ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, September 7, 2013

ဂျာနယ်ဖတ်ရင်း စာသင်မယ် ၁ ။ ( Southwest Airline )



               အွန်လိုင်းကောလိပ်သင်ခန်းစာလို့ဆိုလိုက်ရင် တော်ရုံတန်ရုံ တွန့်သွားကြပြီး အရမ်းကိုကြီးကျယ်ခမ်းနားတဲ့ စာသင်စံနစ်လို့ထင်မိကြမှာပါ ၊ အမှန်က အင်္ဂင်္လိပ်လို ဖတ်ရ သင်ရ ဖြေရတာမို့လို့် တစ်ကယ်တမ်းမလုပ်ကြည့်ဘဲနဲ့ကြောက်နေကြတာဖြစ်ပါတယ် ၊ စာရေးသူဟာ ကလေးပညာရေးအတွက် အမေရိကားကို ခေတ္တရောက်နေတာဖြစ်ပြီး ဒီနှစ်မှာ အွန်လိုင်းသင်ကြားခြင်းကနေ ဈေးကွက်ကွင်းဆင်းခြင်း - Marketing ဘာသာရပ်ကို သင်ယူနေပါတယ် ၊ မြန်မာပြည်သူ စာဖတ်သူများနဲ့ ဒီလိုစာသင်ယူမှုများဟာ ထင်သလောက်မခက်ဘူးဆိုတာပြောပြရင်း စာရေးသူနဲ့ စာမေးပွဲအတူတူဖြေကြရအောင်လားဗျာ ။

Friday, August 30, 2013

Math Essay

 စွမ်း ရဲ့ ၉ တန်းတက် သင်္ချာဆရာအတွက်ရေးထားတဲ့ စာစီစာကုံး


                             
Taking Photo ID at Gym

          I think that my determination and will to improve is a characteristic about me that affects not only myself but the environment around me. I like to help others and sometimes even ask for help myself if the situation deems necessary.

Thursday, August 29, 2013

အမေရိကားမှာ အိမ်တစ်လုံးရဖို့ခက်တယ်



         

              နားခိုရာ အိမ်လေးတစ်လုံးကတော့ရှိမှဖြစ်မယ်ဗျ ၊ သူများအိမ်မှာ ငှားနေရတာ ရေရှည်ကျတော့မလွယ်ဘူး - ထိတယ် ၊ ကိုယ်ငှားထားတဲ့အိမ်ကကောင်းနေလို့တော်သေးတယ် ၊ အိမ်က စုတ်နေရင်ပိုဆိုး ၊ အိမ်လခ ပေးရတာကိုဘဲ ၁ လ ၁ဝဝဝ လေ ၊ အိမ်ဝယ်ပြီး အဲဒီငွေကို လစဉ်အိမ်ကြွေးဆပ်လိုက်ရင် ၁ နှစ် ကို ဒေါ်လာ ၁၂ဝဝဝ ၊ ၅ နှစ်ဆိုရင်ဘဲ ဒေါ်လာ ၆ သောင်းရှိနေပြီ ၊ အချိန်တန်ရင် အိမ်ဖိုးကျေသွားတာပေါ့ - ဒီလိုတွေးလာတာဘဲ ၄ နှစ်ရှိနေပြီ  အမေရိကားမှာ အိမ်မပိုင်သေးတာ အမှန်ပါခင်မျာ ။

Wednesday, August 21, 2013

ဒီမိုကရက်တစ် ဂျာနယ်လစ်ဇင် အက်ဆေး




               တိုးတက်ပြောင်းလဲလာသော ဒီမိုကရေစီလျှောက်လမ်းတွင် ဒီမိုကရက်တစ် ဂျာနယ်သမား တစ်ယောက်အဖြစ်ပါဝင်ခွင့်ရသည့်အတွက် လက်ရှိခေတ်ကို ကျေးဇူးတင်မိပါသည် ၊ အသွင်သစ် အမြင်သစ်ဖြင့် ပါဝင်ပြောဆိုကြသည့် သုတ ၊ ရသ ၊ ဒီမိုကရက်တစ်သုံးသပ်ချက် ( သို့ ) အမှားအမှန်ခွဲခြားသိနိုင်သည့်ထောက်ကွက် ( Concept ) တို့ဖြင့် ဆင်ယင်ထုတ်ဝေခွင့်ရနေကြပြီဖြစ်သည် ၊ ကလောင်ရှင်သည် အရမ်းကြီး သတင်းရေးသားတတ်ဖို့မလို  အတွေ့အကြုံသာလိုသည် ၊ ရသစာပေ သင်ပြတတ်ဖို့မလို ပြောပြတတ်ဖို့သာလိုသည် ။

Monday, August 12, 2013

အမြဲပြောရသော လုပ်ငန်းခွင်စကားစုများ




လုပ်ငန်းခွင်တွင် ပြောရသော အင်္ဂလိပ်စကားအများစုမှာ မိမိတို့ နေ့စဉ်ပြောနေကျ စကားများသာဖြစ်သည် ၊ သို့ရာတွင် အမေရိကားရောက်မြန်မာများ မည်သည့်အတွက်ကြောင့် ပြောဆိုဆက်ဆံရေး ( Communication ) ခက်ခဲနေကြရပါသနည်း ၊

Saturday, August 3, 2013

အသုံးဝင်သော နှုတ်ဆက်စကားစုများ



          မြန်မာနိုင်ငံ၏ပြောင်းလဲလာသော မူဝါဒ နှင့် နိုင်ငံရေးပြုပြင်မှုများနှင့်အညီ အမိမြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားများနှင့် ပြောဆိုဆက်ဆံရန် မိမိတို့၏အင်္ဂလိပ်စာအပြောအဆို အရေးအသားတိုးတက်ရန်မှာ များစွာလိုအပ်လျက်ရှိသည်မှာ အားလုံးအမြင်ပင်ဖြစ်သည် ၊

Sunday, July 28, 2013

ဒီမှာလဲ ကားကောင်းရွေးတတ်ဖို့လိုတယ်

Car Sales
           

                 မော်တော်ကားကောင်း / မကောင်း ကြည့်တတ်အောင် သင်ပေးခဲ့သော မြန်မာနိုင်ငံမှ ရွေညီအစ်ကိုများကို ကျေးဇူးမမေ့ပါ ၊ အွန်လိုင်းပေါ်မှာ ကား၏အချက်အလက်တော်တော်များများကို ကြည့်ခဲ့ပြီးဖြစ်သော်လည်း ပါးခြမ်း ၂ ဖက်ကို လက်ဆစ်လေးနှင့် တောက်၍ ပတ်တီးရိုက်ထားသည့်နေရာကို ရှာဖွေနေမိသည် ၊ ဓါတ်ပုံအရလည်း သိပ်မဆိုးဟုယူဆ၍သာ ဤနေရာကို ရောက်လာခဲ့ပါပြီ ၊

Saturday, July 27, 2013

အိမ်ငှား အိမ်ရှင် အမေရိကားတခွင်

          


                  အမေရိကားမှာ အိမ်ငှားနေထိုင်ဖို့အတွက် အိမ်ပွဲစား ( Agent ) မလိုပါ ၊ ကိုယ်လိုချင်တဲ့အခန်း ( Apartment ) တွေ့တာနဲ့ ငှားပေးမယ့်ကုမ္ပဏီမှာ လိုအပ်တဲ့စာရွက်စာတမ်းဖြည့်စွက်ပြီး ကိုက်ညီတာနဲ့ ငွေရှင်းပြီး သော့အပ်မှာပါ ၊ အိမ်ငှားခလစဉ်မှန်မှန်ပေးနိုင်ကြောင်း အတည်တကျအလုပ်ရှိတဲ့ အထောက်အထား တော့ပြနိုင်ဖို့လိုပါတယ် ၊ လုံးချင်းအိမ် ( Single House ) ရဖို့

Sunday, July 21, 2013

မပျက်ရင် ကောင်းတယ်

        
Engine Check Light


                   အင်ဂျင်ဝိုင်မှန်မှန်လဲပေးသောကားသည် ပြသနာမရှိ ၊ ခက်သည်က ဒိုင်ခွက်တွင် ဘုံပိုင်ခေါင်းပုံ ( Engine Check Light ) ပေါ်လာမှ လမ်းဘေးကိုဘဲ ချရပ်ရတော့မလိုလို ၊ ဆက်မောင်း၍ မရတော့သလိုလို စိုးရိမ်လွန်ကဲစွာ ခြေမနင်းမိ လက်မကိုင်မိဖြစ်ကြသည်မှာ အမေရိကန်ရှိ ယျာဉ်မောင်းများ၏ သရုပ်မှန်ုဟုဆို ရမလိုဖြစ်နေသည် ၊ ဘာမဆို မီတာ ( Monitor ) ပြမှ သိကြသည်မှာ
နည်းပညာမြင့်မားမှု၏ သားကောင်များဖြစ်နေကြပြီလား

Saturday, July 20, 2013

ရေးဖြေ ပြီးရင် မောင်းဖြေ

          
 
Traffic Signs
                အမှန်အတိုင်း ဝန်ခံရလျှင် ရေခြား မြေခြားရောက်သည့်အခါ ဘယ်နေရာသွားသွား သူများက လိုက်ပို့ပေးရသည်ကို လွန်စွာအားနာမိသည် ၊ ကားလမ်းပေါ်မှာ လူမရှိ ၊ လမ်းဘေး ပလက်ဖောင်းမှာ လမ်းလျှောက်သွားလာသူခပ်ရှားရှား ၊ ရံဖန်ရံခါ အားကစားလုပ် ၊ လေ့ကျင့်ခန်းလုပ် ပြေးလွှားသူများကိုသာ

Tuesday, July 16, 2013

ကြာရင်မေ့သွားမှာ



                " ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် အဓိပ္ပါယ်ကို ရှာတွေ့နိုင်ပါတယ် ၊ အဆိုးဆုံးလို့ဆိုရတဲ့ အခြေအနေမျိုးမှာတောင် တွေ့နိုင်တယ် ။ ( Meaning is available under any conditions, even the worst conceivable ones. ) “ ( ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း - စာမျက်နှာ ၁၅၂ - ၁၅၃ ) ….. ကျေးဇူးရှင် မဟာမြိုင်တောရ ဆရာတော်ဦးဇောတိက တရားခွေဖွင့်ထားတာ မဟုတ်ပါဘူး ၊ “ စွမ်းစွမ်း “ မြန်မာစာ