တစ်ခုမှာ
ပြောပြကြပါတယ်။
.
သူတို့ဖုန်းတွေပေါ်မှာ
အဓိကသုံးနေတာ ဘယ်လို App အမျိုးအစားတွေလဲ ဟု BI သတင်းစာကြီးက မေးကြည့်တဲ့အခါ (
စိတ်မရှိပါနဲ့ မိုက်ခရိုဆော့ဖ် ရေ .. ) Google Drive ဟူ၍သာ အများစုက
ဖြေကြပါတယ်။
.
“
ကျွန်တော်တို့ကျောင်းအတွက်တော့ ဒါဟာ အတော်ကြီးမားတဲ့ကိစ္စကြီးတစ်ခုပါ။
တော်တော်များများက Google Drive ပေါ်မှာ မှီခိုကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့
ဘာသာရပ်တွေ နဲ့ အိမ်စာတွေကို လက်တွေ့အချိန်နဲ့အညီ အင်တာနက်မှာ တစ်ပြိုင်နက်တည်း လုပ်လို့ရတယ်လေ
“ ဟု ကျောင်းသားတစ်ယောက်က ပြောပါတယ်။













