|
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
. ဟိုင္း . . ဦးေလး . . မဂၤလာပါ။ ေမးခြန္းေလးေမးခ်င္လို႕။ ဦးေလးရဲ ့စာေတြကိုဖတ္ၾကည့္မိသေလာက္ေပါ့ေနာ္ ေတာင္ႀကီးမွာ မိသားစုစီးပြားေရးအတည္တက်ျဖစ္ေနၿပီးသားကို ဘာျဖစ္လို ့ အေမရိကားကို Migrate လုပ္တာလဲဟင္? ဘယ္လိုအေၾကာင္းရင္းေတြက စြန္႕စားဖို ့ျဖစ္လာတာလဲ။ ေျပာခ်င္တာက ျမန္မာျပည္မွာဆို စီးပြားေရးသမား သူမ်ားခိုင္းတာမလုပ္ရဘူး။ စီးပြားေရးကလည္း ကိုယ္ကြ်မ္းက်င္တဲ့နယ္ေျမမွာ အေျခတက်ရွိေနၿပီ။ ဟိုမွာဆို ဘဝက အသစ္စရမယ္။ သူမ်ားဝန္ထမ္းျပန္လုပ္ရမယ္။ အသက္ႀကီးတဲ့အထိ သူမ်ားဝန္ထမ္းလုပ္ရမယ္ေပါ့ေနာ္။ က်ေနာ္က တစ္ျခားတစ္ႏိုင္ငံကို ေျပာင္းဖို႕ႀကိဳးစားမလို႕ပါ။ ကိုယ့္ေရွ ့က ဝါရင့္သမားေတြအရင္ေမးၾကည့္ခ်င္လို႕ပါ။ ေက်းဇူးတင္ပါတယ္ဦးေလး။
.
. စာဖတ္သူမိန္းကေလးရဲ႕မက္ေဆ႕မွာ ေမးခြန္းမ်ားစြာ ပါေနတယ္။ ဒီလုိပဲ ကြ်န္ေတာ႕ဘဝထဲမွာ ဘယ္သူမွမေျဖေပးတဲ႕ လူမသိသူမသိတဲ႕ အေျဖထုတ္ရခက္တဲ႕ပုစၦာေတြ ရွိေနပါတယ္။ ဒါေတြကိုရွင္းရင္းနဲ႕ ပံုေသကားခ်ပ္ဘဝကေန စြန္႕စားရမယ္ ရွာေဖြရမယ္ဆုိတဲ႕ေလာကထဲကိုကူးေျပာင္းခဲ႕တာ အေၾကာင္းရင္းရွိခဲ႕တာလည္း အမွန္ပါပဲ။
.
.
. အားလံုးကိုစကားတစ္လံုးတည္နဲ႕တည္႕တည္႕မွန္ေအာင္ပစ္ရရင္ ကြ်န္ေတာ႕မိသားစုဝင္အားလံုးရဲ႕ “ ပညာေရး ” အတြက္ပါ။ ကိုယ္႕အေၾကာင္းကိုယ္ ထဲထဲဝင္ဝင္မေျပာခင္ ပညာေရး - Education ရဲ႕ အဓိပၸာယ္ဖြင္႕ဆုိခ်က္ကေန စလုိက္ၾကရေအာင္။
.
. Education ကုိ အဘိဓာန္တစ္ခုမွာ “ed•u•ca•tion (ˌejəˈkāSH(ə)n/Noun ) 1. the process of receiving or giving systematic instruction, especially at a school or university ” - အထူးသျဖင္႕ ေက်ာင္းႏွင္႕တကၠသိုလ္တုိ႕တြင္ စံနစ္က်ေသာလမ္းညႊန္မႈအဆင္႕ဆင္႕ကို ရယူျခင္း၊ ေပးကမ္းျခင္း - လို႕ ကြ်န္ေတာ္တုိက္ရုိုက္ျပန္ၾကည္႕တယ္။ ဒီေနရာမွာ ဆက္ေတြးစရာေတြ အမ်ားၾကီးျဖစ္လာတယ္။
.
.
. ပြင္႕ပြင္႕လင္းလင္းေျပာရရင္ ကြ်န္ေတာ္ဆယ္တန္းေျဖခဲ႕တဲ႕ကာလ ( ၁၉၈၆ ) ခပ္ေစာေစာပုိင္းနဲ႕ ပညာေရးဆံုးခန္းမတိုင္လို႕အိမ္ေထာင္က် - ေနာက္ သမီးဆယ္တန္းေျဖတဲ႕ႏွစ္ ( ၂ဝဝ၉ ) ခုႏွစ္ၾကားမွာ ေက်ာင္း နဲ႕ တကၠသိုလ္တုိ႕ကို တစ္လွည္႕စီတက္ခဲ႕ေပမယ္႕ “ စံနစ္က်ေသာလမ္းညႊန္မႈအဆင္႕ဆင္႕ ” ဆုိတဲဲ႕ ပညာေရးကို ရွာေဖြေတြ႕ရွိခဲ႕တယ္လို႕ ကြ်န္ေတာ္မမွတ္မိခဲ႕ဘူး။ စာေမးပြဲအတြက္ ကြ်န္ေတာ္ စာေတြက်က္ခဲ႕ေပမယ္႕ “ ဘဝအတြက္မ်ားမ်ားစားစား ဘာစာကုိမွမမွတ္မိေတာ႕ဘူး ”။
.
. ထုိနည္းတူစြာပဲ ( ၁ဝ ) တန္းအမွတ္အေပၚမွာ ေမဂ်ာခြဲတဲ႕စံနစ္ေၾကာင္႕ တကၠသိုလ္မွာ ကြ်န္ေတာ္ဝါသနာပါတဲ႕ ဘယ္ေမဂ်ာကိုမွ တက္ခြင္႕မရခဲ႕ဘူး။ ဒါေၾကာင္႕ စိတ္မပါပဲေက်ာင္းတက္ေတာ႕ ဘယ္ေနရာမွမေရာက္ခဲ႕သလို ဘဝဆုိတာကို နဖူးေတြ႕ဒူးေတြ႕ၾကံဳတဲ႕အခါ တစ္သက္လံုးသင္ခဲ႕တဲ႕ပညာေရးဟာ အလီ နဲ႕ စကားပံုတစ္ခ်ိဳ႕အလြတ္ရတာနဲ႕ ျမန္မာစာသတ္ပံုမွန္တာကလြဲလို႕ လူစိမ္းကား စီးပြားေရးသမားေတြရဲ႕ျပိဳင္ဆိုင္မႈကေနကာကြယ္ဖို႕ အကာအရံတစ္ခုမျဖစ္ခဲ႕ဘူး။
.
.
. ဒါေၾကာင္႕ ကြ်န္ေတာ္ကိုယ္တုိင္ရင္႕က်က္လာတဲ႕အခါ သားသမီးေတြကို ဒီလိုပညာေရးထက္ေကာင္းတဲ႕ ကမၻာ႕အဆင္႕မီပညာေရးကိုေပးခ်င္လာမိတယ္။ အဲဒါနဲ႕အခ်ိန္ကိုက္္ အေမရိကားသြားခြင္႕ရေတာ႕မယ္ဆုိတာ ( ၂ဝဝ၈ ) ခုႏွစ္ေလာက္မွာ စၾကားလာရတယ္။ အဲဒီအခ်ိန္မွာ “ စြမ္း ” က ( ၈ ) ႏွစ္သားအရြယ္ဆိုေတာ႕ ျမန္မာေက်ာင္းမွာ “ ဗူးသီး၊ ခရမ္းသီး နဲ႕ ကြ်ႏု္ပ္၏ေက်ာင္း” ဆုိတဲ႕ ေက်ာင္းသင္ခန္းစာေတြနဲ႕ နပမ္းလံုးေနရတဲ႕အခ်ိန္ေတြမွာေပါ႕။
.
. “ ျမန္မာျပည္မွာဆို စီးပြားေရးသမား သူမ်ားခိုင္းတာမလုပ္ရဘူး ” သူ ေျပာတာ အစိတ္အပိုင္းတစ္ခုအေနနဲ႕မွန္ပါတယ္။ ဒါေပမယ္႕ စီးပြားေရးသမားတစ္ေယာက္မွာ ေရာင္းသူ နဲ႕ ဝယ္သူဆိုျပီး ဟုိဘက္ျခမ္း ဒီဘက္ျခမ္း ႏွစ္ပိုင္းပိုင္းလိုက္တဲ႕အခါ အေပၚက ပညာေရးလုိပဲ “ ေပးသူ နဲ႕ ယူသူ ” ဆုိျပီး ထပ္ျဖစ္လာတယ္။ ဒီေတာ႕ ကြ်န္ေတာ္ေနာက္ကမ်ိဳးဆက္ေတြကို ျမန္မာႏိုင္ငံမွာပဲေနျပီး မနက္သြား-ညျပန္-စီးပြားေရးသမားဘဝကို လက္ဆင္႕မကမ္းခ်င္ေတာ႕တာက ေနရာသစ္ကိုေျပာင္းေရြ႕ျဖစ္ေအာင္ေစ႕ေဆာ္ေပးတဲ႕အေၾကာင္းတစ္ခုျဖစ္ပါတယ္။
.
.
. ဖြံ႕ျဖိဳးတိုးတက္တဲ႕ႏိုင္ငံတစ္ခုမွာ သူမ်ားဝန္ထမ္းလုပ္ရတာ ရွက္စရာမဟုတ္သလို အျပစ္တစ္ခုလို႕လည္း မျမင္ေစခ်င္ပါဘူး။ ကုိယ္ကမွမတတ္ေသးရင္ သူမ်ားဆီကသင္ယူဖို႕ ေကာင္းမြန္တဲ႕စိတ္ေမြးရမွာ လူသားတို႕တပ္အပ္တဲ႕အသိပညာတရားရဲ႕ ႏွိမ္႕ခ်တဲ႕၊ ႏူးညံ႕တဲ႕၊ သိမ္ေမြ႕တဲ႕ ပကတိႏွလံုးသားလုိ႕ မွတ္ယူပါတယ္။ ဒါ႕အျပင္ ကိုယ္သိလာ တတ္လာတဲ႕အခါ မိမိေလာက္မသိေသးသူေတြကိုျပန္လည္ပို႕ခ်ေပးတာက အမ်ားအက်ိဳးျပဳခ်င္တဲ႕စိတ္ထားလို႕ ခံယူပါတယ္။
.
. အဲဒီလို “ အသက္ၾကီးလာတဲ႕အထိသူမ်ားဝန္ထမ္းလုပ္ရေပမယ္႕ ” မိမိအလုပ္အေကြ်းျပဳရတဲ႕၊ အခြန္ေဆာင္ရတဲ႕အစုိးရက ရင္ဝယ္သားကဲ႕သို႕ ျပည္သူေတြကိုမပစ္ထားဘူးဆိုရင္ စြန္႕စားသင္႕ စြန္႕စားထိုက္တဲ႕အလုပ္တစ္ခုလို႕ ေနာက္ပိုင္းမွာသိလာတယ္။ ဒါေၾကာင္႕ ဘာအေျခအခံမွမရွိေသးတဲ႕ ေနရာသစ္တစ္ခုမွာ ျပန္စရမယ္႕ဘဝကိုလည္း ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္မက္မက္ခဲ႕ရတယ္ဆုိတာကိုလည္း ဝန္ခံပါတယ္။ ဒီႏိုင္ငံကေန တရားဝင္ေရႊ႕ေျပာင္းခြင္႕ရေအာင္ ေခၚေပးတဲ႕ အစ္မတို႕လင္မယားရဲ႕ကူညီမႈကိုလည္း အသည္းထဲမွာမွတ္ထားခြင္႕ရတာ တန္ဖိုးရွိလွပါတယ္။
.
.
. အခုလို ေနရာသစ္ကုိေရာက္လာရတဲ႕အေၾကာင္းရင္းထဲမွာ ေတြ႕ရွိထားတဲ႕ ဒုတိယအဓိပၸာယ္ဖြင္႕ခ်က္ - “ ed•u•ca•tion (ˌejəˈkāSH(ə)n/Noun ) 2. an enlightening experience – အရ အင္မတန္မွ အားျဖစ္ခဲ႕ရတဲ႕ အခ်က္ေတြပါဝင္ေနတာကို ေနာက္ပိုင္းမွာ တုိက္တိုက္ဆိုင္ဆုိင္ေတြ႕လာရတယ္။
.
. မွန္တယ္ေလ . . ပညာေရးဆိုတာ “ ဥာဏ္အလင္းတန္းကိုဖြင္႕ေပးတဲ႕အေတြ႕အၾကံဳတစ္ခု ” ဆိုတာ ေသြးထြက္ေအာင္ မွန္ေနတယ္။ ဒီလို အသိဥာဏ္ရွိတဲ႕ဘဝကိုမေရာက္လာရင္ ကြ်န္ေတာ္ဟာ ဘယ္ေလာက္ေလာဘၾကီးျပီး ဘယ္ေလာက္ေတာင္ေမာဟမ်ားရံုမက ပတ္ဝန္းက်င္လူ႕အသိုက္အဝန္းကိုဘယ္လုိမွအက်ိဳးမျပဳတဲ႕ အတၱပြဲစား စီးပြားေရးသမားတစ္ေယာက္မျဖစ္လာဘူးလို႕ မဆိုႏိုင္ေပဘူး။
.
.
. အခုေလာက္ဆို မႏွင္းသဇင္ေအာင္ ေမးတဲ႕ေမးခြန္းကို စီကာပတ္ကံုးေျဖျပီးေလာက္ျပီလို႕ ယူဆပါတယ္။ လူဆိုတာက ကိုယ္႕အေၾကာင္းကိုယ္ပဲ ထိပ္ကထားစဥ္းစားၾကတာမ်ိဳးပဲ မဟုတ္လား။ ဒါေၾကာင္႕ မႏွင္းသဇင္ေအာင္လည္း ကိုယ္႕ဘဝအေၾကာင္း သူမ်ားကိုေမးႏိုင္ပါတယ္။ ကုိယ္႕သြားမယ္႕လမ္းေၾကာင္းကို သူမ်ားဆီမွာ အၾကံဥာဏ္ေတာင္းႏိုင္ပါတယ္။ ေနာက္ဆံုးမွာ ကိုယ္႕ဘဝလမ္းကိုယ္ပဲ ဆံုးျဖတ္ရမွာဆိုတာ သတိခ်ပ္ေစခ်င္တယ္။
.
. ဒါေပမယ္႕ “ ပညာေရးဆုိတာ မိမိအတြက္ ( ယူေဆာင္ ) လက္ခံျခင္း - Receiving တစ္ခုတင္မကပဲ ( လက္ဆင္႕ကမ္း ) ေပးျခင္း - Giving က ဟန္ခ်က္ညီညီတြဲလ်က္ပါလာတယ္ဆုိတာနဲ႕ အသိဥာဏ္နဲ႕ယွဥ္တဲ႕အေတြ႕အၾကံဳ - An Enlightening Experience တုိ႕က သဟဇာတက်နစြာ ဖြဲ႕စည္းတည္ေဆာက္ထားတယ္ ” ဆိုတာ မေမ႕ရင္ ရပါျပီ။ ဒါမွလည္း မႏွင္းသဇင္ေအာင္အတြက္လည္း ျမန္မာႏိုင္ငံက တစ္ခုခုမရွံဴးေတာ႕ဘူးေပါ႕။ ေမးခြန္းအတြက္ ေက်းဇူးပါေနာ္။ Thanks for asking.
.
. ခင္လ်က္
.
. ကိုညီညီ ( ေတာင္ၾကီး )
. 03-31-2017
.
.
Unicode Version:
.
.
. “ မနှင်းသဇင်အောင်မေး၍ဖြေပါသည် ”
. ဟိုင်း . . ဦးလေး . . မင်္ဂလာပါ။ မေးခွန်းလေးမေးချင်လို့။ ဦးလေးရဲ ့စာတွေကိုဖတ်ကြည့်မိသလောက်ပေါ့နော် တောင်ကြီးမှာ မိသားစုစီးပွားရေးအတည်တကျဖြစ်နေပြီးသားကို ဘာဖြစ်လို ့ အမေရိကားကို Migrate လုပ်တာလဲဟင်? ဘယ်လိုအကြောင်းရင်းတွေက စွန့်စားဖို ့ဖြစ်လာတာလဲ။ ပြောချင်တာက မြန်မာပြည်မှာဆို စီးပွားရေးသမား သူများခိုင်းတာမလုပ်ရဘူး။ စီးပွားရေးကလည်း ကိုယ်ကျွမ်းကျင်တဲ့နယ်မြေမှာ အခြေတကျရှိနေပြီ။ ဟိုမှာဆို ဘဝက အသစ်စရမယ်။ သူများဝန်ထမ်းပြန်လုပ်ရမယ်။ အသက်ကြီးတဲ့အထိ သူများဝန်ထမ်းလုပ်ရမယ်ပေါ့နော်။ ကျနော်က တစ်ခြားတစ်နိုင်ငံကို ပြောင်းဖို့ကြိုးစားမလို့ပါ။ ကိုယ့်ရှေ ့က ဝါရင့်သမားတွေအရင်မေးကြည့်ချင်လို့ပါ။ ကျေးဇူးတင်ပါတယ်ဦးလေး။
.
. စာဖတ်သူမိန်းကလေးရဲ့မက်ဆေ့မှာ မေးခွန်းများစွာ ပါနေတယ်။ ဒီလိုပဲ ကျွန်တော့ဘဝထဲမှာ ဘယ်သူမှမဖြေပေးတဲ့ လူမသိသူမသိတဲ့ အဖြေထုတ်ရခက်တဲ့ပုစ္ဆာတွေ ရှိနေပါတယ်။ ဒါတွေကိုရှင်းရင်းနဲ့ ပုံသေကားချပ်ဘဝကနေ စွန့်စားရမယ် ရှာဖွေရမယ်ဆိုတဲ့လောကထဲကိုကူးပြောင်းခဲ့တာ အကြောင်းရင်းရှိခဲ့တာလည်း အမှန်ပါပဲ။
.
.
. အားလုံးကိုစကားတစ်လုံးတည်နဲ့တည့်တည့်မှန်အောင်ပစ်ရရင် ကျွန်တော့မိသားစုဝင်အားလုံးရဲ့ “ ပညာရေး ” အတွက်ပါ။ ကိုယ့်အကြောင်းကိုယ် ထဲထဲဝင်ဝင်မပြောခင် ပညာရေး - Education ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကနေ စလိုက်ကြရအောင်။
.
. Education ကို အဘိဓာန်တစ်ခုမှာ “ed•u•ca•tion (ˌejəˈkāSH(ə)n/Noun ) 1. the process of receiving or giving systematic instruction, especially at a school or university ” - အထူးသဖြင့် ကျောင်းနှင့်တက္ကသိုလ်တို့တွင် စံနစ်ကျသောလမ်းညွှန်မှုအဆင့်ဆင့်ကို ရယူခြင်း၊ ပေးကမ်းခြင်း - လို့ ကျွန်တော်တိုက်ရိုုက်ပြန်ကြည့်တယ်။ ဒီနေရာမှာ ဆက်တွေးစရာတွေ အများကြီးဖြစ်လာတယ်။
.
.
. ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ဆယ်တန်းဖြေခဲ့တဲ့ကာလ ( ၁၉၈၆ ) ခပ်စောစောပိုင်းနဲ့ ပညာရေးဆုံးခန်းမတိုင်လို့အိမ်ထောင်ကျ - နောက် သမီးဆယ်တန်းဖြေတဲ့နှစ် ( ၂ဝဝ၉ ) ခုနှစ်ကြားမှာ ကျောင်း နဲ့ တက္ကသိုလ်တို့ကို တစ်လှည့်စီတက်ခဲ့ပေမယ့် “ စံနစ်ကျသောလမ်းညွှန်မှုအဆင့်ဆင့် ” ဆိုတဲဲ့ ပညာရေးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကျွန်တော်မမှတ်မိခဲ့ဘူး။ စာမေးပွဲအတွက် ကျွန်တော် စာတွေကျက်ခဲ့ပေမယ့် “ ဘဝအတွက်များများစားစား ဘာစာကိုမှမမှတ်မိတော့ဘူး ”။
.
. ထိုနည်းတူစွာပဲ ( ၁ဝ ) တန်းအမှတ်အပေါ်မှာ မေဂျာခွဲတဲ့စံနစ်ကြောင့် တက္ကသိုလ်မှာ ကျွန်တော်ဝါသနာပါတဲ့ ဘယ်မေဂျာကိုမှ တက်ခွင့်မရခဲ့ဘူး။ ဒါကြောင့် စိတ်မပါပဲကျောင်းတက်တော့ ဘယ်နေရာမှမရောက်ခဲ့သလို ဘဝဆိုတာကို နဖူးတွေ့ဒူးတွေ့ကြုံတဲ့အခါ တစ်သက်လုံးသင်ခဲ့တဲ့ပညာရေးဟာ အလီ နဲ့ စကားပုံတစ်ချို့အလွတ်ရတာနဲ့ မြန်မာစာသတ်ပုံမှန်တာကလွဲလို့ လူစိမ်းကား စီးပွားရေးသမားတွေရဲ့ပြိုင်ဆိုင်မှုကနေကာကွယ်ဖို့ အကာအရံတစ်ခုမဖြစ်ခဲ့ဘူး။
.
.
. ဒါကြောင့် ကျွန်တော်ကိုယ်တိုင်ရင့်ကျက်လာတဲ့အခါ သားသမီးတွေကို ဒီလိုပညာရေးထက်ကောင်းတဲ့ ကမ္ဘာ့အဆင့်မီပညာရေးကိုပေးချင်လာမိတယ်။ အဲဒါနဲ့အချိန်ကိုက်် အမေရိကားသွားခွင့်ရတော့မယ်ဆိုတာ ( ၂ဝဝ၈ ) ခုနှစ်လောက်မှာ စကြားလာရတယ်။ အဲဒီအချိန်မှာ “ စွမ်း ” က ( ၈ ) နှစ်သားအရွယ်ဆိုတော့ မြန်မာကျောင်းမှာ “ ဗူးသီး၊ ခရမ်းသီး နဲ့ ကျွနု်ပ်၏ကျောင်း” ဆိုတဲ့ ကျောင်းသင်ခန်းစာတွေနဲ့ နပမ်းလုံးနေရတဲ့အချိန်တွေမှာပေါ့။
.
. “ မြန်မာပြည်မှာဆို စီးပွားရေးသမား သူများခိုင်းတာမလုပ်ရဘူး ” သူ ပြောတာ အစိတ်အပိုင်းတစ်ခုအနေနဲ့မှန်ပါတယ်။ ဒါပေမယ့် စီးပွားရေးသမားတစ်ယောက်မှာ ရောင်းသူ နဲ့ ဝယ်သူဆိုပြီး ဟိုဘက်ခြမ်း ဒီဘက်ခြမ်း နှစ်ပိုင်းပိုင်းလိုက်တဲ့အခါ အပေါ်က ပညာရေးလိုပဲ “ ပေးသူ နဲ့ ယူသူ ” ဆိုပြီး ထပ်ဖြစ်လာတယ်။ ဒီတော့ ကျွန်တော်နောက်ကမျိုးဆက်တွေကို မြန်မာနိုင်ငံမှာပဲနေပြီး မနက်သွား-ညပြန်-စီးပွားရေးသမားဘဝကို လက်ဆင့်မကမ်းချင်တော့တာက နေရာသစ်ကိုပြောင်းရွေ့ဖြစ်အောင်စေ့ဆော်ပေးတဲ့အကြောင်းတစ်ခုဖြစ်ပါတယ်။
.
.
. ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုမှာ သူများဝန်ထမ်းလုပ်ရတာ ရှက်စရာမဟုတ်သလို အပြစ်တစ်ခုလို့လည်း မမြင်စေချင်ပါဘူး။ ကိုယ်ကမှမတတ်သေးရင် သူများဆီကသင်ယူဖို့ ကောင်းမွန်တဲ့စိတ်မွေးရမှာ လူသားတို့တပ်အပ်တဲ့အသိပညာတရားရဲ့ နှိမ့်ချတဲ့၊ နူးညံ့တဲ့၊ သိမ်မွေ့တဲ့ ပကတိနှလုံးသားလို့ မှတ်ယူပါတယ်။ ဒါ့အပြင် ကိုယ်သိလာ တတ်လာတဲ့အခါ မိမိလောက်မသိသေးသူတွေကိုပြန်လည်ပို့ချပေးတာက အများအကျိုးပြုချင်တဲ့စိတ်ထားလို့ ခံယူပါတယ်။
.
. အဲဒီလို “ အသက်ကြီးလာတဲ့အထိသူများဝန်ထမ်းလုပ်ရပေမယ့် ” မိမိအလုပ်အကျွေးပြုရတဲ့၊ အခွန်ဆောင်ရတဲ့အစိုးရက ရင်ဝယ်သားကဲ့သို့ ပြည်သူတွေကိုမပစ်ထားဘူးဆိုရင် စွန့်စားသင့် စွန့်စားထိုက်တဲ့အလုပ်တစ်ခုလို့ နောက်ပိုင်းမှာသိလာတယ်။ ဒါကြောင့် ဘာအခြေအခံမှမရှိသေးတဲ့ နေရာသစ်တစ်ခုမှာ ပြန်စရမယ့်ဘဝကိုလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မက်မက်ခဲ့ရတယ်ဆိုတာကိုလည်း ဝန်ခံပါတယ်။ ဒီနိုင်ငံကနေ တရားဝင်ရွှေ့ပြောင်းခွင့်ရအောင် ခေါ်ပေးတဲ့ အစ်မတို့လင်မယားရဲ့ကူညီမှုကိုလည်း အသည်းထဲမှာမှတ်ထားခွင့်ရတာ တန်ဖိုးရှိလှပါတယ်။
.
.
. အခုလို နေရာသစ်ကိုရောက်လာရတဲ့အကြောင်းရင်းထဲမှာ တွေ့ရှိထားတဲ့ ဒုတိယအဓိပ္ပာယ်ဖွင့်ချက် - “ ed•u•ca•tion (ˌejəˈkāSH(ə)n/Noun ) 2. an enlightening experience – အရ အင်မတန်မှ အားဖြစ်ခဲ့ရတဲ့ အချက်တွေပါဝင်နေတာကို နောက်ပိုင်းမှာ တိုက်တိုက်ဆိုင်ဆိုင်တွေ့လာရတယ်။
.
. မှန်တယ်လေ . . ပညာရေးဆိုတာ “ ဉာဏ်အလင်းတန်းကိုဖွင့်ပေးတဲ့အတွေ့အကြုံတစ်ခု ” ဆိုတာ သွေးထွက်အောင် မှန်နေတယ်။ ဒီလို အသိဉာဏ်ရှိတဲ့ဘဝကိုမရောက်လာရင် ကျွန်တော်ဟာ ဘယ်လောက်လောဘကြီးပြီး ဘယ်လောက်တောင်မောဟမ်ားရုံမက ပတ်ဝန်းကျင်လူ့အသိုက်အဝန်းကိုဘယ်လိုမှအကျိုးမပြုတဲ့ အတ္တပွဲစား စီးပွားရေးသမားတစ်ယောက်မဖြစ်လာဘူးလို့ မဆိုနိုင်ပေဘူး။
.
.
. အခုလောက်ဆို မနှင်းသဇင်အောင် မေးတဲ့မေးခွန်းကို စီကာပတ်ကုံးဖြေပြီးလောက်ပြီလို့ ယူဆပါတယ်။ လူဆိုတာက ကိုယ့်အကြောင်းကိုယ်ပဲ ထိပ်ကထားစဉ်းစားကြတာမျိုးပဲမဟုတ်လား။ ဒါကြောင့် မနှင်းသဇင်အောင်လည်း ကိုယ့်ဘဝအကြောင်း သူများကိုမေးနိုင်ပါတယ်။ ကိုယ့်သွားမယ့်လမ်းကြောင်းကို သူများဆီမှာ အကြံဉာဏ်တောင်းနိုင်ပါတယ်။ နောက်ဆုံးမှာ ကိုယ့်ဘဝလမ်းကိုယ်ပဲ ဆုံးဖြတ်ရမှာဆိုတာ သတိချပ်စေချင်တယ်။
.
. ဒါပေမယ့် “ ပညာရေးဆိုတာ မိမိအတွက် ( ယူဆောင် ) လက်ခံခြင်း - Receiving တစ်ခုတင်မကပဲ ( လက်ဆင့်ကမ်း ) ပေးခြင်း - Giving က ဟန်ချက်ညီညီတွဲလျက်ပါလာတယ်ဆိုတာနဲ့ အသိဉာဏ်နဲ့ယှဉ်တဲ့အတွေ့အကြုံ - An Enlightening Experience တို့က သဟဇာတကျနစွာ ဖွဲ့စည်းတည်ဆောက်ထားတယ် ” ဆိုတာ မမေ့ရင် ရပါပြီ။ ဒါမှလည်း မနှင်းသဇင်အောင်အတွက်လည်း မြန်မာနိုင်ငံက တစ်ခုခုမရှံူးတော့ဘူးပေါ့။ မေးခွန်းအတွက် ကျေးဇူးပါနော်။ Thanks for asking.
.
. ခင်လျက်
.
. ကိုညီညီ ( တောင်ကြီး )
. 03-31-2017
No comments:
Post a Comment